Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Friday, October 4, 2013

ရန်ကုန်တွင် အင်တာနက်လိုင်းများ ခေတ္တပြတ်တောက်မည်

ရန်ကုန် ၊ အောက်တိုဘာ ၃ ။ ။ ရန်ကုန်တွင် အင်တာ နက်လိုင်း များမြန်ဆန်လာစေရန် လိုင်းထပ်မံ တိုးချဲ့ မည်ဖြစ်သော ကြောင့် လိုင်း များခေတ္တပြတ် တောက် မည်ဖြစ်ကြောင်းမြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း သတင်း အချက် အလက်နှင့်နည်းပညာ ဌာနမှသိရသည်။

ISP နက်ဝေါ့ခ်နှင့်ချိတ် ဆက်ထားသည့် POP(Post Office Protocol) များကိုလိုင်း အသစ်တပ် ဆင်ချိတ်ဆက်မည် ဖြစ်သောကြောင့် ယင်းသို့ လုပ်ဆောင် နေသည့် အချိန်တွင် အင်တာနက် ယာယီပြတ် တောက် မည်ဖြစ်ကြောင်းသိရ သည်။

''အင်တာနက်လိုင်းတွေ ကောင်းဖို့စက်တွေကလိုအပ် ချက်ရှိလာတဲ့ အတွက်အင်အား ထပ်ဖြည့်မှာဖြစ် ပါတယ်၊အသစ် နဲ့အဟောင်းပြန်ချိတ်တဲ့ အခါမှာ လိုင်းတွေမိနစ်ပိုင်းပြတ်တောက် မှာပါ၊ လုပ်ငန်းဆောင်ရွက်ပြီး တာနဲ့တော့လိုင်းတွေပြန် ဖွင့် ပေးမှာပါ၊'' ဟုသတင်း အချက်အလက်နှင့် နည်းပညာ ဌာနတာဝန်ရှိသူတစ်ဦးကပြော သည်။

ယင်းသို့လုပ်ငန်းဆောင် ရွက်မည့်အောက်တိုဘာ၅ရက် နေ့တွင်ဟံသာဝတီ POP တွင် မွန်းလွဲ၂နာရီမှ၂နာရီ၁၅မိနစ်ထိ လည်ကောင်း၊၈ရက်နေ့ မိုဘိုင်း POP တွင်မွန်းလွဲ၂နာရီ မှမွန်းလွဲ ၂နာရီ၁၅မိနစ်အထိ လည်းကောင်း၊ မရမ်းကုန်း POP တွင်၂နာရီ၁၅မှ၂နာရီ၃၀ မိနစ်အထိလည်းကောင်း ၊မောင် ထော်လေးPOP တွင်မွန်းလွဲ မွန်းလွဲ၂နာရီ၃ဝမှ၂နာရီ၄၅မိနစ် အထိလည်းကောင်း။အောက်တို ဘာ၉ရက်တွင်MICT POP တွင်မွန်းလွဲ၂နာရီမှ၂နာရီ ၁၅မိနစ်အထိ လည်းကောင်း အင်တာနက်ပြတ်တောက် မည် ဖြစ်သည်ဟုသိရ သည်။

Thursday, September 5, 2013

Samsung Galaxy Note 3 ကိုအသေးစိတ်လေ့လာကြည့်ခြင်း




၎.၉.၂၀၁၃ ရက်နေ့မှာ Samsung ဟာ Galaxy Note ရဲ့ တတိယမြောက်မျိုးဆက်ဖုန်းဖြစ်တဲ့ Samsung Galaxy Note 3 ကိုမိတ်ဆက်ပြသလိုက်ပါပြီ။ ဒီဇိုင်းနှင့်တကွ အဆင့်မြှင့်တင်ထားချက်အများအပြားပြုလုပ်ထားတဲ့ Samsung Galaxy Note 3 ဟာ ယခုတစ်ကြိမ်ထုတ်လုပ်မှုမှာ Samsung ပရိသတ်တွေသာမက အခြားဖုန်းအသုံးပြုသူများရဲ့ ကျေနပ်အားပေးခြင်းကိုပါ တခဲနက်ရရှိခဲ့ပါတယ်။ Samsung Galaxy Note 3 ရဲ့ features အသေးစိတ်ကိုအောက်မှာဆက်လက်လေ့လာကြည့်ရအောင်။ Samsung Galaxy Note 3 ကို Screen size မှာ ၅.၇ လက်မရှိပြီး (1920 x 1080) Resolution ရှိသောရုပ်ထွက်ကိုပြသနိုင်သော Super AMOLED Full HD Screen ကိုတပ်ဆင်အသုံးပြုထားသည် ။ Android OS အနေဖြင့် နောက်ဆုံးထွက်ရှိထားသော Android 4.3 Jelly Bean ကိုအသုံးပြုထားသည်။ Camera အနေဖြင့် 13 Megapixel ရှိသော Camera ကိုတပ်ဆင်ထားပြီး Full HD Video များကိုရိုက်ကူးနိုင်စွမ်းရှိသည် ။ Dual Camera: Dual Shot / Dual Recording/ Dual Video Call စသော Camera feature များကိုလုပ်ဆောင်နိုင်သည်။ Camera Mode တွင် Camera Mode: Drama Shot, Sound & Shot, Animated Photo, Eraser, Best Photo, Best Face, Beauty Face, HDR (High Dynamic Range), Panorama, Sports, Golf, Surround shot, Live effect စသည့် features များကို ထည့်သွင်းပေးထားပါတယ်။



ယခု Samsung Galaxy Note 3 တွင်ပါဝင်သော S-Pen မှာ Process တော်တော်များများကိုလုပ်ဆောင်နိုင်စွမ်းပိုများလာသည်။ S-Pen ကိုအသုံးပြု၍ Air Command: Action Memo, Scrapbook, Screen Write, S Finder, Pen Window စသော features များကိုလုပ်ဆောင်ပေးနိုင်သည်။



Samsung Galaxy Note 3 ရဲ့ဖုန်းဘက်ထရီကို 3200 mAh ရှိသော Battery အမျိုးအစားကိုအသုံးပြုထားပါတယ်။ ဖုန်းရဲ့ Processor ကို LTE 2.3 GHz Quad-Core Processor အားအသုံးပြုထားပါသည်။ ဖုန်းရဲ့ RAM ပမာဏအနေနဲ့ 3GB RAM ပါဝင်ပါတယ်။ Internal Storage အနေနဲ့ 32 GB/ 64 GB နှစ်မျိုးဝယ်ယူရရှိနိုင်မှာဖြစ်ပြီး SD Card ထပ်မံထည့်သွင်းအသုံးပြုနိင်သည်။




ထူးခြားချက်အနေနဲ့ကတော့ ယခင်က Samsung ဖုန်းများမှာ နောက်ဘက်ခြမ်းကို ပလတ်စတစ်ကာဗာသာအသုံးပြုခဲ့ရာမှ ယခု Samsung Galaxy Note 3 တွင် သားရေသားကာဗာဖြင့် ပြောင်းလဲအသုံးပြုလိုက်သည်ကိုတွေ့ရသည်။



