Sunday, March 24, 2013

"ကုလအထူးကိုယ်စားလှယ် မိတ္ထီလာကို သွားရောက်မည်"

 
 
 
 


 
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာဗီဂျေးနမ်ဘီယားဟာ မနက်ဖြန် မတ်လ ၂၄ ရက်နေ့မှာ အဓိကရုဏ်းတွေဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့ကို သွားရောက်လေ့လာဖို့ ရှိတယ်လို့ သိရပါတယ်။

မစ္စတာဗီဂျေးနမ်ဘီယားနဲ့အတူ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းအပြင် ရန်ကုန် အခြေစိုက် အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းခေါင်းဆောင်တွေ လည်း လိုက်ပါသွားဖို့ရှိပြီး မိတ္ထီလာမြို့ကိုရာက်ရှိနေ တဲ့ ဘာသာရေးခေါင်းဆောင်တွေ၊လူမှုရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ရှိ ပါတယ်။

မစ္စတာဗီဂျေးနမ်ဘီယားဟာ ပြီးခဲ့တဲ့မတ်လ၂၂ ရက်နေ့ကလည်း၊သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလလမ်းမှာရှိ တဲ့ ၈၈မျိုးဆက်ရုံးသို့ သွားရောက်ခဲ့ပြီး မိတ္ထီလာမြို့ကို ရောက်ရှီခဲ့တဲ့၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်နှင့်တွေ့ဆုံကာ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများကို ဆွေးနွေးခဲ့ပါတယ်။

No comments:

Post a Comment