Saturday, May 4, 2013

မန္တလေးတွင် ဆူပူမှု ဖြစ်စေရန် လှုံ့ဆော်မှုဖြင့် တရားစွဲခံရသူများတွင် မွတ်စလင်တစ်ဦး ပါဝင်နေခြင်း အပေါ် ဆက်သွယ်မေးမြန်းချက်

အဲဒီအချိန်မှာ ဦးမြင့်ဦးက သူ့အဒေါ်ကြီး ကျန်းမာရေးမကောင်းလို့ ပြုစုနေတာ၊ သိုးခြံထဲမှာရောက်နေတာ။ မဟာအောင်မြေမြို့နယ်၊ စကြနွယ်စဉ်ရပ်ကွက်ထဲမှာ ဦးမြင့်ဦးမရှိဘူး။ မနေ့ညက ဖြစ်တဲ့ကိစ္စကို ဦးမြင့်ဦးက မသိဘူး။ ဖုန်းသတင်းနဲ့ ရဲတပ်ဖွဲ့မှူးကို သတင်းပေးတော့ ဦးမြင့်ဦးက အဲဒီနေရာမှာရှိတယ်။ တုတ်တွေ၊ ဓါးတွေနဲ့ ရိုက်ကြဆိုပြီး ဦးမြင့်ဦးက အော်တယ်ဆိုပြီးတော့ ဦးမြင့်ဦးကို မနေ့ညက ဖမ်းတယ်။ ဟုတ်တယ် ညတွင်းချင်းဖမ်းတာပါ။

ဘယ်အတွက်ကြောင့် ဖမ်းတယ်ဆိုတာ ခေါင်းစည်းမပြောဘူး။ မပြောပဲနဲ့ တရားရုံးကို တင်လိုက်တယ်။ တရားရုံးကလည်း အမှုတွဲတင်တာနဲ့ တစ်ခါတည်း ၅၀၅(ခ) နိုင်ငံတော်အေးချမ်းသာယာမှုကို လှုံ့ဆော်မှုနဲ့ဖမ်းတယ်ဆိုပြီးတော့ တရားရုံးမှာ သတင်းကြားရတယ်။ ချက်ချင်း အမိန့်ကို ဒီပုဒ်မတပ်ပြီး မိနစ် ၂၀-အတွင်းပဲ တရားသူကြီးက ပြောပြီး လာမယ့် ၉-ရက်နေ့ကို ရုံးချိန်း ပြန်ချိန်းပြီး ဦးမြင့်ဦး ကို ထောင်ကြီးချုပ် ပို့လိုက်တယ်။

ဦးမြင့်ဦးက မန္တလေးတိုင်းမှာ ဘာသာပေါင်းစုံ ပဋိပက္ခနှိမ်နင်းရေးအဖွဲ့မှာ အဖွဲ့ဝင်တစ်ယောက် အဖြစ်ပါတယ်။ နောက်ပြီးတော့ မော်လ၀ီအဖွဲ့ချုပ်မှာလည်း အတွင်းရေးမှူး(၁)၊ နောက် လူမှုရေးမှာ မူးယစ်ဆေးဝါး ကာကွယ်နှိမ်နင်းရေးမှာ အဖွဲ့ဝင်အဖြစ်ပါတယ်။ အဲလိုလူတစ်ယောက်က အကြမ်းဖက်ဖို့ ဘယ်လိုမှ လှုံ့ဆော်မှာမဟုတ်ဘူးဆိုတာ လူတိုင်း တွက်ဆနိုင်တယ်။

ရယက ဥက္ကဌကတော့ သူ့ရပ်ကွက်ကို လာစစ်ဆေးတဲ့ CID တို့ SB တို့ စအဖ တို့ကို ဦးမြင့်ဦးက ဒီလို မရှိဘူးဆိုတာ ၀န်ခံချက် ထွက်ပေးထားတယ်။


အပြည့်အစုံဖတ်ရန်။ ==>http://www.m-mediagroup.com/news/13234

No comments:

Post a Comment