ကွန်ရက်ထောက်ပံမှုအနေဖြင့် 2G/3G/4G Network အားလုံးမှာအသုံးပြုနိုင်မည်ဖြစ်သည်။ Samsung Galaxy Note 3 ကို စက်တင်ဘာလ ၂၉ ရက်နေ့တွင်စတင်ရောင်းချမည်ဖြစ်ပြီး ဈေးနှုန်းအသေးစိတ်ကိုထုတ်ဖော်ကြေညာခြင်းမရှိသေးပေ။

Wednesday, August 14, 2013

GSM နှင့် WCDMA ဖုန်းများတွင် SMS စနစ်ဖြင့် အင်တာနက် လျှောက်ထားရာ၌ ပြဿနာ အနည်းငယ် ပေါ်ပေါက်လျှက်ရှိ

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင် သွားရောက် လျှောက်ထားရသော မိုဘိုင်းဖုန်း အင်တာနက် လျှောက်ထားမှုများကို ၁-၈-၂၀၁၃ ရက်နေ့မှ စတင်ပြီး SMS စနစ် အသုံးပြုလျှောက်ထားခွင့် ပြုခဲ့သော်လည်း လျှောက်ထားရာ၌ ပြဿနာ အနည်းငယ် ပေါ်ပေါက်လျှက်ရှိကြောင်း ၃-၈-၂၀၁၃ ရက်က သိရသည်။ “ညီမကော သူငယ်ချင်းတွေပါ ဖုန်းကနေတဆင့် 1331 နံပါတ်ကို order data service လို့ ရိုက်ပြီး Massage ပို့ အင်တာနက် လျှောက်ခဲ့ပါတယ်။ ဘာလို့လဲမသိဘူး Massage လည်း ပြန်မပို့ဘူး။ ပြီးတော့ ပိုက်ဆံလည်း လျော့မသွားပါဘူး။ အဲဒီတော့ ညီမတို့ orderdata service လို့ ရိုက်ပြီး ထပ်ပို့တော့လည်း မရဘူး။ လုပ်တာနည်းလည်း စုံနေပါပြီ။ အင်တာနက်လိုင်းတွေ ကျပ်နေလို့လား မသိပါဘူး” ဟု SMS ဖြင့် အင်တာနက် လျှောက်ထားမည့်သူ တစ်စုက ပြောသည်။

မိုဘိုင်းဖုန်းဖြင့် အင်တာနက် လျှောက်ထားရာတွင် Massage နံပါတ် 1331 ကို ရိုက်နှိပ်ပြီး order data service ရေးပြီး Massage ပေးပို့ လျှောက်ထားရမည် ဆိုသော်လည်း လျှောက်ထားသည့် အခါတွင် အခက်အခဲများ ဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။ အဆိုပါ ဖြစ်ပေါ်နေသော အခက်အခဲများနှင့် ပတ်သက်ပြီး Call Centre သို့ ဆက်သွယ်မေးမြန်းရာ “အင်တာနက် လျှောက်ထားတဲ့ နေရာတွေမှာ ပြဿနာ ဖြစ်တာ မရှိဘူး။ တစ်ခုရှိတာက ရေးတဲ့စာသား မှားယွင်းပို့မိတာမျိုး ဆိုရင်တော့ သူတို့က ပိုက်ဆံလည်း မဖြတ်ဘူးပေါ့။ အင်တာနက် လျှောက်လို့လည်း ရမှာ မဟုတ်ပါဘူး။ 1331 သို့ SMS ပေးပို့ လျှောက်ထားရာမှာ ရေးသားပေးရမယ့် စာသားမှာ Orderdata service ဖြစ်ပါတယ်။ ရေးတဲ့အခါမှာ သတိထားရမှာက Order-data ကို တွဲလျက်ရေးရမယ် ပြီးရင် spacebar ခြားပြီးတော့ service ကို ရေးကို ရေးပေးရပါမယ်။ အဲ့လို ရေးတဲ့အခါမှာလည်း ရှေ့က (O) ကိုလည်း အကြီးနဲ့ ရေးပေးရမှာ ဖြစ်ပြီးတော့ (s) ကိုလည်း အသေးနဲ့ ရေးပေးရမှာ ဖြစ်ပါတယ်” ဟု ပြန်လည် ပြောကြားခဲ့သည်။

ယင်းသို့ SMS စနစ်ကို အသုံးပြု အင်တာနက် လျှောက်ထားရာတွင် စာသားမှားယွင်း ရေးသား ရိုက်နှိပ်မှုများကြောင့် အင်တာနက် အသုံးပြု ဝန်ဆောင်မှု မရရှိခြင်းများ ဖြစ်ပေါ်လျှက်ရှိသည့်အတွက် အထက်ပါအတိုင်း စာသားမှန်ကန်စွာ ရိုက်နှိပ် ပို့ဆောင်ပေးသင့်သည်။ မှန်ကန်စွာ စာသားရိုက်နှိပ်ပြီး 1331 သို့ ပေးပို့လျှောက်ထားပြီးလျှင် မိမိဖုန်းအင်တာနက် ရရှိပြီဖြစ်သာ စာတိုမက်ဆေ့ “You have orderservice successfully” ဆိုပြီး မက်ဆေ့ခ်ျ ပြန်ပို့ပေးမည် ဖြစ်သည်။ SMS စနစ်ဖြင့် အင်တာနက် လျှောက်ရန်အတွက် မိုဘိုင်းဖုန်းအတွင်း ကျပ် ၁၀၀၀၀ ကျော် ထည့်သွင်းရမည်ဖြစ်ပြီး SMS ပေးပို့ခကို ဖြတ်တောက်သွားမည် မဟုတ်ကြောင်း သိရသည်။

မွတ်စလင်များ လေယာဉ်ပေါ်တွင် ဝတ်ပြုရန် အကူအညီပေးမည့် iPhone App စင်္ကာပူကုမ္ပဏီမှ ဖြန့်ချီ

သြဂုတ်-၁၄။ ၂၀၁၃
M-Media

စင်္ကာပူအခြေစိုက် လေကြောင်းခရီးသွားလာရေးကုမ္ပဏီတစ်ခုက ခရီးသွားလာတဲ့မွတ်စလင်ေ တွ လေယျာဉ်ပေါ်မှာ ဝတ်ပြုချိန်တွေ သိရှိဖို့နဲ့ ဝတ်ပြုရာမှာ မျက်နှာမူရာအရပ်သိရှိနိုင်ဖို့အတွက် iPhone Application တစ်ခုကိုဖြန့်ချီလိုက်ပါတယ်။ လေယျဉ်ဟာမြေပြင်ကနေအမြင့် ပေပေါင်း သုံးသောင်း ငါးထောင် အထက်မှာရှိနေတဲ့ အချိန်မှာလည်း ဒီ Application ကို ဆက်လက်အသုံးပြုနေနိုင်မှာဖြစ်ပါတယ်။

ခရီးသွားသူဟာ လေယျာဉ်ခရီးစဉ်အသေးစိတ်ကို ထည့်သွင်းပြီးတဲ့အခါမှာ ဒီ Application က ခရီးစဉ်အတွင်း ဝတ်ပြုရမယ့် အချိန်တွေသာမက မွတ်စလင်တွေရဲ့ မြင့်မြတ်တဲ့မြို့တော်ဖြစ်တဲ့ မက္ကာမြို့တော်ရဲ့ ဦးတည်ရာဘက်ကိုလည်း တွက်ချက်ဖော်ပြပေးမှာဖြစ်ပါတယ်။

