HANTHAWADI (ဟံသာဝတီ)
HOME
Burmese Version
သမိုင်း/ဆောင်းပါး
ကျန်းမာရေး
စာအုပ် စာပေ လူ့မိတ်ဆွေ
အထွေထွေ
English Version
သတင်း
ပြည်တွင်းသတင်း
နိုင်ငံတကာသတင်း
ရိုဟင်ဂျာသတင်း
အထောက်အထား
ထုတ်ပြန်ချက်
အင်တာဗျူး
သတင်းစာရှင်းလင်းပွဲ
သုတရသ
ဗဟုသုတ
ရသ-စာပေ
အထွေထွေ
ဗဟုသုတ
သမိုင်း
မြန်မာ့သမိုင်း
ကမ္ဘာ့သမိုင်း
ရိုဟင်ဂျာသမိုင်း
မြန်မာမူဆလင်သမိုင်း
ဆောင်းပါး
သတင်းဆောင်းပါး
နိုင်ငံရေးဆောင်းပါး
အထွေထွေ
LINK5 ITEM 1
LINK5 ITEM 2
LINK5 ITEM 3
LINK5 ITEM 4
LINK5 ITEM 5
News
Local News
World News
Arakan News
Breaking News
History
LINK7 ITEM 2.1
LINK7 ITEM 2.2
LINK7 ITEM 2.3
LINK7 ITEM 2.4
Articles
LINK7 ITEM 3.1
LINK7 ITEM 3.2
LINK7 ITEM 3.3
Documents
LINK7 ITEM 4.1
LINK7 ITEM 4.2
LINK7 ITEM 4.3
General
Tuesday, May 21, 2013
အစိုးရနှင့် ကေအိုင်အိုဆွေးနွေးပွဲ ကုလအထူးကိုယ်စားလှယ် နမ်ဘီးယား တက်မည်
ရန်ကုန်၊ မေ- ၂၀
မြစ်ကြီးနားမြို့တွင်ပြုလုပ်မည့် ကချင်လွတ်မြောက်
ရေး အဖွဲ့ (KIO)နှင့် မြန်မာအစိုးရတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အထူးအကြံပေး မစ္စတာ နမ်ဘီးယားတက်ရောက် မည်ဖြစ်ကြောင်း
သတင်းရရှိသည်။
“ ပထမ မေ ၂၂ရက်မှာ ဆွေးနွေးပွဲလုပ်ဖို့ ပြင်ထားပေမယ့်သူ(နမ်ဘီးယား) မအားလို့ ဆိုတာနဲ့ သူအားတဲ့ ၂၈
ရက်ကိုပြောင်းလုပ်ရတာ”ဟု ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွန်ဂျာကပြောသည်။
ကုလသမဂ္ဂအနေနှင့် ပထမဆုံးတက်ရောက်မည့် ဆွေးနွေးပွဲတွင် ထူးခြားမှုရှိမည်ဟု မျှော်လင့်ထားကြပြီး
ထိုဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရရှိနိုင်ကြောင်းလည်း ပြည်ထောင်စုငြိမ်းချမ်းရေး
လုပ်ငန်းကော်မတီဒုဥက္ကဋ္ဌ ၀န်ကြီးဦးအောင်မင်းက မေ ၁၉ ရက်တွင် ပြောကြားသည်။
“ဒီဆွေးနွေးပွဲက အောင်မြင်မှာဖြစ်တယ်။ အဲဒီဆွေးနွေးပွဲပြီးရင် အလုံးစုံအပစ်အခတ် ရပ်စဲရေးကြီး ဖြစ်လာလိမ့်မယ်”ဟုဝန်ကြီးက 7Day Daily ကိုပြောကြားခဲ့သည်။
“အပစ်အခတ်ရပ်စဲရေးဖြစ်ဖို့ဆိုတာ မြန်မာအစိုးရအပေါ်မှာပဲ မူတည်ပါတယ်”ဟု စစ်ရေးနိုင်ငံရေး စောင့်ကြည့်လေ့လာ သူဦးအောင်ကျော်ဇောကပြောသည်။မြစ်ကြီးနားမြို့တွင်ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပြည်တွင်းပြည်ပမှလေ့လာသူဖိတ်ကြားရေးအား KIO အဖွဲ့က စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှတာဝန်ရှိသူတစ်ဦးကပြောသည်။
ယခုကျင်းပမည့် ဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရနိုင်သည်ဟုလည်း ဦးလမိုင်ဂွန်ဂျာ
ကပြောကြားသည်။
“ရွှေလီဆွေးနွေးပွဲပြီးကတည်းက အရင်ကထက်စာရင် တိုက်ပွဲတွေက ပြောပလောက်အောင် မဖြစ်တော့ဘူး” ဟုဦးလမိုင်ဂွန်ဂျာက ပြောသည်။ မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ကုလသမဂ္ဂ၏မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တားနားကို သက်သေအဖြစ် တက်ရောက်ပေးရန်ကချင်ဒေသခံများက ဖေဖော်ဝါရီလ အတွင်းကတောင်းဆိုခဲ့ကြသည်။
“သူတို့ (KIO) ယုံကြည်တဲ့အဖွဲ့ အစည်း သို့မဟုတ် လူတစ်ယောက်ရဲ့ ရှေ့မှာပြောကြတာဟာ ယုံကြည်မှု
ဖြစ်စေတယ်။ စိတ်ချလက်ချဖြစ်တာပေါ့။ ဒါကြောင့်ယူအင်န်ပါလာတဲ့ကိစ္စက အရေးပါတယ်” ဟု ပဋိပက္ခဖြေရှင်းရေးကျွမ်းကျင်သူ ဦးတင်မောင်သန်းကပြောကြားသည်။
ရွှေလီမြို့တွင် ပြုလုပ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တရုတ်နိုင်ငံမှ ကိုယ်စားလှယ်များ၊ ညီညွတ်
သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC), RCSS/SSAနှင့် ကရင်အမျိုးသားအစည်းအရုံး
မှ ခေါင်းဆောင်များလေ့လာသူအဖြစ်တက်ရောက်ခဲ့ကြသည်။
မြစ်ကြီးနားမြို့တွင်ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်မူ တရုတ်အစိုးရကိုယ်စားလှယ်တက်ရောက်ရန်
အစီအစဉ်ရှိသော်လည်း မသေချာသေးကြောင်း ဦးလမိုင်ဂွန် ဂျာကဆိုသည်။
ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂိုလ်မစ္စတာနမ်ဘီယားသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ သွားရောက်ခဲ့ပြီး ဒုက္ခသည်စခန်းများကို သွားရောက်ကြည့်ရှုခဲ့သည်။
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment