ပထမဆုံးတော့ ကျွန်တော်က ဗမာ၊ ရေမရောသည့် ဗုဒ္ဓဘာသာစစ်စစ်၊ အစွန်းနှစ်ဘက်လွတ် သည့် မြတ်စွာဘုရား၏ အလယ်အလတ်လမ်းစဉ်ကို ယုံကြည်လေးစား၍ တတ်နိုင်သမျှ ကျင့်ကြံနေထိုင်သူ (ဘုရားရှိခိုးဖို့ အပျင်းထူသော်လည်း) ဖြစ်ကြောင်းတော့ ဆိုပါရစေ။
အမှန်တော့ '၉၆၉' ခေတ်စားလာ၍ အတွေးပေါက်ကာ ဟိုရှာဒီရှာ လုပ်မိခြင်းဖြစ်ပြီး ဗဟုသုတ တစ်ခု အဖြစ်ရေးမိခြင်းသာဖြစ်သည်။ (မရေးခင် စက်ရုံရှိ ဘကုန်းများအား အင်တာဗျူးလုပ်ကြည့်သော အခါ ယောင်ဝါးဝါးသာဖြေကြသည်။ 786 သိသလားဆိုတော့ သိတာပေါ့ဟုဖြေကာ အဓိပ္ပါယ်မေးတော့ 'အင်း' 'အဲ'လုပ်ကုန်သည်။)
'786' ဆိုသည်မှာ အာရဗီ (Arbic) စကား 'Bismillah al-Rahman al-Rahim' ကို 'Abjad numerical' နည်းအရ (စုစုပေါင်းတန်ဘိုး "786") ခေါ်ဆိုခြင်းဖြစ်သည်။ အဆင်ပြေအောင် ဘာသာပြန်ရလျင် "အကြင်နာတရား၊ မေတ္တာ ကရုဏာ ကျေးဇူးတော်ဂုဏ်နှင့်ပြည့်စုံတေ
Abjad numerals စနစ်သည် အာရဗီ ဗျည်း ၂၈ ခုကို ဂဏန်းများသုံးသော နည်းအဖြစ် ၈ ရာစု မတိုင်ခင်မှ စတင်အသုံးပြုသောနည်းဖြစ်သည်။ တစ်မှ ၁၀၀၀ အထိ သတ်မှတ်ဖော်ပြနိုင်ပြီး အောက်တွင်လေ့လာ နိုင်သည်။ (ဓါတ်ပုံနှင့်တွဲ၍ ကြည့်ရှုနိုင်သည်)။
بسم الله الرحمن الرحيم
"Bismillah al-Rahman al-Rahim"
(2+60+40+1+30+30+5+1+30+200+8+
No comments:
Post a Comment