Crescentrating အမည်ရှိတဲ့ဒီ ကုမ္ပဏီက အစ္စလာမ်ဘာသာဝင်တွေနဲ့ ကိုက်ညီတဲ့ (ဟာလာလ်) ဟိုတယ်တွေ၊ အခြား ခရီးသွားလာရင်း ရပ်နားစရာနေရာတွေရဲ့ အချက်အလက်ကိုဖော်ပြတဲ့ ဒီ iPhone Application – Crescent Trips (လခြမ်းခရီး) ကို Android ဖုန်းတွေမှာလည်း လအနည်းငယ်အတွင်း အခမဲ့ရယူနိုင်အောင် စီစဉ်သွားမယ်လို့ ကုမ္ပဏီရဲ့ အမှုဆောင်ချုပ် ဘဟာဒင်း ကပြောဆိုပါတယ်။

ဒီ Crescent Trip application မှာ နေ့စဉ်ငါးကြိမ်ဝတ်ပြုလေ့ရှိတဲ့ မွတ်စလင်တွေအတွက် ဝတ်ပြုစဉ်အတွင်းရွတ်ဆိုရမယ့် ကျမ်းစာတွေရဲ့ အသံဖိုင်နဲ့ ခရီးသွားလာတဲ့အခါ ရွတ်ဆိုရမယ့် ဆုတောင်းစာတွေရဲ့ အသံဖိုင်တွေ၊ အဓိပ္ပာယ်တွေကိုလည်း ထည့်သွင်းထားပါတယ်။

မွတ်စလင်ခရီးသွားတွေဟာ ယနေ့ခရီးသွားဈေးကွက်ထဲမှာ များပြားတဲ့အရေအတွက်ရှိနေပေမယ့် သူတို့ကို ဆွဲဆောင်မှုတွေသိပ်မရှိသေးဘူးလို့ Crescentrating ကုမ္ပဏီရဲ့ လည်ပတ်မှုဆိုင်ရာ အမှုဆောင်အရာရှိချုပ် ဒန်နီ ဘိုးလ်ဒက်ကဆိုပါတယ်။

” မွတ်စလင်တွေရဲ့ ခရီးသွားလာမှုကို အလားအလာကောင်းတဲ့ဈေးကွက်အဖြစ်နဲ့ ကြီးကျယ်တဲ့ဝေစု အနေနဲ့ ဂရုပြုထောက်ပံ့တာတွေနည်းနေသေးတယ်။ ”

မွတ်စလင်ခရီးသွားတိုးရစ် တွေရဲ့ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးသုံးစွဲမှုတွေက အလျှင်အမြန်တိုးတက်နေပြီး ၂ဝ၁၁ ခုနှစ်မှာ သန်းထောင်ပေါင်း ၁၂၆ ဒေါ်လာကနေ ၂ဝ၂ဝ ခုနှစ်မှာ သန်းထောင်ပေါင်း ၁၉၂ ဒေါ်လာဖြစ်လာလိမ့်မယ်လို့ စင်္ကာပူ အခြေစိုက် Crescenting ကုမ္ပဏီနဲ့ မွတ်စလင်တွေရဲ့ လူနေမှုဘဝတွေကို လေ့လာနေတဲ့ အမေရိကန်အခြေစိုက် ကုမ္ပဏီ Dinar Standard တို့ မနှစ်က ထုတ်ပြန်တဲ့ လေ့လာချက်တွေမှာဖော်ပြထားပါတယ်။

Monday, July 15, 2013

ငှက်ပျောသီးခွံမှ ပလတ်စတစ် ထုတ်တဲ့နည်း ၁၆ နှစ်အရွယ် တူရကီသူ ဆယ်ကျော်သက် တီထွင်တွေ့ရှိ

Elif Bilginဇူလိုင်-၁၄၊ ၂၀၁၃
M-Media

တူရကီ ဆယ်ကျော်သက် Elif Bilgin သည်  ငှက်ပျောသီး အခွံများမှ ဇီဝဗေဒနည်းဖြင့် ပလက်စတစ် ထုတ်လုပ်နည်း ကို တီထွင်ခဲ့သည်။ ယခင် ပလတ်စတစ်ထုတ်လုပ်ရာ ကုန်ကြမ်းဖြစ်သော သဘာဝ ရင်းမြစ် ရေနံသယံဇာတ ကုန်ဆုံး မသွားစေရန် တားဆီးနိုင်တော့မည် ဖြစ်သည်။
အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက်  တူရကီ သိပ္ပံကျောင်းသူ အလဖ်ဘလ်ဂျင်းသည် အစ္စတန်ဘူလ် (Istanbul) မှဖြစ်ပြီး၊ ငှက်ပျောခွံမှ ပလက်စတစ်ထုတ်လုပ်ရန် ၂ နှစ်တာ မှ သုတသန စမ်းသပ်မှုများပြုလုပ်ခဲ့ရသည်။ ယခုအချိန်တွင် သူမ၏ စမ်းသပ်မှုများမှ အကျိုးခံစားမှုများ ရရှိခဲ့ပြီဖြစ်သည်။
ဘလ်ဂျင်းသည် ၂၀၁၃ နှစ် Google Science Fair တွင် $50,000 Science in Action ဆုကို ရရှိခဲ့သူ ဖြစ်သည်။ လူငယ်သိပ္ပံပညာရှင် သူမက ဆိုသည်မှာ ဇီဝနည်းလမ်းအရ ထုတ်လုပ်ထားသော ပလက်စတစ်သည် ဓာတ်ကြိုးများတွင် လျှပ်စစ်ကာပစ္စည်း Insulator အနေဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။
လက်ရှိတွင် ပင်လယ်များ၌ စွန့်ပစ်ထားသော အမှိုက်သရိုက်များတွင် ပလက်စတစ်သည် ၉၀ ရာခိုင်နှုန်း ပါရှိသည်။ ၁ စတုရန်းမိုင်တွင် ပလက်စတစ်အစပေါင်း ၄၆,၀၀၀ ရှိနေသည်။ သူမ၏ မျှော်လင့်ချက်ကတော့ ၄င်း ဇီဝနည်းလမ်းများဖြင့် ထုတ်လုပ်ထားသော ပလက်စတစ်သည် တစ်ချိန်တွင် သဘာဝ ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေသော ရေနံမှ ရရှိသော ပလက်စတစ်နေရာတွင် အစားထိုး နေရာယူနိုင်ရန်ဖြစ်သည်။ ယခုတီထွင်ခဲ့သည် ပလတ်စတစ်မှာ ယခင် ရေနံမှ ထုတ်လုပ်သည့် ပလတ်စတ်စများထပ် ဖျက်ဆီးရန် ပိုမိုလွယ်ကူကြောင်းသိရသည်။
ဘလ်ဂျင်းသည် လက်နှိပ်ဓာတ်မီးကို ခန္ဓာကိုယ် အပူစွမ်းအင်မှ လင်းအောင်လုပ်ခဲ့သူဖြစ်သည်၊ မြေကြီး ထဲတွင်ရှိသော မိုင်းဗုံးများကို အသံလှိုင်းဖြင့်ဖော်နိုင်အောင် တီထွင်ခဲ့သူလည်းဖြစ်သည်။ ယခုတွင် ၈ တန်း ကျောင်းသူ ထိုကလေးမသည် သင်တို့၏ သောက်ရေထဲမှ ဓာတုဗေဒများကိုဖယ်ရှားပေးရန် လုပ်ဆောင်နေပြီဖြစ်သည်။ ကမ္ဘာကြီးကိုပြောင်းလဲဖို့ အသက်ပြည့်ရန် မလိုပါဘူး။

