တောင်ကိုရီးယား နည်းပညာ လုပ်ငန်းစုကြီးသည် နာမည်ကျော် Galaxy S စီးရီး အမျိုးအစား ဖုန်းများ၏ နောက်ဆုံးထုတ် မျိုးဆက်အဖြစ် Galaxy S4 ကို မိတ်ဆက် ပြသခဲ့ပြီးနောက် ယခုအခါ Note စီးရီးများအနက် အသစ်အတွက်ပါ ပြင်ဆင်နေပြီဟု ကောလာဟလများ ပျံ့နှံ့လာသည်။
Posted on Mar 23 13 - 06:20 AM
Samsung ကုမ္ပဏီသည် Galaxy Note 3 အမျိုးအစား ဖုန်းကို စတင်ရောင်းချရန် စီစဉ်နေပြီဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ တောင်ကိုရီးယား နည်းပညာ လုပ်ငန်းစုကြီးသည် နာမည်ကျော် Galaxy S စီးရီး အမျိုးအစား ဖုန်းများ၏ နောက်ဆုံးထုတ် မျိုးဆက်အဖြစ် Galaxy S4 ကို မိတ်ဆက် ပြသခဲ့ပြီးနောက် ယခုအခါ Note စီးရီးများအနက် အသစ်အတွက်ပါ ပြင်ဆင်နေပြီဟု ကောလာဟလများ ပျံ့နှံ့လာသည်။
Samsung သည် IFA 2013 ပြပွဲတွင် အဆိုပါ Note 3 ကို အမှန်တကယ် မိတ်ဆက် ပြသလာနိုင်ကြောင်း သိရသည်။ IFA 2013 ကို စက်တင်ဘာ (၆)ရက်မှ၊ (၁၁)ရက်နေ့ထိ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တွင် ကျင်းပ သွားမည် ဖြစ်သည်။
Note 3 နှင့်အတူ အတန်ငယ် စွမ်းဆောင်ရည် လျှော့ချထားသည့် Tab 3 ကိုလည်း Samsung က ပွဲထုတ်လာဖွယ် ရှိနေကြောင်း သိရသည်။
လတ်တလောတွင်မူ Samsung က မည်သည့် မှတ်ချက်မျှ မပေးသေးသလို မည်သည့်ထုတ်ကုန် အမျိုးအစားကို ပိုမိုအာရုံစိုက် မိတ်ဆက်နိုင်ကြောင်းလည်း ခန့်မှန်းရန် ခက်နေဆဲ ဖြစ်သည်။ Galaxy Note 3 နှင့် ပတ်သက်၍မူ Screen အကျယ်သည် (၆.၃)လက်မ ဖြစ်နိုင်ပြီး Touchscreen ၏ LCD Display ကို Sharp မှ တာဝန်ယူ ထုတ်လုပ်လာဖွယ် ရှိနေကြောင်း သုံးသပ်ထားကြသည်။
Processor မှ Exynos 5 Octa အမျိုးအစား ဖြစ်နိုင်ပြီး စွမ်းဆောင်ရည် အပိုင်းတွင် Galaxy Note2 တွင် တပ်ဆင်သည့် 1.6GHz Quad-Core ထက် သေချာပေါက် ပိုမိုသာလွန်ဖွယ် ရှိသည်။ Galaxy Note 2 တွင် RAM 2GB နှင့် 8 megapixel ကင်မရာများ ပါဝင်ရာ Galaxy Note 3 တွင် ပိုမို မြင့်မားသည့် Specification များ ထည့်သွင်းလာဖွယ် ရှိနေသည်။
OS အနေဖြင့်မူ Samsung ၏ လက်ဆွဲဖြစ်သော Android ပင် ပါဝင်လာနိုင်ပြီး Jelly Bean နှင့် အသစ်ထွက် Key Lime Pie တို့အနက် Smasung က မည်သည့် OS Version ကို ရွေးချယ်မည် မရေရာသေးကြောင်း သိရသည်။
Source: NDTV

No comments:
Post a Comment