ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင် ၏ သမ္မတထံ
အစီအရင်ခံမည့်ရက်အား နိုဝင်ဘာ ၁၆-ရက်နေ့မှ မတ်လ ၃၁-
နေ့သို့ရွှေ့ဆိုင်းခဲ့ပြီး စုံစမ်းရေးကော်မရှင်အဖွဲ့၏ နောက်ဆုံး တင်ပြမည့် အစီအရင်ခံစာရက် မတ်လ ၃၁-နေ့ သည် တဖြည်ဖြည်းနီးကပ်လာသည်။
ရခိုင်အရေးနှင့် ပတ်သက်၍ ၇-လကျော်ကြာ လေ့လာ သုတေသန ပြုခဲ့သော နိုင်ငံတော်သမ္မတ ထံတင်ပြမည့် ၄င်းအစီအရင်ခံစာနှင့် ပတ်သက်၍ အမှန်တရား အတိုင်း ဖြစ်စေရန် ပြည်သူများက လိုလားလျက်ရှိသည်။
“ မကြာခင် နောက်ဆုံးအစီအရင်ခံစာ ထွက်မယ်လို့ ကြားရတယ်။ အဲဒီ အစီအရင်ခံစာကို အမှန် အတိုင်း ဖြစ်စေချင်တယ်။ စုံစမ်းရေးကော်မရှင်က သုတေသနအဖွဲ့ဟာ စက်တင်ဘာ ၁၃-ရက်နေ့က တစ်ကြိမ် ၊ ၂၀၁၃ ဇန်န၀ါရီ လက တစ်ကြိမ် ကျော်နီမော်ကို ရောက်ပါတယ်။ ဗုဒ္ဓဘာသာ ရခိုင် လူမျိုးတွေဘက် နဲ့ အစ္စလာမ် ဘာသာဝင် တွေဘက်က ၂-ယောက်စီက သူတို့ အဖွဲ့နဲ့ တွေ့တယ်။ ရခိုင်တွေ ကတော့ ကျွန်တော် တို့ကို ဘင်္ဂလားကလာတဲ့ ဘင်္ဂလီတွေ လို့ စွပ်စွဲတယ်။ ကျွန်တော်တို့ရဲ့ မူလဇစ်မြစ်ကို အမှန်အတိုင်းသိရအောင် အဲဒီသုတေသန အဖွဲ့ကို ကျွန်တော်တို့က ကျောက်ထရံ ရွာကို ခေါ်သွားတယ်။ အဲဒီမှာ ဗလီကြီးနဲ့ ဗလီချေ ဆိုပြီး ဗလီနှစ်လုံးရှိတယ်။ အဲဒီ ဗလီကြီးတွေ ဆောက်တာ နှစ်ပေါင်း ၈၀၀-လောက်ရှိပြီ။ သူတို့အဖွဲ့ကို ဗလီကြီး ရဲ့ အုတ်ပြား တွေကို ပြ တယ်။ ဓါတ်ပုံရိုက်ခိုင်းတယ်။ အတိအကျသိချင်ရင် ဒီအုတ်ပြားတွေကို ကာဗွန်နည်းနဲ့ စစ်ဆေးနိုင်တယ်လို့ ကျွန်တော် တို့ ပြောပြခဲ့ တယ်။ သုတေသန အဖွဲ့လည်း ကျွန်တော်ပြတဲ့ အထောက် အထား တွေကို မှတ်တမ်းတင်ပြုစုသွား တာတွေ့ရ တယ်။ ကျွန်တော်တို့လည်းအမှန်အတိုင်းရှင်းပြခဲ့တယ် ” ဟု ရမ်းဗြဲမြို့ နယ် ကျောက်နီမော် ဒေသခံတစ်ဦးက ပြောပါသည်။
ကျောက်နီမော်ကျေးရွာရှိ အစ္စလာမ် ဘာသာဝင်များသည် တိုင်းရင်းသား လူမျိုး ၁၃၅ စုစာရင်းဝင် ကမန် တိုင်းရင်းသားများဖြစ်ကြသော်လည်း နိုင်ငံသား မှတ်ပုံတင်ရာတွင် ကန့်သတ်မှုများနှင့် ရင်ဆိုင်ရသည်။ “မိသားစု ၀င်အားလုံးမှာ နိုင်ငံသားမှတ်ပုံတင်ရှိကြသော်လ ည်း ကဒ်မရသေးတဲ့ မိသားစုဝင်တချို့ကို အခုနောက် ပိုင်းမှာ နိုင်ငံသား မှတ်ပုံတင် မထုတ် ပေးကြဘူး။ မိဘမှာလည်းနိုင်ငံသားကဒ်ပြားရှိ တယ် ၊ အစ်ကိုဖြစ် သူမှာလည်းနိုင်ငံသားကဒ်ပြားရှိတ ယ်။ ဒါပေ မယ့် ညီဖြစ်သူကျတော့ မထုတ်ပေးတာ တွေရှိနေတယ်။ ဒါဟာ ဥပဒေနည်းလမ်းမကျဘူး ” ဟု ၎င်းဒေသခံက ပြောပါသည်။
