မတ်လ-၂၃-၂၀၁၃
M-Media
ရမည်းသင်းမြို့နယ်၊ ရွာတန်းအုပ်စု ရွာတန်းကျေးရွာရှိ ဈေးကုန်းဗလီအား ယနေ့ ည ၈-နာရီခန့်က မီးရှို့နေသည်ဟု သတင်းကြားသိရပါသည်။ရွာတန်းကျေးရွာတွင် မွတ်စလင်မ် အိမ်ခြေ (၄၀)၀န်းကျင်ခန့်သာရှိပြီး ယင်းမီးရှို့ခံရသည့်သတင်းကြောင့် ရမည်းသင်းမြို့မှ မီးသတ်ကား များရွာတန်းကျေးရွာသို့ သွားရောက်နေပြီး ရမည်းသင်းခရိုင် အုပ်ချုပ်ရေးမှူးနှင့်လည်း သွားရောက်နေသည် ဟုသိရသည်။ရမည်းသင်း မြို့နယ် ရွာတုန်းကျေးရွာ တရွာလုံးနီးပါးပြာကျ
———–
မတ်လ ၂၃ ၊ ၂၀၁၃
ည ၁၁ နာရီ
ရမည်းသင်းမြို့နယ်၊ ရွာတန်းအုပ်စု ရွာတန်းကျေးရွာ ကို အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီးမှုကြောင့် တရွာလုံးနီးပါး မိးလောင်ပြာကြသွားကြောင်း သတင်းရရှိသည်။ရေကြည်ရွာနဲ့ ပုရွက်ဆိတ် ရွာဘက်ကို လူတစ်ထောင်လောက် ထွက်သွားကြကြောင်း သိရှိရပါသည်။
ရမည်းသင်း နေပူကုန်းရွာ
——————–
ရမည်းသင်းမြို့နယ် နေပူကုန်းရွာမှာ မီးစရှို့နေပါတယ်။ နေပူကူန်းရွာမှာ မွတ်စလင်မ်အိမ်ခြေ(၁၀၀)ကျော်နဲ့ ဗလီ (၁)လုံးရှိပါတယ်

No comments:
Post a Comment