Sunday, March 24, 2013

၉၆၉ အမည်ခံလူသုံးဦး ဟင်္သာတမြို့ စိုးစံ စားသောက်ဆိုင်တွင် ဆူပူအုံကြွမှု ဖြစ်စေရန် မိုက်ကြေးခွဲ ရန်စမှုဖြစ်ပွား

------------------------------------
မတ်လ ၂၄၊ ၂၀၁၃ 
M-Media
သတင်း - ၀ါးပင်လေး

ဟင်္သာတ။  ။ မတ်လ ၂၂ရက် နေ့ ည ၉နာရီကျော်တွင် အစ္စလာမ်ဘာသာဝင် တစ်ဦး ပိုင်ဆိုင်သော စိုးစံ စားသောက်ဆိုင်၌ ၉၆၉အမည်ခံ လူသုံးဦး အနိုင်ကျင့် ဗိုလ်ကျကာ ရန်စမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

 အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဧရာဝတီတိုင်း ဟင်္သာတ မြို့နေ ဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာ “စိုးစံ စားသောက်ဆိုင်မှာ မဖြစ်ခင် ဥယျာဉ်တောင်ရပ်ကွက် အစ္စလာမ်ဘာသာဝင်ပိုင် 'အမှတ်တရ' လ္ဘက်ရည်ဆိုင်မှာ အဲဒီလူတွေ ၀င်စားသောက်ကြတယ်၊ ရှင်းခါနီးကျတော့ ပိုက်ဆံမပေးဘူး ဆိုင်ရှင်ကလည်း ရန်ရှောင်တဲ့ သဘောနဲ့ သည်းခံပြီး ဘာမှမပြောပဲထားလိုက်တယ်၊ အဲဒီကနေ သူတို့ ဥယျာဉ်မြောက် ရပ်ကွက်မှာရှိတဲ့ အစ္စလာမ်ဘာသာဝင်ပိုင် စိုးစံစားသောက်ဆိုင်ထဲဝင်ပြီး စားသောက်ကြပြန်တယ်၊ စားသောက်ပြီးတော့ ထပြန်ဖို့လုပ်တဲ့အခါ ဆိုင်ရှင်က ပိုက်ဆံတောင်းတော့ ပန်းကန်တွေ၊ ခုံတွေ၊ စားပွဲတွေကို ရိုက်ခွဲဖျက်ဆီးပြီး ဆိုင်ရှင်ကို လက်သီးနှင့်ထိုးကာ အဆိုပါလူရမ်းကားများမှ "မင်းတို့ ရခိုင်မှာ ဖြစ်တာတွေကို သိတယ်မဟုတ်လား၊ မိတ္ထီလာမှာလည်း ဖြစ်နေတာရော ကြားတယ်မဟုတ်လား ငါတို့က ၉၆၉အဖွဲ့က လူသုံးယောက်ပဲ" ဟုပြောပြီး ထွက်သွားကြတယ်” ဟု M-Media သို့ပြောသည်။

 အဆိုပါ ဆိုင်အနီးပတ်ဝန်းကျင်မှ ပြည်သူများက မြို့နယ်ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားရာ ၉၆၉အမည်ခံ လူရမ်းကား သုံးဦးအား ဖမ်းဆီးရာ နှစ်ဦး ဖမ်းမိပြီး တစ်ဦး ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

 လွန်ခဲ့သည့် ဖေဖော်ဝါရီလက ဟင်္သာတမြို့ ပဒေသာ ဈေးကြီးတွင် အစ္စလာမ် ဆန့်ကျင်ရေးလုပ်ရှားမှုများ ပြုလုပ်ခဲ့ပြီး တစ်ဘာသာနဲ့ တစ်ဘာသာ ချစ်ခင်ရင်းနှီးမှုကို ပျက်ပြားစေသော အရေးအသားများ ပါဝင်သည့် စာရွက်စာတမ်းများ ဝေငှခဲ့ကြောင်း၊ မြင့်မြင့်ကြည် ထမင်းဆိုင် ကျောက်တော်ကြီး ဘုရားရှေ့ ကိုကျော်စွာဆိုသူသည်  ၉၆၉ ဗွီစီဒီ တရားခွေများ ဖြန့်ချီနေကြောင်း စုံစမ်းသိရှိရသည်။

No comments:

Post a Comment