ဇွန် ၃၊ ၂၀၁၃
Owise Citizen Ship ဖဘ စာမျက်နှာမှ ကူးယူ တင်ပြသည်။
ယနေ့ ၃.၆.၂၀၁၃နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရင်ကြန်းမြို့မှာ ဗမာမွတ်စလင်မ်လူငယ် များမှ ဦးဆောင်၍ တောင်ကုပ်တွင် မတရားသဖြင့်အကြမ်းဖက်အသက်ခံခဲ့ရသော ညီနောင်မွတ်စ လင်မ် (၁၀)ဦးအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ် အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အစီအစဉ်ကို ဇိုဟိုဆွလာသ်အပြီးမှာ စတင်ခဲတာဖြစ်ပြီး ကျမ်းမြတ်ကုရ်အာန်ရွတ်ဖက်ခြင်း၊ ဆုမွန်ဒိုအာတောင်ခြင်းနှင့် နေလည်စာကျွေးမွေးခြင်း၊ စတဲ့အစီစဉ်းတွေကို ဗမာမွတ်စလင်မ် လူငယ်မောင်မယ်များမှဦးဆောင်၍ လူဦးရေငါးဆယ်ကျော်တက်ရောက်ပါဝင်ခဲ့ပါသည်။
ယခုအစီအစဉ်ကို ကျင်းပပြုလုပ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကို မလေးရှားနိုင်ငံ ဗမာမွတ်စ လင်မ်လူငယ်များ ကွန်ရက်-တာဝန်ခံ တစ်ဦးဖြစ်သူ ကိုအောင်ကျော်မိုးမှ ဆက်သွယ်မေးမြန်း ထားပြီး ကိုစိုးမိုးအောင်မှ အခုလိုဖြေကြားထားပါတယ်။
ဒီနေ့ဟာအပြစ်မဲ့ မြန်မာမွတ်စလင်မ် ညီနောင်(၁၀)ဦးကို လူမဆန်စွာ အကြမ်းဖက်သက် ဖြတ်ခဲ့ တာဖြစ်တယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ အခုထိဘားမှ အရေးယူပေးခဲ့ တာမရှိသေဘူး၊ ဒီအပြင် ဆက်တိုက် ဆက်တိုက် မွတ်စလင်မ်တွေကို မြန်မာပြည်အတွင်းမှာ သက်ဖြက်နေကြတယ်။
နေအိမ်တွေကိုမီးရှို့နေကြတယ်၊ ဒါတွေကတော ဘယ်တော့မှပြီးဆုံးမယ်ဆိုတာ မသိသေးဘူး၊ ဒါကြောင့် ဒီနေ့ဟာ တောင်ကုပ်နှစ်ပတ်လည်နေ့လည်းဖြစ်တော့ ကျွန်တော်တို့ တရုတ်နိုင်ငံ ရောက် လူငယ်တစ်ချို့က အခုလိုငြိမ်းချမ်းစွာနဲ့ တောင်ဆိုမှုတစ်ခုကိုဖော်ထုတ်လိုက်တာဖြစ်တယ်။
နောက်တစ်ခုအနေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ ပြသနာမီးပွားတွေဟာ မြန်မာနိုင်ငံအတွင်းမှာ သာမက ပဲ တရုတ်ပြည်နှင့် မလေးရှား နောက်ဆို အင်ဒိုနီးရှားစတဲ့ နိုင်ငံတွေကိုတောင် ကူးစက်ပြန့်နှံသွား နိုင်ပါတယ်။
ဒါကြောင့် လက်ရှိမြန်မာအစိုးရ သမ္မတဦးသိန်းစိန်အနေဖြင့် မိမိရဲ့နိုင်ငံအပေါ်မှာ တန်းတူ ညီမျှစွာ နှင့် အေးချမ်း တည်ငြိမ်မှုကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ပါလို့တောင် ဆိုပါတယ်။
တောင်ကုပ်မွတ်စလင်မ် (၁၀)ကို သက်ဖြတ်မှုတွင် (၃၀၀)ကျော်ပါဝင်နေတာတောင် ယနေ့အထိ တရားခံတွေကို ဖမ်းဆီးအရေးယူပေးခြင်းမရှိသေးပါဘူး။ ဒီaအချက်ကိုလည်း အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ပေးပါလို့ ဒီနေ့ပြုလုပ်တဲ့ အစီအစီအရ တရုတ်နိုင်ငံ ဗမာမွတ်စလင်မ် လူငယ်များ ကွန်ရက်မှ လူငယ်များအနေဖြင့် တောင်းဆိုလိုက်ပါတယ်။

No comments:
Post a Comment