Saturday, July 13, 2013

ဇူလိုင်အတွက် GSM မိုဘိုင်းဖုန်း ၂၅ ရက်တွင် ချထားပေးမည်


Photo: ဇူလိုင်အတွက် GSM မိုဘိုင်းဖုန်း ၂၅ ရက်တွင် ချထားပေးမည်


(မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဆက်သွယ်ရေးဌာနမှ အင်ဂျင်နီယာချုပ် ဦးခင်မောင်ထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း) 

အခုလမှာ မိုဘိုင်းဖုန်းတွေ ဘယ်တော့လောက် ရောင်းဖို့စီစဉ်ထားပါသလဲ။

ဇူလိုင် ၂၅ရက်မှာ စပြီးရောင်း ဖို့ စီစဉ် ထားပါတယ်။

စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ်ဖုန်းတွေချည်း ရောင်းမှာလား။ ဂျီအက်စ်အမ်ရော မပါဘူးလား သိချင်ပါတယ်။

စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ်မိုဘိုင်းဖုန်း ၁၅၀၀၀၀နဲ့ ဂျီအက်စ်အမ်မိုဘိုင်းဖုန်း ၂၀၀၀၀၀ ကို ရောင်းချပေးနိုင်ဖို့ စီစဉ်ထားပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ ဆက်သွယ်ရေးအဖွဲ့အစည်းတစ်ခုနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဘယ်နိုင်ငံက ဆက်သွယ်ရေးလုပ်ငန်း အဖွဲ့လည်းဆိုတာ သိချင်ပါတယ်။ 

အဲဒီအဖွဲ့က ထိုင်းနိုင်ငံက True အဖွဲ့ ဖြစ်ပါတယ်။

True အဖွဲ့က ထိုင်းနိုင်ငံမှာ ဘာလုပ်ငန်းတွေလုပ်ပါသလဲ။

သူတို့က ဆက်သွယ်ရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းမျိုးစုံလုပ်ပါတယ်။ TV  ထုတ်လွှင့်မှု၊ အင်တာနက်လုပ်ငန်း၊ မိုဘိုင်းဖုန်းလုပ်ငန်း၊ e-Government  လုပ်ငန်း အစရှိတဲ့လုပ်ငန်းတွေကို လုပ်နေတဲ့ အဖွဲ့အစည်းကြီးတစ်ခု
ဖြစ်ပါတယ်။

အဲဒီ True အဖွဲ့က မြန်မာနိုင်ငံမိုဘိုင်းဆက်သွယ်ရေးနဲ့ပတ်သက်လို့ ဘယ်လိုဝေဖန်ချက် ပေးသွား ပါသလဲ။

သူတို့အဖွဲ့ ရန်ကုန်ကနေ နေပြည်တော်ကိုအလာမှာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ကနေ ကားနဲ့ အဆက်အသွယ်မပြတ်ဘဲ မိုဘိုင်းဖုန်းပြောလို့ရတဲ့အတွက် အလွန်ကျေနပ်မိပါတယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

သူတို့ရဲ့ဝေဖန်ချက်အပေါ် ဆရာက ဘယ်လိုတုံ့ပြန်ခဲ့ပါသလဲ။ 

“ခင်ဗျားတို့ ကံကောင်းတာပေါ့”လို့ ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံ True အဖွဲ့ရဲ့ မိုဘိုင်းဖုန်းလုပ်ငန်းမှာ ၀န်ထမ်းအင်အားဘယ်လောက်နဲ့ လုပ်နေတယ်လို့ သိရပါသလဲ။

သူတို့မှာ မိုဘိုင်းဖုန်းလုပ်ငန်းအတွက် ၀န်ထမ်းအင်အား ၈၀၀၀ လောက်ရှိတယ်လို့ သိရတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ မိုဘိုင်းဌာနမှာရော ၀န်ထမ်းအင်အား ဘယ်လောက်ရှိပါသလဲ။

အမြဲတမ်းဝန်ထမ်းဦးရေ ၂၃၀ ၊ ပုတ်ပြတ်နဲ့ နေ့စားဝန်ထမ်းဦးရေ ၁၈၈ဦး၊ စုစုပေါင်း ၀န်ထမ်းဦးရေ ၄၁၈ဦးနဲ့ မြန်မာ တစ်နိုင်ငံလုံးရဲ့ မိုဘိုင်းဖုန်းဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးနေပါတယ်။

