via Myanmar Muslim Net
ယနေ့ မတ်လ ၂၄ ရက်နေ့ နေ့လည် ၁နာရီအချိန်ကျင်းပပြုလုပ်ခဲ့သည့် 
တွေ့ဆုံဆွေးနွေးပွဲတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်
မစ္စတာ ဗီဂျေးနမ်ဘီယားနှင့် အဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေးနှင့်
ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ မန္တလေးတိုင်း
ဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်၊ မိထ္ထီလာခရိုင်မှ ပြည်သူ့လွှတ်တော် နှင့်
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊
ဗုဒ္ဓ္ဓသာသနာပြုဆရာတော် အရှင်ဦးဆေကိန္ဒ၊ မစိုးရိမ် တိုက်သစ်ဆရာတော်
ဦးဝီရသူ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းများမှ
ဦးဝဏ္ဏရွှေ ( အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ် ) ၊ ဦးကျော်ငြိမ်း (
အိုလမာ အဖွဲ့ချုပ်) ၊ ဦးလှဝင်း( မ.အ.ဖ အဖွဲ့ချုပ်)၊ ဦးအေးလွင်
(အစ္စလာမ့်ဓမ္မဗိမာန်)နှင့် တာဝန်ရှိ ပုဂ္ဂိုလ် များ၊့ ဒေသဆိုင်ရာ အာဏာပိုင်
အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများနှင့် ဒုက္ခသည် ကိုယ်စားလှယ်များ
တွေ့ဆုံခဲ့ စဉ် နှစ်ဖက်အပြန်အလှန် ဆွေးနွေးမှုများ ပြီးသည့်နောက် ပြည်ထောင်စု
သမ္မတရုံး ၀န်ကြီးဦးအောင်မင်းမှ အစ္စလာမ် ဘာသာရေးခေါင်းဆောင်များ
တင်ပြချက်များနှင့် ကိုက်ညီသည့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနှင့် တရားဥပဒေ စိုးမိုးရေးနှင့်
တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ ၃ဦး
ညှိနှိုင်းသဘောတူညီထားသည့် အောက်ပါ အချက်အလက်များကို တင်ပြခဲ့ပါသည်။
၎င်းသဘောတူညှိနှိုင်းချက်များမှာ …
(၁) လက်ရှိ ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများကို ထိရောက်စွာ တားဆီးပြီး ဥပဒေ ချိုးဖောက် သူများကို အရေးယူဆောင်ရွက်သွားမည်။
(၂) နောက်ထပ် သွေးထွက်သံယိုမှုများ မဖြစ်အောင် တားဆီးကာကွယ်သွားမည်။
(၃) ဒုက္ခသည်များကို ယာယီနေထိုင်စားသောက်နိုင်ရန် အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးသွားမည်။
(၄) အခြေအနေတည်ငြိမ်သည်နှင့် နေစရာရှိသူများ လုံခြုံစိတ်ချစွာ အိမ်ပြန်နိုင်ရန် စီစဉ်ပေးသွားမည်။
(၅) အိမ်ယာမဲ့ဖြစ်သူများကို ၄င်းတို့ နေထိုင်ခဲ့သော နေရာများတွင် အိမ်ယာများ ပြန်လည်ဖြစ်ပေါ် လာအောင် ကူညီဆောင်ရွက်ပေးသွားမည်။
(၆) နိုင်ငံတကာအလှူရှင်များ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်။
(၇) Community နှစ်ခုလုံး နားလည်မှု ပြန်လည်တည်ဆောက်နိုင်စေရန် Community Dialog and Workshop များ လုပ်ဆောင်သွားမည်
ဟုသိရပါသည်။
— မိတ္ထီလာမြို့ မတ်လ ၂၄ ရက်နေ့ မြင်ကွင်းများ (8 photos)

— မိတ္ထီလာမြို့ မတ်လ ၂၄ ရက်နေ့ မြင်ကွင်းများ (8 photos)ယနေ့ မတ်လ ၂၄ ရက်နေ့ နေ့လည် ၁နာရီအချိန်ကျင်းပပြုလုပ်ခဲ့သည်
(၁) လက်ရှိ ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများကို ထိရောက်စွာ တားဆီးပြီး ဥပဒေ ချိုးဖောက် သူများကို အရေးယူဆောင်ရွက်သွားမည်။
(၂) နောက်ထပ် သွေးထွက်သံယိုမှုများ မဖြစ်အောင် တားဆီးကာကွယ်သွားမည်။
(၃) ဒုက္ခသည်များကို ယာယီနေထိုင်စားသောက်နိုင်ရန် အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးသွားမည်။
(၄) အခြေအနေတည်ငြိမ်သည်နှင့် နေစရာရှိသူများ လုံခြုံစိတ်ချစွာ အိမ်ပြန်နိုင်ရန် စီစဉ်ပေးသွားမည်။
(၅) အိမ်ယာမဲ့ဖြစ်သူများကို ၄င်းတို့ နေထိုင်ခဲ့သော နေရာများတွင် အိမ်ယာများ ပြန်လည်ဖြစ်ပေါ် လာအောင် ကူညီဆောင်ရွက်ပေးသွားမည်။
(၆) နိုင်ငံတကာအလှူရှင်များ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်။
(၇) Community နှစ်ခုလုံး နားလည်မှု ပြန်လည်တည်ဆောက်နိုင်စေရန် Community Dialog and Workshop များ လုပ်ဆောင်သွားမည်
ဟုသိရပါသည်။
No comments:
Post a Comment