Wednesday, May 22, 2013

ပုဒ်မ ၁၄၄ သက်တမ်းတိုးရန်အဆိုအပေါ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးတင်ပြချက်

(ပြည်ထောင်စုလွှတ်တော်၊၂၁၊၅၊၁၃)

ဥပဒေကဲ့သို့တည်သော နိုင်ငံတော်သမတ၏ အမိန့် ၁/၂၀၁၃ နဲ့ပတ်သက်လို့ တရားဥပဒေ ရှု့တောင့်နဲ့ ဒီမိုကရေစီအဆောက်အအုံများခိုင်မာရှင်သန်ရေး ရှု့တောင့်တို့ကနေ ဆွေးနွးတင်ပြချင်ပါတယ်။

ကျမတို့ တရား ဥပဒေ ဆိုးမိုးရေးကို နစ်သက်တဲ့လူများအတွက် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်များဆိုတာအင်မတန်မှ သတိကြီးစွာနဲ့ချဉ်းကပ်ရမယ့်အရာဖြစ်ပါတယ်။

တရားဥပဒေနဲ့ အမိန့်ကြား ကွာခြားမှု့ဟာ ကြီးလွန်းတာကြောင့်မို့လို့ ဆန့်ကျင်ဘက်လို့တောင်ပြော နိုင်ပါတယ်။ တရားဥပဒေဆိုတာ အများပြည်သူကနေပြီးတော့ တရားတယ် လိုအပ်တယ်လို့ လက်ခံထားတဲ့ စည်းမျဉ်းစည်ကမ်းသက်မှတ်ချက်ဖြစ်ပါတယ်။

အမိန့်ဆိုတာဟာတော့ အာဏာရှိသူများက အထက်ကနေပြီးတော့ ပြည်သူလူထုရဲ့ ဆန္ဒ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေချမှတ် သက်မှတ်တဲ့ စည်းမျဉ်းသက်မှတ်ချက်ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ကျမတို့ဟာ ဥပဒေကဲ့သို့အာဏာတည်စေသော အမိန့်များနဲ့ပတ်သက်လို့ သတိကြီးကြီး နဲ့ဆောင်ရွက်စေ ချင်ပါတယ်။အထူးသဖြင့် ဒီအချိန်မှာ ကျမတို့နိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ သွားနေပြီးဆိုပြီးတော့ တကမ်ဗာလုံးကို အတွင်တွင် ကြေငြာနေတဲ့အချိန်ဖြစ်တာကြောင့်မို့လို့ ဒီမိုကရေစီလုပ်ထုံးလုပ်နည်းတွေနဲ့ မကိုက်ညီတဲ့ ကိတ်စမှန်သမျှကို ကျမတို့ရှောင်နိုင် သလောက် ရှောင်ရမှာဖြစ်ပါတယ်။

အခု ၁/၂၀၁၃ နဲ့ အရကြေငြာထားတဲ့ အရေးပေါ်အခြေအနေဟာ လိုအပ်လား မလိုအပ်ဘူးလားလို့ ကျမတို့စဉ်းစားရမှာဖြစ်ပါတယ်။ဒီ့အပြင် အရေးပေါ်အခြေအနေကို ပြဌာန်းပိုင်ခွင့်ပြထားတာ သက်မှတ်ပုံတွေဟာ လိုအပ်သလား မလိုအပ်ဘူးလား သင့်တော်သလားမသင့်တော်ဘူးလားဆိုတာလည်း ကျမတို့သုံးသပ်ရမှာဖြစ်ပါတယ်။ မိတ်ထီလာမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေဟာဆိုလို့ရှိရင် အုပ်ချုပ်ရေးပိုင်ဆိုင်ရာက တည်ဆဲဥပဒေများအရ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေကို အပြည့်အ၀ လုပ်ခဲ့ရဲ့လားဆိုတာ ကျမတို့စဉ်းစားရပါမယ်။

အုပ်ချုပ်ရေးပိုင်ဆိုင်ရာက မိမိတို့ရှိတဲ့ လုပ်ပိုင်ခွင့်များနဲ့တည်ဆဲဥပဒေများအရအခြေအနေတခုကို ပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်ဖို့အစွမ်းကုန်ကြိုးစားပြီးမဖြစ်မြောက်မှသာလျင် အရေးပေါ်အခြေအနေ ဥပဒေကို စဉ်းစားရ မှာဖြစ်ပါတယ်။ကျမတို့အခုဒီလိုလုပ်ခဲ့ရဲ့လားဆိုတာ စဉ်းစားဖို့လိုပါတယ်။

ဒီမှာပွင့်လင်းမြင်သာမှုနည်းနေတာကြောင့်မို့ကျမတို့ဒီကိစ္စကိုသုံးသပ်ဖို့ရာခက်နေပါတယ်။အုပ်ချုပ်ရေးပိုင် ဆိုင်ရာက တကယ်ပဲ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်နိုင်တဲ့ကိစ္စတွေကိုအားလုံးလုပ်ခဲ့ရဲ့လားဆိုတာကိုကျမတို့ မသုံးသပ်နိုင်တဲ့အခြေအနေမှာရှိနေပါတယ်။နောက်ပြီးတော့ ဒီအရေးပေါ်အခြေအနေကို ကြေငြာတဲ့အခါမှာမူလအခြေအနေကိုအမြန်ဆုံးပြန်ရောက်
သွားဖို့ဆိုတဲ့သဘောတရားလည်းပါပါတယ်။ အဲ့ဒါကိုလည်း ကျမတို့မမေ့သင့်ပါဘူး။