ရခိုင်ပြည်နယ် ပဋိပက္ခအား လေ့လာ စုံစမ်းနေစဉ်ကာလအတွင်း မှာပင် ရခိုင်ပြည်နယ် နေရာများစွာတွင် အစ္စလာမ် ဘာသာဝင် များအား ဒုတိယအကြိမ် ပစ်မှတ်ထား တိုက်ခိုက်မှုဖြစ်ပွားခဲ့သော်လည်း သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ခြင်းမရှိခဲ့ချေ။
၂၀၁၂၊ ဒီဇင်ဘာ ၁၀ရက်နေ့တွင် ကျောက်နီမော် တောင်ပိုင်းရပ်ကွက်မှ စက်လှေငယ်တစ်စီးအား ရခိုင်လူမျိုး ၃၀ ပါ ငါးဖမ်းပိုက်ဆွဲ စက်လှေ ကြီးတစ်စီးက ပင်လယ်ပြင်တွင် တိုက်ပစ်နစ်မြုပ်မှု တစ်ရပ်ဖြစ်ပွားခဲ့သည်။
၂၀၁၃ ဖေဖော်ဝါရီ ၆ရက်နေ့ တွင် ကျောက်နီမော်ကျေးရွာ ဟုံးဝရွာရှိ မွတ်စလင်နေအိမ်တစ်လုံးအား မီးကွင်းပစ် ခဲ့သဖြင့် အိမ်ခေါင်းမိုး လောင်ကျွမ်းခဲ့ရသော်လည်း တရားခံအား ဖမ်းဆီးအရေးယူခဲ့ခြင်းမရှိခဲ့ချေ။
“အကြမ်းဖက်မှုတွေ ဖြစ်တော့ လမ်းပန်းဆက်သွယ်ရေး ၊ စားဝတ်နေရေးတွေ ခက်ခဲသွားတယ်။ အဓိက က တော့ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ကြတယ်။ ဒုတိယအကျော့ အကြမ်းဖက်ဖို့ ကြိုးပမ်းမှုတွေ ဖြစ်ပေါ် ခဲ့တဲ့ နောက် မှာပြီးခဲ့တဲ့ ၂-လလောက်က တောင်ကုတ် ဘက် လှေတွေ ကျောက် နီမော် က ငါးဖမ်းလှေတချို့ကို တိုက်ခိုက် ခဲ့ကြတယ်။ အဲဒီနောက်မှာတော့ ပင်လယ်ပြင်ကို သီးခြား မသွားရဲကြတော့ဘူး။ အုပ်စုလိုက်ပဲ ငါးဖမ်း ထွက်ကြ တော့တယ်” ဟု ဒေသခံများ၏ စီးပွားရေး အခြေအနေနှင့် ပတ်သက်၍ ၎င်းးကရှင်းပြသည်။
စုံစမ်းရေးကော်မရှင်သည် အဖွဲ့ငယ် ၈-ခုဖြင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေသော ပဋိပက္ခဖြစ် ပွားရသည့် အကြောင်းရင်းများ၊ ပဋိပက္ခဖြစ် ပွား မှုကြောင့် သေဆုံးဒဏ်ရာရမှုများ၊ ပျက်စီးဆုံးရှုံးမှုများနှင့် တခြား ထိခိုက်မှု များ၊ တည်ငြိမ်အေးချမ်း မှု ရရှိစေ ရန်အတွက် ဥပဒေစိုးမိုးရေး ဆောင်ရွက်မှု၊ ကယ်ဆယ်ရေး လုပ်ငန်း များနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှု၊ ကယ်ဆယ်ရေးလုပ်ငန်း များနှင့် ပြန်လည် ထူထောင် ရေး လုပ်ငန်းများကို ဆောင်ရွက်ပေး နိုင်မှု၊ ပဋိပက္ခ ချုပ်ငြိမ်းရေး အတွက် ရေတို၊ ရေရှည် ဆောင် ရွက်သင့် သည့် အချက်များ၊ ကွဲပြားသော ဘာသာ အယူဝါဒရှိသူ မတူညီသည့် လူမျိုးစုများအကြား ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေ ထိုင်နိုင်မည့် နည်းလမ်းများ၊ ဥပဒေ စိုးမိုးရေး အကြံပြုချက်များ၊ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုး တိုး တက်မှုဆိုင်ရာ အကြံပြုချက်များကို ၇-လကြာ အချိန်ယူလေ့လာ ခဲ့သည်။
