မေလ ၃၊ ၂၀၁၃
M-Media
သတင်း - ဆူးထက်
သန်လျှင်မြို့။` ။ ရန်ကုန်တိုင်း၊ သန်လျင်မြို့တွင် အကြမ်းဖက်ဖျက်ဆီးမှုများ စတင်ဖြစ်ပေါ်နေပြီဟူသော သတင်းများ ယနေ့တစ်နေကုန် အင်တာနက်စာမျက်နှာများနှင့် ရန်ကုန်မြို့တွင်းတစ်ဝိုက်တွင် ထွက်ပေါ်နေပါသည်။ ထိုသတင်းအား သန်လျင်မြို့သို့ ဆက်သွယ်စုံစမ်းခဲ့ရာ သန်လျင်မှာ ယခုအချိန်ထိ အကြမ်းဖက်မှု တစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိသေးသော်လည်း လူစုလူဝေးပြုလုပ်နေမှုများရှိနေသ ည်။
မြို့မ မြောက်ရပ်ကွက် ၊ ဟံသာဝတီလမ်း ရှိ ကျူလီယာဗလီ အား မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ စာရေးတစ်ယောက် ရောက်လာကာ ဗလီဂေါပက အား ဗလီမှာ ဘယ်သူတွေ အိပ်လဲ၊ လူဘယ်နှစ်ယောက်အိပ်လဲလို့မေးကာ ဗလီမှာ လူမအိပ်ပါနဲ့ ဟု သတိပေး စကားပြောကြားခဲ့ကြောင်း မြို့ခံတစ်ဦး၏ ပြောကြားချက်အရ သတင်းရရှိသည်။
ယင်းကဲ့သို့သတင်းများ ထွက်ပေါ်လာရခြင်းမှာ သန်လျင်မြို့တွင် မေလ ၁-ရက်နေ့မှ မေလ ၆-ရက်နေ့အထိ ပြုလုပ်မည့် တရားပွဲရှိနေသောကြောင့် ထွက်ပေါ်လာခြင်းဖြစ်ကြောင်းသိရသည်။
၉၆၉ တရားပွဲမှာ မေလ ၁-ရက်နေ့မှ ၆-ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပြီး မေလ ၅-ရက်နေ့တွင် ဦးပညာဝရနှင့် မေလ ၆-ရက်နေ့တွင် ဦးဝီရသူမှ ဟောကြားမည်ဖြစ်သည့်အတွက် သန်လျင်မြို့ခံများမှ အလွန်အမင်း စိုးရိမ်နေရာမှ ယင်းကဲ့သို့ သတင်းများထွက်ပေါ်လာခြင်းဖြစ်သည် ။
ယမန်နေ့က ဟောကြား ခဲ့သော ဆရာတော်သည်လည်း ဘာသာခြားမုန်းတီးရေးကို
ထည့်သွင်းလှုံ့ဆော် ဟောကြားခဲ့ပြီးနောက်ပိုင်း အချိန်မှစ၍
အကြမ်းဖက်မည့်လူစုသည် နေရာတချို့တွင် လူစုနေကြပြီဖြစ်ကြောင်း
သတင်းများဖြစ်ပေါ် လာသည်။
အဆိုပါ သန်လျှင်မြို့တွင် လွန်ခဲ့သည့် တစ်ပတ်ခန့်က ကားနှစ်စီးဖြင့် မိုက်နဲ့အော်ကာ အစ္စလာမ့်မုန်းတီးရေး စာရွက်၊ စာတမ်းများ၊ တရားခွေများ လိုက်လံဝေဌ ခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ညပိုင်းကလည်း အောင်ချမ်းသာရပ်ကွက်နှင့် သန်လျင် မင်းကျောင်းရှေ့တွင် လူစုလူဝေးပြုလုပ်ခဲ့ပြီး ကုလားများ၏ဆိုင်များ၏ ဖျက်ဆီးမည်ဟု ပြောဆိုနေကြကြောင်းနှင့် မကြာခင် ရဲများရောက်ရှိပြီးနောက်တွင် လူစုကွဲသွားသည်ဟု သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သပ်၍ သန်လျှင်မြို့နေ ဒေသခံတစ်ဦးနှင့် M-Media မှ ဆက်သွယ်မေးမြန်းရာတွင် -“ ဒီမှာ ၉၆၉ တရားပွဲတွေ ကျင်းပတာ ဒီနေ့နဲ့ဆို သုံးည ရှိပါပြီ၊ ဒီနေ့ည ၉၆၉က အကြမ်းဖက် သမားတွေက ဒီည ၀င်မယ် ဆိုပြီး ကောလဟလတွေ ဖြန့်ထားပါတယ်၊ တချို့ မွတ်စလင်တွေ အိမ်မှာ ယောက်ကျာင်္းသား မရှိတဲ့ အိမ်က ရန်ကုန်ထဲက ဆွေမျိုးသားချင်း အိမ်တွေကို ပြောင်းနေကြရတယ်၊ ဒီလို အသံတွေ ကြားနေရတော့ သက်ကြီးရွယ်အိုတွေ၊ နာမကျန်းမာ ဖြစ်နေတဲ့ သူတွေမှာ စိတ်သောက ရောက်နေရတယ်၊ အားလုံး အထိတ်အလန့် ဖြစ်နေရတယ် ” ဟု M-Media သို့ပြောသည်။