ဒီတော့ မူလအခြေအနေကို အမြန်ဆုံးပြန်ရောက်သွားဖို့ ဘာတွေစွမ်းဆောင်နေလဲဆိုတာကိုလည်း အများပြည်သူကနေသိဖို့လိုပါတယ်။ဒီဟာကိုလည်း အုပ်ချုပ်ရေးပိုင်ဆိုင်ရာက ထိထိရောက်ရောက် စွမ်းဆောင်နိုင်ဖို့လိုနေတယ်လို့ ကျမတို့ထင်ပါတယ်။အရေးပေါ်အခြေအနေကြေငြာပုံကြေငြာနည်း ဒီလို ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ထုတ်ပြန်ပုံနဲ့ ပတ်သက်လို့ဆိုလို့ရှိရင် လွယ်ကူလွန်းတယ်လို့ ကျမတို့ထင်မိပါတယ်။

ဒီလိုအမိန့်အာဏာများသုံးဖို့ ဒီလို့အရေးပေါ်အခြေအနေများကြေငြာဖို့ဆိုလို့ရှိရင် အင်မတန်မှတင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းများချမှတ်ထားဖို့လိုပါတယ်။အခုဖွဲ့စည်းပုံဥပဒေထဲမှာ

ပေးထားတဲ့လုပ်ပိုင်ခွင့်ဟာ ကျဉ်းမြောင်းသင့်သလောက် မကျဉ်းမြောင်ဘူးပြတ်သားသင့်သလောက် မပြတ်သားဘူးလို့ ကျမထင်ပါတယ်။ပြည်သူ့အိုးအိမ်ကိုထိခိုက်စေမှု့ဆိုတာ အင်မတန်မှကျယ်ပြန့်တယ်လို့ အဓိပယ်ဖော်လို့ရပါတယ်။

တကယ်ဆိုရင် ဒါထက်ပိုပြီးတော့ ဒါထက်ပိုပြီးကျဉ်းမြောင်းတဲ့အကြောင်းအရာတွေနဲ့သာ အရေးပေါ် အခြေအနေကိုထုတ်ပြန်သင့်တယ်လို့ကျမတော့ ယူဆမိပါတယ်။နောက်ပြီးတော့ ဒီလိုအမိန့်မထုတ်ခင်မှာ ဆိုလို့ရှိရင် ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့တို့ ညှိနှိုင်းရမယ်ဆိုပေမယ့်လည်းအရှေ့က ကိုယ်စားလှယ်တွေပြော သွားတဲ့အတိုင်းပဲ နိုင်ငံတော်သမတ ဟာ ကာကွယ်ရေးဦးစီးချုပ် ဒုကာကွယ်ရေးဦးစီးချုပ်ပြည်ထဲရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့နဲ့ တိုင်ပင်ပြီးတော့ လုပ်နိုင်တဲ့ခြေအနေရှိပါတယ်။

အမြန်ဆုံးကာလအတွင်းမှာ တခြားအဖွဲ့ဝင်တွေနဲ့ အတည်ပြုချက်ယူရမယ်ဆိုတာ ပါပေမယ့်လည်း သုံးသပ်လိုက်လို့ဆိုလို့ရှိရင် ဒီလိုဥပဒေကဲ့သိုအာဏာတည်သောအမိန့်တခုမထုတ်ခင် မှာ ပြည်သူများ ကတိုက်ရိုက်တာဝန်ပေးထားတဲ့ ပုဂ်ဂိုတဦးတယောက်မှမပါဝင်တဲ့အဖွဲ့ကနေပြီးတော့မှ ဆုံးဖြတ်ပိုင်ခွင့်ရှိ တယ် ဆိုတာ မှန်ရဲ့လားလို့ ကျမတို့ပြန်ပြီးတော့ စဉ်းစားရမှာဖြစ်ပါတယ်။

နောက်ပြီးတော့လည်း ဆက်ပြီးတော့လုပ်တဲ့အခါမှာ ဘယ်လောက်အထိ ဘာကြောင့်လိုအပ် သလဲဆိုတာကို အုပ်ချုပ်ရေးဆိုင်ရာရဲ့စွမ်းဆောင်မှု့များပေါ်အခြေခံပြီးတော့ရှင်းရမှာပါ။ အရင်တုန်းက အဖြစ်အပျက်တွေပေါ်မှာအခြေခံပြီးတော့ ရှင်းရမှာမဟုတ်ပါဘူး။အခုပြီးတဲ့တဲ့ရက်ပေါင်း ၆၀ ကျော် အတွင်းက အုပ်ချုပ်ရေးဆိုင်ရာကဘာလုပ်ခဲ့သလဲ ဘယ်လိုစွမ်းဆောင်ခဲ့သလဲ ဒီလိုစွမ်းဆောင်မှု့များဟာ ဘယ်လိုမအောင်မြင်လို့ ဆက်ပြီးတော့ ဒီအရေးပေါ်အခြေအနေကို ကြေညာသင့်သလဲဆိုတာ အများနားလည်အောင်လက်ခံနိုင်အောင်လို့ ရှင်းပြဖို့လိုပါတယ်။