Saturday, July 13, 2013

ဇူလိုင်အတွက် GSM မိုဘိုင်းဖုန်း ၂၅ ရက်တွင် ချထားပေးမည်


Photo: ဇူလိုင်အတွက် GSM မိုဘိုင်းဖုန်း ၂၅ ရက်တွင် ချထားပေးမည်


(မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဆက်သွယ်ရေးဌာနမှ အင်ဂျင်နီယာချုပ် ဦးခင်မောင်ထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း) 

အခုလမှာ မိုဘိုင်းဖုန်းတွေ ဘယ်တော့လောက် ရောင်းဖို့စီစဉ်ထားပါသလဲ။

ဇူလိုင် ၂၅ရက်မှာ စပြီးရောင်း ဖို့ စီစဉ် ထားပါတယ်။

စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ်ဖုန်းတွေချည်း ရောင်းမှာလား။ ဂျီအက်စ်အမ်ရော မပါဘူးလား သိချင်ပါတယ်။

စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ်မိုဘိုင်းဖုန်း ၁၅၀၀၀၀နဲ့ ဂျီအက်စ်အမ်မိုဘိုင်းဖုန်း ၂၀၀၀၀၀ ကို ရောင်းချပေးနိုင်ဖို့ စီစဉ်ထားပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ ဆက်သွယ်ရေးအဖွဲ့အစည်းတစ်ခုနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဘယ်နိုင်ငံက ဆက်သွယ်ရေးလုပ်ငန်း အဖွဲ့လည်းဆိုတာ သိချင်ပါတယ်။ 

အဲဒီအဖွဲ့က ထိုင်းနိုင်ငံက True အဖွဲ့ ဖြစ်ပါတယ်။

True အဖွဲ့က ထိုင်းနိုင်ငံမှာ ဘာလုပ်ငန်းတွေလုပ်ပါသလဲ။

သူတို့က ဆက်သွယ်ရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းမျိုးစုံလုပ်ပါတယ်။ TV  ထုတ်လွှင့်မှု၊ အင်တာနက်လုပ်ငန်း၊ မိုဘိုင်းဖုန်းလုပ်ငန်း၊ e-Government  လုပ်ငန်း အစရှိတဲ့လုပ်ငန်းတွေကို လုပ်နေတဲ့ အဖွဲ့အစည်းကြီးတစ်ခု
ဖြစ်ပါတယ်။

အဲဒီ True အဖွဲ့က မြန်မာနိုင်ငံမိုဘိုင်းဆက်သွယ်ရေးနဲ့ပတ်သက်လို့ ဘယ်လိုဝေဖန်ချက် ပေးသွား ပါသလဲ။

သူတို့အဖွဲ့ ရန်ကုန်ကနေ နေပြည်တော်ကိုအလာမှာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ကနေ ကားနဲ့ အဆက်အသွယ်မပြတ်ဘဲ မိုဘိုင်းဖုန်းပြောလို့ရတဲ့အတွက် အလွန်ကျေနပ်မိပါတယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

သူတို့ရဲ့ဝေဖန်ချက်အပေါ် ဆရာက ဘယ်လိုတုံ့ပြန်ခဲ့ပါသလဲ။ 

“ခင်ဗျားတို့ ကံကောင်းတာပေါ့”လို့ ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံ True အဖွဲ့ရဲ့ မိုဘိုင်းဖုန်းလုပ်ငန်းမှာ ၀န်ထမ်းအင်အားဘယ်လောက်နဲ့ လုပ်နေတယ်လို့ သိရပါသလဲ။

သူတို့မှာ မိုဘိုင်းဖုန်းလုပ်ငန်းအတွက် ၀န်ထမ်းအင်အား ၈၀၀၀ လောက်ရှိတယ်လို့ သိရတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ မိုဘိုင်းဌာနမှာရော ၀န်ထမ်းအင်အား ဘယ်လောက်ရှိပါသလဲ။

အမြဲတမ်းဝန်ထမ်းဦးရေ ၂၃၀ ၊ ပုတ်ပြတ်နဲ့ နေ့စားဝန်ထမ်းဦးရေ ၁၈၈ဦး၊ စုစုပေါင်း ၀န်ထမ်းဦးရေ ၄၁၈ဦးနဲ့ မြန်မာ တစ်နိုင်ငံလုံးရဲ့ မိုဘိုင်းဖုန်းဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးနေပါတယ်။

ပြည်တွင်းမိုဘိုင်းဖုန်းအသုံးပြုသူအများစုကလည်း ၁၅၀၀တန် ဂျီအက်စ်အမ်မိုဘိုင်းဖုန်းများကို ၀ယ်ယူရန် စောင့်နေ
ကြပြီး မိုဘိုင်းဖုန်းဆိုင်အများစုကလည်း ဂျီအက်စ်အမ်ကတ်များသာ ချပေးပါက ဈေးကွက်တွင်း ဟန်းဆက်
ရောင်းအား ပိုမိုကောင်းလာနိုင်သည်ဟု ခန့်မှန်းထားကြသည်။

mizzima

(မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဆက်သွယ်ရေးဌာနမှ အင်ဂျင်နီယာချုပ် ဦးခင်မောင်ထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း) 
အခုလမှာ မိုဘိုင်းဖုန်းတွေ ဘယ်တော့လောက် ရောင်းဖို့ စီစဉ်ထားပါသလဲ။
ဇူလိုင် ၂၅ရက်မှာ စပြီးရောင်း ဖို့ စီစဉ် ထားပါတယ်။
စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ်ဖုန်းတွေချည်း ရောင်းမှာလား။ ဂျီအက်စ်အမ်ရော မပါဘူးလား သိချင်ပါတယ်။
စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ်မိုဘိုင်းဖုန်း ၁၅၀၀၀၀နဲ့ ဂျီအက်စ်အမ်မိုဘိုင်းဖုန်း ၂၀၀၀၀၀ ကို ရောင်းချပေးနိုင်ဖို့ စီစဉ်ထားပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာ ဆက်သွယ်ရေးအဖွဲ့အစည်းတစ်ခုနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဘယ်နိုင်ငံက ဆက်သွယ်ရေးလုပ်ငန်း အဖွဲ့လည်းဆိုတာ သိချင်ပါတယ်။
 