ယနေ့ညပိုင်း ၇း၃၀ နာရီအချိန်တိုင် သန်လျင်မြို့တွင် အကြမ်းဖက်မှု တစ်စုံတစ်ရာဖြစ်ပွားမှု မပေါ်ပေါက်သေးကြောင်း သိရသည်
http://www.m-mediagroup.com/ news/13229
M-Media
သတင်း - ဆူးထက်
သန်လျှင်မြို့။` ။ ရန်ကုန်တိုင်း၊ သန်လျင်မြို့တွင် အကြမ်းဖက်ဖျက်ဆီးမှုများ စတင်ဖြစ်ပေါ်နေပြီဟူသော သတင်းများ ယနေ့တစ်နေကုန် အင်တာနက်စာမျက်နှာများနှင့် ရန်ကုန်မြို့တွင်းတစ်ဝိုက်တွင် ထွက်ပေါ်နေပါသည်။ ထိုသတင်းအား သန်လျင်မြို့သို့ ဆက်သွယ်စုံစမ်းခဲ့ရာ သန်လျင်မှာ ယခုအချိန်ထိ အကြမ်းဖက်မှု တစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိသေးသော်လည်း လူစုလူဝေးပြုလုပ်နေမှုများရှိနေသ
မြို့မ မြောက်ရပ်ကွက် ၊ ဟံသာဝတီလမ်း ရှိ ကျူလီယာဗလီ အား မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ စာရေးတစ်ယောက် ရောက်လာကာ ဗလီဂေါပက အား ဗလီမှာ ဘယ်သူတွေ အိပ်လဲ၊ လူဘယ်နှစ်ယောက်အိပ်လဲလို့မေးကာ ဗလီမှာ လူမအိပ်ပါနဲ့ ဟု သတိပေး စကားပြောကြားခဲ့ကြောင်း မြို့ခံတစ်ဦး၏ ပြောကြားချက်အရ သတင်းရရှိသည်။
ယင်းကဲ့သို့သတင်းများ ထွက်ပေါ်လာရခြင်းမှာ သန်လျင်မြို့တွင် မေလ ၁-ရက်နေ့မှ မေလ ၆-ရက်နေ့အထိ ပြုလုပ်မည့် တရားပွဲရှိနေသောကြောင့် ထွက်ပေါ်လာခြင်းဖြစ်ကြောင်းသိရသည
၉၆၉ တရားပွဲမှာ မေလ ၁-ရက်နေ့မှ ၆-ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပြီး မေလ ၅-ရက်နေ့တွင် ဦးပညာဝရနှင့် မေလ ၆-ရက်နေ့တွင် ဦးဝီရသူမှ ဟောကြားမည်ဖြစ်သည့်အတွက် သန်လျင်မြို့ခံများမှ အလွန်အမင်း စိုးရိမ်နေရာမှ ယင်းကဲ့သို့ သတင်းများထွက်ပေါ်လာခြင်းဖြစ်သည်
အဆိုပါ သန်လျှင်မြို့တွင် လွန်ခဲ့သည့် တစ်ပတ်ခန့်က ကားနှစ်စီးဖြင့် မိုက်နဲ့အော်ကာ အစ္စလာမ့်မုန်းတီးရေး စာရွက်၊ စာတမ်းများ၊ တရားခွေများ လိုက်လံဝေဌ ခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ညပိုင်းကလည်း အောင်ချမ်းသာရပ်ကွက်နှင့် သန်လျင် မင်းကျောင်းရှေ့တွင် လူစုလူဝေးပြုလုပ်ခဲ့ပြီး ကုလားများ၏ဆိုင်များ၏ ဖျက်ဆီးမည်ဟု ပြောဆိုနေကြကြောင်းနှင့် မကြာခင် ရဲများရောက်ရှိပြီးနောက်တွင် လူစုကွဲသွားသည်ဟု သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သပ်၍ သန်လျှင်မြို့နေ ဒေသခံတစ်ဦးနှင့် M-Media မှ ဆက်သွယ်မေးမြန်းရာတွင် -“ ဒီမှာ ၉၆၉ တရားပွဲတွေ ကျင်းပတာ ဒီနေ့နဲ့ဆို သုံးည ရှိပါပြီ၊ ဒီနေ့ည ၉၆၉က အကြမ်းဖက် သမားတွေက ဒီည ၀င်မယ် ဆိုပြီး ကောလဟလတွေ ဖြန့်ထားပါတယ်၊ တချို့ မွတ်စလင်တွေ အိမ်မှာ ယောက်ကျာင်္းသား မရှိတဲ့ အိမ်က ရန်ကုန်ထဲက ဆွေမျိုးသားချင်း အိမ်တွေကို ပြောင်းနေကြရတယ်၊ ဒီလို အသံတွေ ကြားနေရတော့ သက်ကြီးရွယ်အိုတွေ၊ နာမကျန်းမာ ဖြစ်နေတဲ့ သူတွေမှာ စိတ်သောက ရောက်နေရတယ်၊ အားလုံး အထိတ်အလန့် ဖြစ်နေရတယ် ” ဟု M-Media သို့ပြောသည်။
ယနေ့ညပိုင်း ၇း၃၀ နာရီအချိန်တိုင် သန်လျင်မြို့တွင် အကြမ်းဖက်မှု တစ်စုံတစ်ရာဖြစ်ပွားမှု မပေါ်ပေါက်သေးကြောင်း သိရသည်
http://www.m-mediagroup.com/
No comments:
Post a Comment