တကယ်တော့ အရေးပေါ်အခြေအနေကိုဆက်ပြီးတော့ထားချင်တယ်ဆိုတဲ့အဓိတ်ပယ်ဟာ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာဟာမိမိတို့ကိုယ်တိုင်အခြေအနေကို မထိန်းသိမ်းနိုင်လို့ဆိုတဲ့ အဓိတ်ပါယ်ရောက်ပါတယ်။

ဘာကြောင့်အခြေအနေကိုမထိန်းသိမ်းနိုင်လဲဆိုတာပြည်သူများမှာ သိပိုင်ခွင့်ရှိပါတယ်။ ကျမတို့ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာဆိုလို့ရှိရင် ကန့်သက်ချက်များဟာ အင်မတန်မှနည်းတယ်လို့ကျမစောစော ကပြောသွားပါတယ်။ အရေးပေါ်အခြေအနေမှာ ကြေငြာတဲ့အချိန်မှာ ကြေငြာတဲ့ကာလမှာ တရားစီရင်ရေး မဏ္ဍိုင်ဟာလုံးဝမပါပါဘူး။ဒါဟာလည်း အင်မတန်မှစိတ်ပူစရာ စိုးရိမ်စရာ တခုဖြစ်ပါတယ်။

အုပ်ချုပ်ရေးမဏ္ဍိုင် ကလုပ်ပိုင်ခွင့်တွေကိုတရားစီရင်ရေးမဏ္ဍိုင် က မထိန်းချုပ်ထားဘူးဆိုလိှု့ရှိရင် အရေးပေါ်အခြေအနေအတွင်းမှာ မဖြစ်သင့်မဖြစ်ထိုက်တဲ့ကိစ္စတွေဖြစ်နိုင်တဲ့ အခြေအနေတွေေ ပ်ါပေါက်နိုင် ပါတယ်။ ဒါကြောင့် ကျမတို့ဟာ ဒီမိုကရေစီရဲ့ မဏ္ဍိုင် ကြီး ၃ ခုကိုယုံကြည်တယ်ဆိုလို့ရှိရင် ဒီလိုအရေးပေါ်အခြေအနေမျိုးမှာ တရားစီရင်ရေးမဏ္ဍိုင် နဲ့ ဥပဒေပြုရေးမဏ္ဍိုင် တို့ရဲ့ အခန်း ကဏ္ဋတွေကို မြင့်တင်ဖို့လိုမယ်လို့ကျမထင်ပါတယ်။

ကျမခြုံငုံပြီးတော့ပြောရမယ်ဆိုလို့ရှိရင် အခုအရေးပေါ်အခြေအနေကြေငြာထားတဲ့အချိန်အတွင်းမှာ အုပ်ချုပ်ရေးမဏ္ဍိုင် ကဘယ်လောက်တာဝန်ယူမှု့နဲ့ ပွင့်လင်းမြင်သာမှု့ကို ကျင့်သုံးခဲ့သလဲ ဒီလိုကျင့်သုံးတဲ့နေရာမှာ ပြည်သူလူထုတွေကနေ လက်ခံနိုင်အောင်လို့ကျင့်သုံးခဲ့သလားဆိုတာ ကျမတို့စဉ်းစားရပါမယ်။နောက်ပြီးတော့ ဒီအုပ်ချုပ်ရေးမဏ္ဍိုင် ဟာ ရပ်ရွာအေးချမ်းသာယာရေး အတွက်ခိုင်ခိုင်မာမာနဲ့စွမ်းဆောင်ဖို့လိုပါတယ်။

ဒီလိုခိုင်ခိုင်မာမာနဲ့စွမ်းဆောင်သွားမယ်ဆိုရင် အရေးပေါ်အခြေအနေဟာ ဆက်လက်ပြီးတော့ကြေငြာ ဖို့မလိုဘူးလို့ထင်ပါတယ်။နောက်ပြီးတော့လည်း ကျမတို့အခြေခံဥပဒေထဲမှာ အရေးပေါ်အခြေအနေနဲ့ ပတ်သက်လို့ပြဌာန်းချက်များကိုတကယ်ပဲ ဒီမိုကရေစီနိုင်ငံတခုအတွက်သင့်တော်တဲ့ပြဌာန်းချက်များ ဟုတ်မဟုတ်ကို အမြန်ဆုံးလေ့လာပြီတော့ ပြုပြင်ပြောင်းလဲသင့်သည်များကိုအမြန် ဆုံးပြုပြင်ပြောင်းလဲ သင့်ပါကြောင်း လေးစားစွာတင်ပြအပ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment