ပင်လောင်းမြို့တွင် လင်မယားချင်း ရန်ဖြစ်ပြီး သေဆုံးသည့် ကိစ္စ ဒေသခံ မွတ်စလင်များအပေါ်ရိုက်ခတ်
မေ-၃-၂၀၁၃
M-Media
ကျောက်ခဲ
ဒီနေ့  သောကြာနေ့ မှာ ရှမ်းပြည်နယ်တောင်ပိုင်း
ပင်လောင်းမြို့ နယ်အတွင်းမှာ ပအိုဝ့် တိုင်းရင်းသား လင်မယားနှစ်ဦး
အချင်းချင်းရန်ဖြစ်ပြီး သေဆုံးမှုဖြစ်ပေါ်ခဲ့ပါတယ်။ ယင်းသို့ သေဆုံးမှုအပေါ် အချို့ မွတ်စလင်
မုန်းတီးရေးပြုလုပ်သူများက မွတ်စလင်များ၏ လက်ချက်သဖွယ် ပြောဆိုခဲ့ခြင်းကြောင့်
ပင်လောင်းမြို့ မှာ ဒီနေ့ လူထုကြားမှာ အနည်းငယ်တင်းမာမှုဖြစ်ပွားခဲ့ပါတယ်။ ဒီနေ့  သောကြာနေ့  ၀တ်ပြုမှုကိုပင်
ဗလီမှာမပြုလုပ်နိုင်သေးပဲ ပြဿနာများ ဇစ်မြစ်ကိုရှာဖွေစုံစမ်းခဲ့ကျပါတယ်။
ဝတ်ပြုချိန်နီးကပ်လာသော အချိန်ခါကျမှသာလျှင်
ရွာသားအချို့ သက်သေထွက်ဆိုပေးလို့ ဝတ်ပြုမှုကိုခွင့်ပြုပေး ခဲ့ကြတယ် လို
့သိရပါတယ်။ အခင်းဖြစ်ပွားရာ ခြံဘေးကပ်လျက်မှမျက်မြင် သက်သေများက ရဲစခန်းမှာ
အစစ်ခံပေးတာလို့ ဆိုပါတယ်။ လက်ရှိအခြေအနေမှာ လုံခြုံရေးများ ချထားပေးပြီး
ပအိုဝ့်အဖွဲ့ လူကြီး တစ်ယောက်က တာဝန်ခံကာ ယင်းကိစ္စကို မှုခင်း ဖွင့်ထားပေးတယ်လို
့သိရပါတယ်။
"ဒီကိစ္စကဗျာ... လင်မယားချင်း အချင်းများပြီး
မိန်းမဖြစ်သူက လည်ပင်းဓါးဒဏ်ရာနဲ့ သေဆုံးနေတာ နောက်ပြီး လင်ယောင်္ကျားဖြစ်သူကလည်း
မိမိကိုယ်ကိုယ်ကြိုးဆွဲချသွားတာပါ။ ကျွန်တော်ကတော့ အဲဒီလိုသိရတယ်" လို
့အောင်ပန်းက ပုဂ္ဂိုလ်တစ်ဦးက M Media ကို့ပြောပြပါတယ်။
" ဒီလို ထင်ယောင်ထင်မှားနဲ့  ပြည်သူလူထုကြား
အမုန်းတရားကြီးထွားပြီးပြဿနာတွေဖြစ်အောင်လုပ်တာက ၉၆၉လေဗျာ။ အောင်ပန်း၊
ပင်လောင်းတစ်ဝိုက်မှာ တရားပွဲတွေလုပ် ၉၆၉ အခွေတွေရောင်း၊ ရိုးသားတဲ့
တိုင်းရင်းသားတွေကို နှစ်ပေါင်းများစွာ အတူနေလာခဲ့တဲ့ မွတ်စလင်တွေနဲ
့အမုန်းစိတ်ဝင်အောင် သွေးခွဲ ဖျက်ဆီး သွားတာတွေပေါ့ဗျာ" လို
့လည်းပြောကြားသွားပါတယ်။
အဆိုပါသတင်းနှင့် ပတ်သက်ပြီး အင်တာနက်လူမှု့ရေး
ကွန်ရက် စာမျက်နှာများတွင် သွေးထိုးလှုံဆော် ရေး သားမှုများ ဖြစ်ပေါ်ခဲ့ပြီး
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေရဲ့ FaceBook
လူမှုရေးကွန်ရက် စာမျက်နှာတွင်လည်း မွတ်စလင်မ်များမှ သတ်ဖြတ်ခဲ့သည့်
ပုံစံရောက်စေမည့် လှုံဆော်ရေးသားမှုများ ပြုလုပ်ခဲ့ပြိး ယခုအခါ အဆိုပါရေးသားချက်ကို
ပြန်လည် ဖျက်သိမ်းသွားကြောင်း တွေ့ရှိရပါသည်။
ဦးနေမျိုးဝေမှာ နိုင်ငံရေးပါတီများ လိုက်နာရမည့်
စည်းကမ်းများဖြစ်သည့် ပုဒ်မ ၆(ဃ) လူမျိုးရေး (သို့) ဘာသာရေး(သို့) လူတစ်ဦးချင်း
(သို့) လူအများနှင့် ပတ်သက်၍ ပဋိပက္ခ ဖြစ်စေနိုင်သည့် သိက္ခာနှင့် ကိုယ်ကျင့်တရားကို
ထိခိုက်စေနိုင်သည့်ေ၇းသားမှု့ ဟောပြောမှု့ (သို့) စည်းရုံးမှု့မပြုလုပ်ရ (င)
ဘာသာေ၇းကို နိုင်ငံေ၇းအတွက် အလွဲသုံးစားမပြုလုပ်ရ .. အဆိုပါအချက်များကို
ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး အခြေခံဥပဒေမှာ တရားဝင် အသိအမှတ်ပြူထားသော
အစ္စလာမ်သာသနာနှင့် အစ္စလာမ် ဘာသာဝင်များ အပေါ် စော်ကားရိုင်းစိုင်းမှုများနှင့်
ဘာသာရေး အဓိကရုဏ်းများ ဖြစ်စေနိုင်သည့် လှုံ့ဆော်မှုများ ရေးသားလက်ရှိပေသည်။ အဆိုပါ
လုပ်ဆောင်ချက်နှင့် ပတ်သက်ပြီး ရွေးကောက် ပွဲကော်မရှင်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မည်သည့် အရေးယူ ဆောင်ရွက်မှု့မျှ ပြုလုပ်ခြင်း
အလျဉ်းမရှိသေးသည်ကို တွေ့ရှိရပါသည်။
No comments:
Post a Comment