အဲဒီအဖွဲ့က ထိုင်းနိုင်ငံက True အဖွဲ့ ဖြစ်ပါတယ်။ True အဖွဲ့က ထိုင်းနိုင်ငံမှာ ဘာလုပ်ငန်းတွေလုပ်ပါသလဲ။
သူတို့က ဆက်သွယ်ရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းမျိုးစုံလုပ်ပါတယ်။ TV ထုတ်လွှင့်မှု၊ အင်တာနက်လုပ်ငန်း၊ မိုဘိုင်းဖုန်းလုပ်ငန်း၊ e-Government လုပ်ငန်း အစရှိတဲ့လုပ်ငန်းတွေကို လုပ်နေတဲ့ အဖွဲ့အစည်းကြီးတစ်ခု
ဖြစ်ပါတယ်။
အဲဒီ True အဖွဲ့က မြန်မာနိုင်ငံမိုဘိုင်းဆက်သွယ်ရေးနဲ့ပတ်သက်လို့ ဘယ်လိုဝေဖန်ချက် ပေးသွား ပါသလဲ။
သူတို့အဖွဲ့ ရန်ကုန်ကနေ နေပြည်တော်ကိုအလာမှာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ကနေ ကားနဲ့ အဆက်အသွယ်မပြတ်ဘဲ မိုဘိုင်းဖုန်းပြောလို့ရတဲ့အတွက် အလွန်ကျေနပ်မိပါတယ်လို့ မှတ်ချက်ပေးသွား ခဲ့ပါ တယ်။
သူတို့ရဲ့ဝေဖန်ချက်အပေါ် ဆရာက ဘယ်လိုတုံ့ပြန်ခဲ့ပါသလဲ။
“ခင်ဗျားတို့ ကံကောင်းတာပေါ့”လို့ ပြောခဲ့ပါတယ်။
ထိုင်းနိုင်ငံ True အဖွဲ့ရဲ့ မိုဘိုင်းဖုန်းလုပ်ငန်းမှာ ၀န်ထမ်းအင်အားဘယ်လောက်နဲ့ လုပ်နေတယ်လို့ သိရပါသလဲ။သူတို့မှာ မိုဘိုင်းဖုန်းလုပ်ငန်းအတွက် ၀န်ထမ်းအင်အား ၈၀၀၀ လောက်ရှိတယ်လို့ သိရတယ်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ မိုဘိုင်းဌာနမှာရော ၀န်ထမ်းအင်အား ဘယ်လောက်ရှိပါသလဲ။
အမြဲတမ်းဝန်ထမ်းဦးရေ ၂၃၀ ၊ ပုတ်ပြတ်နဲ့ နေ့စားဝန်ထမ်းဦးရေ ၁၈၈ဦး၊ စုစုပေါင်း ၀န်ထမ်းဦးရေ ၄၁၈ဦးနဲ့ မြန်မာ တစ်နိုင်ငံလုံးရဲ့ မိုဘိုင်းဖုန်းဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးနေပါတယ်။
ပြည်တွင်းမိုဘိုင်းဖုန်းအသုံးပြုသူအများစုကလည်း ၁၅၀၀တန် ဂျီအက်စ်အမ်မိုဘိုင်းဖုန်းများကို ၀ယ်ယူရန် စောင့်နေကြပြီး မိုဘိုင်းဖုန်းဆိုင်အများစုကလည်း ဂျီအက်စ်အမ်ကတ်များသာ ချပေးပါက ဈေးကွက်တွင်း ဟန်းဆက်ရောင်းအား ပိုမိုကောင်းလာနိုင်သည်ဟု ခန့်မှန်းထားကြသည်။

Friday, July 12, 2013

ဂျပန်တွင် ကမ္ဘာ့အမြန်ဆုံး အင်တာနက်လိုင်း ရ

Friday, 12 July 2013

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ အပြင် အခြား ပြည်နယ် ၆ ခုမှ Google ဖိုက်ဘာ အင်တာနက်လိုင်းထက် ၂ ဆမြန်တဲ့ အင်တာနက် ဆက်သွယ်ရေး စနစ်ကို ဂျပန်မှာ တပ်ဆင်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

Service Provider တော့ Sony ရဲ့  ကုမ္မဏီခွဲဖြစ်တဲ့ So-net က ဖြစ်ပါတယ်။ ဒီတော့ ကမ္ဘာ့အမြန်ဆုံး အင်တာနက်လိုင်းပါပဲ။ 2Gbps downloads, 1Gbps uploads ဆိုတော့ Google က လက်ရှိ အမေရိကန်မှာ ပေးတဲ့ Gigabyte ထက်၂ဆ တောင် သာပါတယ်။

ဈေးကလည်း သက်သာပါတယ်။ တစ်လလုံး သုံးမှ ၅၁ ဒေါ်လာပဲ ကုန်ကျတဲ့အတွက် မြန်မာငွေနဲ့ တွက်ရင် ၄သောင်းခွဲ ဝန်းကျင် လောက်ပါပဲ။ ကနဦးတပ်ဆင်ခ ကတော့ ၅၃၇ ဒေါ်လာ ဖြစ်ပြီး ၂ နှစ်စာချုပ်နဲ့ install ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်။ ဒီတော့ တွက်ကြည့် လိုက်ရင် ထူးထူးခြားခြား ဈေးကြီးသွားခြင်း မရှိပါဘူး။

ဂျပန်နိုင်ငံမှ အင်တာနက်လိုင်းအခြေပြု စီးပွားရေး လုပ်ငန်းများ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်နဲ့ ပြုလုပ်ပေးခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတော့ တစ်ယောက်တည်း 2GBs သုံးရုံတင်မက နောက်ထပ်ပါ လိုင်းထပ်ခွဲ သုံးတာတောင် HD movie ကို စက္ကန့်ပိုင်းအတွင်း ဒေါင်းနိုင်တဲ့ ကော်နက်ရှင် ဖြစ်ပါတယ်။

ဒါကြောင့် So-net ဟာ Google ကိုကျော်လွန်လို့ ကမ္ဘာ့အမြန်ဆုံး အင်တာနက်လိုင်း ထောက်ပံ့တဲ့ service provider အဖြစ် စံချိန် တင်စေခဲ့ကြောင်း သိရပါတယ်။

Ref: The Verge
YoYarLay
http://www.yoyarlay.com/international-news/asia/36604-japan-get-the-highest-internet-speed

