Sunday, June 2, 2013

ဟင်္သာတမြို့နယ် ၉၆၉ အဖွဲ့ဝင်များ တွေ့ဆုံပွဲ အခမ်းအနားပြုလုပ်

ဇွန် ၂၊ ၂၀၁၃
M-Media , ဇာဇာလှိုင်

ဟင်္သာတ ။ ။ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်တွင် ၉၆၉ အဖွဲ့ဝင်များ တွေ့ဆုံပွဲ အခမ်းအနားတစ်ခုကို ယနေ့ နေ့လည် ၂-နာရီမှ ၅-နာရီအထိ ဟင်္သာတမြို့ တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဟင်္သာတမြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး (၉၆၉) သံယာ့ကွန်ရက် နှင့် လူပုဂ္ဂိုလ်များ တွေ့ဆုံပွဲ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့၊ တာကလေးရပ်၊ မဟာဗန္ဓုလလမ်း ဦးအောင်မြတ်ကျော် တန်ဆောင်းတော်ကြီးမှာ ၂.၆.၂၀၁၃ နေ့ နေ့လည် (၂)နာရီ မှ ညနေ (၅)နာရီ ထိ အစီအစဉ် (၁၀)ခုဖြင့် ကျင်းပခဲ့ပြီး ဟင်္သာတမြို့ပေါ် သံယာတော်များ နှင့် လူ(၁၀၀၀)ခန့် တက်ရောက်ခဲ့ကြောင်း လည်းသိရသည်။

ယင်းတွေ့ဆုံပွဲတွင် မွတ်စလင်မ်များအား လုံးဝ မျက်နှာသာ မပေးရေး၊ မွတ်စလင်မ်များ မြေယာ မပိုင်ဆိုင်ရရေး၊ မွတ်စလင်မ်ပိုင်ဆိုင်များတွင် အားမပေးရ၊ မရောင်းစေရေး တို့ကို ၉၆၉ ဘုန်းကြီးများက အဓိက အလေးပေးဟောကြားခဲ့တာကြောင့် ၉၆၉ မှ အကြမ်းဖက်မှုများ ပြုလုပ် လာမည်ကို မွတ်စလင်မ်များ အနေနှင့် စိုးရိမ်ထိတ်လန့်နေကြကြောင်း ဟင်္သာတမြို့ခံတစ်ဦး၏ ပြောပြချက်အရ သိရသည်

No comments:

Post a Comment