ပြည်တွင်းမိုဘိုင်းဖုန်းအသုံးပြုသူအများစုကလည်း ၁၅၀၀တန် ဂျီအက်စ်အမ်မိုဘိုင်းဖုန်းများကို ၀ယ်ယူရန် စောင့်နေ
ကြပြီး မိုဘိုင်းဖုန်းဆိုင်အများစုကလည်း ဂျီအက်စ်အမ်ကတ်များသာ ချပေးပါက ဈေးကွက်တွင်း ဟန်းဆက်
ရောင်းအား ပိုမိုကောင်းလာနိုင်သည်ဟု ခန့်မှန်းထားကြသည်။

mizzima

(မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဆက်သွယ်ရေးဌာနမှ အင်ဂျင်နီယာချုပ် ဦးခင်မောင်ထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း) 
အခုလမှာ မိုဘိုင်းဖုန်းတွေ ဘယ်တော့လောက် ရောင်းဖို့ စီစဉ်ထားပါသလဲ။
ဇူလိုင် ၂၅ရက်မှာ စပြီးရောင်း ဖို့ စီစဉ် ထားပါတယ်။
စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ်ဖုန်းတွေချည်း ရောင်းမှာလား။ ဂျီအက်စ်အမ်ရော မပါဘူးလား သိချင်ပါတယ်။
စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ်မိုဘိုင်းဖုန်း ၁၅၀၀၀၀နဲ့ ဂျီအက်စ်အမ်မိုဘိုင်းဖုန်း ၂၀၀၀၀၀ ကို ရောင်းချပေးနိုင်ဖို့ စီစဉ်ထားပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာ ဆက်သွယ်ရေးအဖွဲ့အစည်းတစ်ခုနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဘယ်နိုင်ငံက ဆက်သွယ်ရေးလုပ်ငန်း အဖွဲ့လည်းဆိုတာ သိချင်ပါတယ်။
 
အဲဒီအဖွဲ့က ထိုင်းနိုင်ငံက True အဖွဲ့ ဖြစ်ပါတယ်။ True အဖွဲ့က ထိုင်းနိုင်ငံမှာ ဘာလုပ်ငန်းတွေလုပ်ပါသလဲ။
သူတို့က ဆက်သွယ်ရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းမျိုးစုံလုပ်ပါတယ်။ TV ထုတ်လွှင့်မှု၊ အင်တာနက်လုပ်ငန်း၊ မိုဘိုင်းဖုန်းလုပ်ငန်း၊ e-Government လုပ်ငန်း အစရှိတဲ့လုပ်ငန်းတွေကို လုပ်နေတဲ့ အဖွဲ့အစည်းကြီးတစ်ခု
ဖြစ်ပါတယ်။
အဲဒီ True အဖွဲ့က မြန်မာနိုင်ငံမိုဘိုင်းဆက်သွယ်ရေးနဲ့ပတ်သက်လို့ ဘယ်လိုဝေဖန်ချက် ပေးသွား ပါသလဲ။
သူတို့အဖွဲ့ ရန်ကုန်ကနေ နေပြည်တော်ကိုအလာမှာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ကနေ ကားနဲ့ အဆက်အသွယ်မပြတ်ဘဲ မိုဘိုင်းဖုန်းပြောလို့ရတဲ့အတွက် အလွန်ကျေနပ်မိပါတယ်လို့ မှတ်ချက်ပေးသွား ခဲ့ပါ တယ်။
သူတို့ရဲ့ဝေဖန်ချက်အပေါ် ဆရာက ဘယ်လိုတုံ့ပြန်ခဲ့ပါသလဲ။
“ခင်ဗျားတို့ ကံကောင်းတာပေါ့”လို့ ပြောခဲ့ပါတယ်။
ထိုင်းနိုင်ငံ True အဖွဲ့ရဲ့ မိုဘိုင်းဖုန်းလုပ်ငန်းမှာ ၀န်ထမ်းအင်အားဘယ်လောက်နဲ့ လုပ်နေတယ်လို့ သိရပါသလဲ။သူတို့မှာ မိုဘိုင်းဖုန်းလုပ်ငန်းအတွက် ၀န်ထမ်းအင်အား ၈၀၀၀ လောက်ရှိတယ်လို့ သိရတယ်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ မိုဘိုင်းဌာနမှာရော ၀န်ထမ်းအင်အား ဘယ်လောက်ရှိပါသလဲ။
အမြဲတမ်းဝန်ထမ်းဦးရေ ၂၃၀ ၊ ပုတ်ပြတ်နဲ့ နေ့စားဝန်ထမ်းဦးရေ ၁၈၈ဦး၊ စုစုပေါင်း ၀န်ထမ်းဦးရေ ၄၁၈ဦးနဲ့ မြန်မာ တစ်နိုင်ငံလုံးရဲ့ မိုဘိုင်းဖုန်းဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးနေပါတယ်။
ပြည်တွင်းမိုဘိုင်းဖုန်းအသုံးပြုသူအများစုကလည်း ၁၅၀၀တန် ဂျီအက်စ်အမ်မိုဘိုင်းဖုန်းများကို ၀ယ်ယူရန် စောင့်နေကြပြီး မိုဘိုင်းဖုန်းဆိုင်အများစုကလည်း ဂျီအက်စ်အမ်ကတ်များသာ ချပေးပါက ဈေးကွက်တွင်း ဟန်းဆက်ရောင်းအား ပိုမိုကောင်းလာနိုင်သည်ဟု ခန့်မှန်းထားကြသည်။

No comments:

Post a Comment