Thursday, June 13, 2013

မြန်မာနိုင်ငံတွင် SingTel ကုမ္ပဏီ မြန်နှုန်းမြင့် ဆက်သွယ်ရေးစနစ် ထူထောင်မည်

စင်ကာပူအေခြစိုက် ဆက်သွယ်ရေးကုမ္ပဏီကြီးတခုဖြစ်တဲ့ SingTel (Singapore Telecommunication Limied) က မြန်မာနိုင်ငံအတွက် လိုအပ်နေတဲ့ မြန်နှုန်းမြင့် တယ်လီဖုန်းဆက်သွယ်ရေး ကွန်ရက် ၀န်ဆောင်မှုလုပ်ငန်း ကို အဆင့် ဆင့်နဲ့ လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းကို SingTel ကုမ္ပဏီနဲ့အတူ ပြည်တွင်းလုပ်ငန်းစုတွေဖြစ်တဲ့ KBZ Group of companies နှင့် Myanmar Telephone company (M-TEL) တို့နဲ့အတူ ပူးပေါင်းအကျိုးတူ ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားမယ်လို့ ဒီကေန့ ပြုလုပ်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ သတင်းထုတ်ပြန်ခဲ့တာပါ။ ဒီဆက်သွယ်ရေးဝန်ဆောင်မှုက မြန်မာနိုင်ငံအတွက် လိုအပ်နေတဲ့ နိုင်ငံတကာအဆင့်မီ မြန်နှုန်းမြင့် ဆက်သွယ်ရေး ကွန်ယက်တခု ဖြစ်ပါတယ်။ ပထမအဆင့်အေနနဲ့ ၂၀၁၄ ခုနှစ်မှာ နိုင်ငံ့လူဦးရေရဲ့ ၇၁ ရာခိုင်နှုန်း၊ ဒုတိယ အဆင့် ၂၀၁၅-၁၆ ခုနှစ်မှာ လူဦးရေ ၉၅ ရာခိုင်နှုန်းနဲ့ တတိယအဆင့် ၂၀၁၇-၁၈ ခုနှစ်မှာ လူဦးရေ ၉၈ ရာခိုင်နှုန်းကို လွှမ်းခြုံမှုရှိမယ်လို့ သိရပါတယ်။ SingTel ရဲ့ အမှုဆောင်အရာရှိချုပ် Mr Mark Chong က “SingTel ရဲ့ ကမ္ဘာတလွှားက ကြီးမားကျယ်ပြန့်တဲ့ လုပ်ငန်းကြီးတွေကြာင့် ကျေန်ာတို့ဟာ အေခြခံအေဆာက်အအုံက စပြီးတော့ တည်ဆောက်တဲ့နေရာမှာ သူများတွေနဲ့မယှဉ်သာအောင် ထူးခြားကောင်းမွန်ပါတယ်။ ပြီးတော့ မြန်မာနဲ့စင်ကာပူဟာ အာဆီယံဒေသေတွမှာ မိတ်ဆွေနိုင်ငံတွေ ဖြစ်ပါတယ်။ ကျေန်ာတို့က ပြည်တွင်းတယ်လီဖုန်း ဆက်သွယ်ရေးစနစ်အတွက် အေခြခံအေဆာက်အအုံတခုတည်းကိုသာ တည်ထောင်ပေးချင်တာ မဟုတ်ပါဘူး။ ကျေန်ာတို့ရဲ့ နိုင်ငံတကာဆက်သွယ်ရေးစနစ်တွေ ဆန်းသစ်တဲ့ ၀န်ဆောင်မှုတွေက ပြည်သူတွေရဲ့ လူနေမှုဘ၀ အဆင့်အတန်းကို တိုးတက်စေပါလိမ့်မယ်လို့ ပြောပါတယ်။မြန်မာနိုင်ငံမှာ နေ့စဉ်နဲ့အမျှ အခွင့်အလမ်းကောင်းတွေ ပေါ်ထွန်းနေပါတယ်။ ပြည်တွင်းက မိတ်ဖက်ကုမ္ပဏီတွေရဲ့ အင်အားတွေနဲ့အတူ ကျေန်ာတို့ဟာ ကောင်းမွန်တဲ့ဝန်ဆောင်မှုတွေ တီထွင်ဆန်းသစ်မှုတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုမှာ တတပ်တအားပါဝင်ဖို့ကို နှစ်နှစ်ကာကာ ယုံကြည်ထားပါတယ်။ ပြီးတော့ တယ်လီဖုန်းဆက်သွယ်ရေးကို တည်မှီပြီး လုပ်ကိုင်နေကြရတဲ့ အခြားစီးပွားရေးလုပ်ငန်းတွေဆီကိုလဲ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာမှာ ဖြစ်တယ်လို့ Mr Mark Chong က ဆက် ပြောပါတယ်။ SingTel ရဲ့ခေတ်မီတဲ့ ဂြိုဟ်တုဆက်သွယ်ရေးစနစ်တွေ၊ ရေအာက်ဆက်သွယ်ရေး ကေဘယ်စနစ်တွေက မြန်မာနိုင်ငံကို နိုင်ငံတကာဆက်သွယ်ရေး ကွန်ရက်စနစ်ကြီးနဲ့ ဆက်သွယ် ချိတ်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံအေနနဲ့ မြန်မာကိုယ်ပိုင်ဂြိုလ်တု လွှတ်တင်ရေးအတွက်လဲ အေထာက်အကူပေးသွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ SingTel ဟာ အာရှနဲ့ အာဖရိကမှာ ဆက်သွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ လုပ်ငန်းစုကြီး တခုဖြစ်ပြီး အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဘဂင်္လားဒေ့ရှ်၊ သီရိလကင်ာနဲ့ အာဖရိက တို့မှာရှိတဲ့ မိုဘိုင်းဖုန်းသုံးစွဲသူ ၄၆၈ သန်းကျော်ကို ၀န်ဆောင်မှုပေးနေတယ်လို့ သိရပါတယ်။ SingTel ဟာ စင်ကာပူရှယ်ယာဈေးကွက်ထဲ အကြီးမားဆုံးလုပ်ငန်းစု တခုဖြစ်တဲ့အပြင် ဩစေတြးလျ ရှယ်ယာဈေးကွက်ထဲကိုလည်း ၀င်ရောက်ထားပါတယ်။

Tuesday, June 11, 2013

တစ်နာရီ မိုင် ၃၁၀ ပြေးမည့် ရှပ်ပြေးရထား ဂျပန်တို့ စမ်းသပ် အောင်မြင်


တစ်နာရီ မိုင် ၃၁၀ တောင် ခရီးသွားတဲ့ ရထားမို့ကမ္ဘာ့အမြန်ဆုံး ကျည်ဆံ ရထား ဖြစ်လာအုံးမှာပါ

လက်ရှိကတော့ တရုတ်ပြည်က တစ်နာရီ ၂၆၈ မိုင်ပြေးတဲ့ ရထားက ကမ္ဘာ့အမြန်ဆုံး ကျည်ဆံရထား အဖြစ် စံချိန်တင်ထားပါတယ်။ ဂျပန်ကလည်း စံချိန်သစ်နဲ့ နည်းပညာသစ်ကို ရထားကို စမ်းသပ်အောင်မြင်သွားပါပြီ။ ရိုးရိုးသွားတဲ့ ရထားတောင် မဟုတ်တော့ပဲ ရေပေါ် ပေါ်သလို ရှပ်ပြေးလေး သွားမယ့် ရထား ဖြစ်ပါတယ်။ သံလမ်းနဲ့ မထိသထိအနေအထား ရှိပြီး Air Resistance ကိုခုခုလို့ကမ္ဘာ့အမြန်ဆုံး ကျည်ဆံရထား ဖြစ်လာမှာပါ။

လုံခြုံရေးအတွက်လည်း အပြည့်အဝ ပြုလုပ်ပေးထားပါတယ်။ လောလောဆယ် ၁၅ မီတာ အရှည်သာ ပြုလုပ်ရသေးပြီး ဒီထက်ပိုရှည်ပြီး ခရီသည် ပိုတင်နိုင်မယ့် အမျိုးအစားကို ကြိုးစားဖန်တီးသွားမယ်လို့ဆို ပါတယ်။ တိုကျိုနဲ့အိုဆာကာ မြို့နှစ်ခုကို ဆက်သွယ် ပို့ဆောင်ပေးမယ့် ရထား လို့ဆိုပါတယ်။ ဒီအတွက် ရထားလမ်း စနစ်ကိုလည်း ပြန်လည် ပြုပြင်ရမှာပါ။ ဒါကြောင့် ခရီးသည် ပို့ဆောင်ရေးအတွက် လက်တွေ့ အသုံပြုမှုကျတော့ နောက်ထပ် ၇ နှစ်လောက်ထိ အချိန်ယူ ဖန်တီးရမှာ ဖြစ်ကြောင်း သိရပါတယ်။

Friday, May 17, 2013

ဆီမလိုသည့်ကား ထုတ်မည့် အနာဂတ်

Friday, May 17, 2013

နိုင်ငံတကာမှာ ခေါ်ဆိုတဲ့ ကားနာမည်ကတော့ Green ကား ဖြစ်ပါတယ်။
မြန်မာလို တိုက်ရိုက် ဘာသာပြန်တော့ အစိမ်းရောင် ကားပေါ့။ သို့ပေမယ့် အမှန်တကယ် အနက် ကတော့ စိမ်းစိမ်းဆိုဆို အေးချမ်းတဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှု ရှိသော ကားလို့ ဆိုလိုခြင်း ဖြစ်
ပါတယ်။

စိမ်းဆိုတဲ့ ပတ်ဝန်းကျင်နဲ့ လိုက်တယ်ဆိုတာကလည်း အခြားမဟုတ်ပါဘူး။ စိမ်းဆိုတဲ့ ပတ်ဝန်းကျင်ရဲ့  ဇီဝနဲ့ ဖြစ်စဉ်တွေကို အနည်းနိုင်ဆုံး ထိခိုက်မှုလျော့ချပေးတဲ့ ကားလို့ဆိုလိုခြင်း ဖြစ်ပါတယ်။ ကားရယ်လို့ ဖြစ်လာ ကတည်းက ပတ်ဝန်းကျင်ကတော့ ထိခိုက်မှာပါပဲ။ ယနေ့ရန်ကုန်မှာပဲ ကြည့်ရင်မြင်နိုင်ပါတယ်။ နေရာတိုင်း ကားတွေပိတ်နေပြီး ဟွန်းတီးသံတွေ၊ စက်နိုးသံတွေ၊ မီးခိုးငွေ့တွေနဲ့ အလိမ့်လိုက်တက်နေတာ ပတ်ဝန်းကျင် ဘယ်လောက်ထိ ထိခိုက်တယ်ဆိုတာ တော်တော်များများ သတိမထား မိပါဘူး။ သတိမထားမိဆိုတာထက် သတိမထားအား တာလည်းဖြစ်ရင်ဖြစ် မယ်၊ မသိတာလည်း ဖြစ်ရင်ဖြစ်ပါမယ်။ တရုတ်ပြည်က ချယ်ရီကားတွေကျောက်ဂွမ်းပါတယ်ဆိုတုန်းကတော့ အသက်ရှူလမ်းကြောင်းနဲ့ ဆက်စပ်ရောဂါဖြစ်မယ်လို့ သတိထားမိလိုက် ကြသေးတယ်ဆိုတော့မြန်မြာ ပည် ခေတ်မနောက်ကျသေးပါဘူး။ ဒီတော့ ထပ်ပြီး ခေတ်မနောက်ကျအောင် အစိမ်းရောင်ကားများဆိုတာ သိဖို့လည်း အကြမ်းဖျင်း ရေးသားမျှဝေ လိုက်ရပါတယ်။

ကားတစ်စီးမှာ

- လောင်ကျွမ်းဓာတ်ငွေ့ ခေါ် မီးခိုးတွေ အထွက်နည်းမယ်။ (သို့တည်းမဟုတ်) မထွက်သလောက်နည်းမယ်။
- လောင်စာဆီ အသုံးပြုမှု နည်းမယ် (သို့မဟုတ်) လောင်စာဆီအစား အခြားစွမ်းအင် အသုံးပြုမယ်။

အကြမ်းဖျင်း ဒီနှစ်ချက် ရှိယုံနဲ့တင် ယင်းကားကို အစိမ်းရောင်ကား လို့ ခေါ်လို့ရပါတယ်။ အစိမ်းရောင် ကာလာ၊ ဆေးတွေသုတ်ထားလို့ အစိမ်းရောင်ကားလို့ ဆိုလိုခြင်း မဟုတ်ပါ။ အထက်ပါနှစ်ချက်နဲ့ ပတ်ဝန်း
ကျင်ကို ဆိုးကျိုးနည်းအောင်ဖန်တီးပေးတဲ့အတွက် အစိမ်းရောင်ကားလို့
ဆိုလိုခြင်း ဖြစ်ပါတယ်။

လောင်ကျွမ်းဓာတ်ငွေ့ နည်းအောင်လုပ်မယ် ဒီမှာ အရေးကြီးဆုံး အချက်
ပါပဲ။ လောင်ကျွမ်းဓာတ်ငွေ့ဆိုတာ မထွက်ပါနဲ့လို့ တားလို့မှ မရတာလေ။ ဓာတ်ဆီ၊ ဒီဇယ်ဆီ အင်ဂျင်တွေသာ အသုံးပြုမယ် ဆိုရင်ပေါ့။ ဒီတော့ ယင်းဆီတွေ သုံးနေသရွေ့  မီးခိုးအထွက်နည်းအောင် လုပ်မယ့်နည်းက အကြမ်းဖျင်း ၂ နည်းရှိပါတယ်။ အဆင့်မြင့် အသန့်ရှင်းဆုံး ဆီကိုသုံးမယ်။ နောက်တစ်နည်းကတော့ ဆီလျော့သုံးမယ်။ ဒါပါပဲ။

အသန့်ရှင်းဆုံးဆီကတော့ထားလိုက်တော့ ဆီလျော့သုံးမယ်ဆိုတော့ ကား Performance မကျအောင် ဘယ်လိုလုပ်ရမလဲဆိုတာက စဉ်းစားစရာ တစ်ချက် ဝင်လာပြန်ပါပြီ။ ဒါလည်းလွယ်ပါတယ်။ ဆီစားအင်ဂျင် သေးသေးလေးနဲ့ လျှပ်စစ်မော်တာကိုမောင်းပေးမယ့် ဘက်ထရီတပ်ဆင်ပေးခြင်း ဖြစ်ပါတယ်။ ဒါကို ဟိုင်းဘရစ်လို့ခေါ်ပါလေရော၊ စက်တစ်မျိုးတည်း မဟုတ်ပဲ နှစ်မျိုးသုံးတဲ့ကားကို ဟိုင်းဘရစ်လို့ခေါ်တယ် ဆိုပေမယ့် ဆီအင်ဂျင်နဲ့ ဘက်ထရီအသုံးပြု မော်တာတို့ ပေါင်းတဲ့ကားကို ဟိုင်းဘရစ် (Hybrid) ကားလို့ အကြမ်းဖျင်းမှတ်ယူနိုင်ပါတယ်။

မီးခိုးမထွက်သလောက် နည်းအောင်လုပ်မယ်ဒါဆိုရင်တော့ ကြိမ်းသေ
ဆီသုံးလို့မရတော့ပါဘူး။ ဒီတော့ ဆီအင်ဂျင်တွေ ဖယ်ပြီး သူ့နေရာမှာ
အစားထိုး အင်ဂျင်များ ထည့်ရပါမယ်။ လက်ရှိ ခေတ် စားတာကတော့ လျှပ်စစ်ကားများ ဖြစ်ပါတယ်။ လျှပ်စစ် ဓာတ်အားကို အသုံးပြုလို့
မော်တာကိုလည်ပတ်စေပြီး ယင်းမော်တာက ဘီးအူတိုင် ကိုလည်စေ
တဲ့အခါ ကားက တစ်ရွေ့ ရွေ့ နဲ့ သွားတော့ ဘာပဲဖြစ်ဖြစ် ဒါဟာ လျှပ်စစ်
ကားလို့ လက်မထောင်ကုန်ကြ ပါတယ်။ မှန်ပါတယ်။ လျှပ်စစ်ဓာတ်
အားချည်း သီးသန့်သုံးရင်တော့ လျှပ်စစ်ကားလို့ ကြိမ်းသေခေါ် မှာပါ။
ကမ္ဘာမှာ ဒီနည်းပညာကိုပဲ အာရုံစိုက်နေကြပြီမို့ ဖြစ်ပါတယ်။ ဆီ
(ရေနံဆီ) က နောင်အနှစ် ၅၀ မှာ အရေခံလုနီးနီးကုန် သွားမယ်လို့
ဗေဒင်ဟောထားကြပါတယ်။

ဗေဒင်မဟုတ်ပါဘူး။ ကမ္ဘာ့မြေထု နဲ့ သယံဇာတကို အမြဲစောင့်ကြည့်နေတဲ့ အဖွဲ့တွေက လေ့လာပြီးဟော ထားတဲ့စကား ဖြစ်ပါတယ်။ ဒီတော့ အားလုံးက လျှပ်စစ်ဓာတ်အားကို အာရုံစိုက်ကြပါလေရော။ ရေနံဆီကနေ ဆက်ထွကမယ့် ဓာတ်ဆီ၊ ဒီဇယ်ဆီဆိုတာ မရှိတော့ရင် မှီခိုစရာက လျှပ်စစ်စွမ်းအင်ဖြစ်လာမှာ အမှန်ပါပဲ။ ဆိုလာပယ်နယ်နဲ့ထုတ် မလား၊ ရေကနေထုတ် မလား၊
လေကနေထုတ်မ လား သတ္တုဘက်ထရီအိုး ကနေပဲ ထုတ်မလား အစရှိ
သဖြင့် အားလုံးခေါင်းစား ၊ကြိုးစားနေကြပါတယ်။

လောင်စာဆီ အသုံးပြုမှု နည်းမယ် ဒါက အထက်မှာ ပြောပြီး သွားပါပြီ။ လောင်စာဆီ လို့ခေါ်တဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဂက်ဆိုလိုင်း အစရှိသဖြင့်တို့ကို နည်းအောင်လုပ်ဖို့က ဘက်ထရီပေါင်း မယ်၊ မော်တာပေါင်းမယ်၊ ကားအူတိုင်ကို အတူလှည့်ချင်လှည့်မယ်။ မော်တာ တစ်လုံးတည်းက လက်စွမ်းပြလို့ လှည့်ချင်လှည့်မယ်၊ ဘာပဲဖြစ်ဖြစ် ကားရွေးနေတာလေး မြင်ရတော့ ဟိုင်းဘရစ်ဆိုတာလေးက မျက်နှာပန်းလှလာပါတယ်။ မြန်မာပြည်မှာတောင် ဟိုင်းဘရစ်တွေ များလာပါပြီ။ နောက်တစ်နည်းကတော့ ဆီအချိုး၊ လေအချိုး ကစားတာပါပဲ။ ဒါက လူတိုင်းကစားလို့မရပါဘူး။ အနောက်တိုင်း နဲ့ ဂျပန်က ကိုရွှေ အင်ဂျင်နေယာများက ဆီအချိုး၊လေအချိုး ကစားလို့ ဆီအသုံးပြုမှု နည်းအောင် အတတ်နိုင်ဆုံး ကြိုးစားပါတယ်။ ဒီတော့ နောက်ပိုင်း မှာ ခေတ်စားလာတာက Ecoboost လို့ခေါ်တဲ့ အကုန်ကျ သက်သာ အင်ဂျင်အမျိုးအစားပါပဲ။ ဒါကလည်း ဖြေရှင်းနည်း တစ်မျိုးပဲ ဖြစ်ပါတယ်။

လောင်စာဆီအစား အခြားစွမ်းအင် အသုံးပြုမယ်

ဒါကလည်း အထက်မှာ ဆွေးနွေးခဲ့ပြီးပါပြီ။ လက်ရှိ အများစု အာရုံစိုက်နေတာက လျှပ်စစ်ဓာတ်အားဖြစ် ပါတယ်။ နေရောင်ခြည်က ထုတ်မလား၊ ရေကထုတ်မလား၊ လေကထုတ်မလားဆိုတာပါပဲ။ အပင်တွေ၊ အသီးတွေကနေ ထုတ်တဲ့ စွမ်းအင်ကလည်းရှိနေပါသေးတယ်။ ဒါကလည်း တစ်ကဏ္ဍပါ။ သူက ဆီအစားထိုးပေမယ့် ပတ်ဝန်းကျင် ထိခိုက်မှုက သိပ်မကွာလေတော့ မထူးပါဘူး။ သို့ပေမယ့် ပညာရှင်တွေက ပိုတော်လေေ တာ့ ပတ်ဝန်းကျင်ကို မထိအောင် ပိုတီထွင်နိုင်ရင်တော့ အားလုံး လိုက်အသုံးပြုလာကြမှာပါပဲ။ အခုဆို ပေါက်ပေါက်ရှာရှာ ကြင်ငယ်ရေ နဲ့မောင်းတဲ့ မီးစက်တွေရော၊ လေအိုး နဲ့ မောင်းတဲ့ ကားရော၊ ရေသက် သက်နဲ့ မောင်းတဲ့ကားရော စုံနေအောင် ပေါ်လာပါတော့တယ်။ ]

ဘယ်လိုပဲ ဖြစ်ဖြစ် ဒါတွေအားလုံးက အစိမ်းရောင်ကား ဖြစ်လာဖို့ ဆိုတဲ့ ခေါင်းစဉ်အောက်ကို သွားဝင်ပါတယ်။ ဒီတော့ အစိမ်းရောင်ကား ဆိုတာ ဆယ်စုနှစ်မကြာပဲ ကမ္ဘာမှာ ရေပန်းစားလာမှာမို့ အကြမ်းဖျင်း သဘာလေး သိအောင် မိတ်ဆက်ပေးလိုက် ရပါတယ်။