“စုံစမ်းရေးကော်မရှင်ရဲ့ နောက်ဆုံး အစီအရင်ခံစာက ကျွန်တော်တို့အတွက် ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့စုံစမ်းမှု လုပ်နေတဲ့အချိန်အတွင်းမှာပဲ မွတ်စလင်တွေအပေါ် ပစ်မှတ်ထားတဲ့ ဒုတိယအကြိမ် အကြမ်းဖက်မှုတွေ ဖြစ်တယ်။ ဘာမှ ထိထိရောက်ရောက် မဆောင်ရွက်နိုင်ခဲ့ဘူး။ လူတွေပဲ ဒုက္ခသည်စခန်းရောက်သွားတယ်။ ပင်လယ်ထဲထွက်ပြေးခဲ့ရတယ်” ဟု စစ်တွေမြို့နေ ဒေသခံ တစ်ဦးက ပြောပါသည်။
“ငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေးကို အခြေခံပြီး တင်ပြမယ်။ ဒါပေမယ့် မွတ်စလင်တွေရဲ့ အခြေ ခံ လိုအပ်ချက်တွေကို ထောက်ပံ့ပေးမယ်လို့ မမြင်ဘူး။ သိပ်အားကိုးလောက်တဲ့ အစီအရင်ခံစာ လို့မမြင်ဘူး” ဟု ရန်ကုန်မြို့မှ ဦးကျော်မင်းက သုံး သပ်သည်။
ကုလသမဂ္ဂ ၊ အိုအိုင်စီ ၊ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့
၊ အာဆီယံ စသည့် နိုင်ငံတကာ အသိုင်းအ၀ိုင်း အလယ်တွင်
ရခိုင်အရေးနှင့်ပတ်သက်၍ သမ္မတ ဦးသိန်းစိန် မျက်နှာမရဖြစ်ခဲ့ခြင်းအပေါ်
ရခိုင်ကော်မရှင် မှ အဖတ် ဆယ်နိုင်ရန် မျှမျှတတ ဖော်ပြနိုင်မည် ဟု အချို့က
ယုံကြည်ကြသည်။
“ကျွန်တော့်အထင်ကတော့ အခုထွက်မယ့် အစီအရင်ခံစာကို ရခိုင်ကရော ၊ ရိုဟင်ဂျာဘက်ကရော သိပ်ပြီး ကြိုက်ကြမှာ မဟုတ်ဘူးလို့ မြင်တယ်။ ရခိုင်တွေရဲ့ လူမျိုးရေး အစွန်းရောက်မှုတွေ ၊အကြမ်းဖက်မှုတွေ ရှိနေ သလို ရိုဟင်ဂျာတွေရဲ့ အားနည်းချက် တွေရှိနေတယ်။ ဒါကို အလယ်လတ်ကျကျ တင်ပြသွားမယ့်ပုံရှိတယ်။ ဘက်လိုက်မှု ရှိမှာ မဟုတ်ဘူး လို့ထင်တယ်။ အထူးသဖြင့် ရခိုင်ကော်မရှင်အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်က နိုင်ငံတကာ အဆင့်ရှိတဲ့ ပညာရှင်ပဲ ”ဟု မော်လမြိုင်မြို့နေ နိုင်ငံရေး လေ့လာသူ တစ်ဦး က သုံးသပ်သည်။
၂၀၁၂ သြဂုတ်လ ၁၇ ရက်နေ့ သမ္မတရုံး ထုတ်ပြန်ကြေညာချက်ဖြင့် ဖွဲ့စည်းပေးလိုက်သော အဖွဲ့ဝင် ၂၇ ဦးပါ စုံစမ်းစစ်ဆေးရေး ကော်မရှင် တွင် အစ္စလာမ် သာသနာရေးရာ ကောင်စီ ဌာနချုပ်မှ ဥက္ကဋ္ဌ ဟာဂျီ ဦးညွန့်မောင်သျှိန်နှင့် အတွင်းရေးမှူး ဟာဂျီ ဦးတင်မောင်သန်း တို့အား နိုဝင်ဘာ ၁ရက်နေ့တွင် ခိုင်လုံသည့် အကြောင်းပြချက်မရှိပဲ သမ္မတရုံးအမိန့်ဖြင့် တာဝန်မှ ရပ်စဲခဲ့သဖြင့် ရခိုင်ကော်မရှင်တွင် ကိုယ်စားလှယ် ၂၅-ဦးသာ ကျန်ရှိတော့ သည်။
ရခိုင်အရေးနှင့် ပတ်သက်၍ ၇-လကျော်ကြာ လေ့လာ သုတေသန ပြုခဲ့သော နိုင်ငံတော်သမ္မတ ထံတင်ပြမည့် ၄င်းအစီအရင်ခံစာနှင့် ပတ်သက်၍ အမှန်တရား အတိုင်း ဖြစ်စေရန် ပြည်သူများက လိုလားလျက်ရှိသည်။
“ မကြာခင် နောက်ဆုံးအစီအရင်ခံစာ ထွက်မယ်လို့ ကြားရတယ်။ အဲဒီ အစီအရင်ခံစာကို အမှန် အတိုင်း ဖြစ်စေချင်တယ်။ စုံစမ်းရေးကော်မရှင်က သုတေသနအဖွဲ့ဟာ စက်တင်ဘာ ၁၃-ရက်နေ့က တစ်ကြိမ် ၊ ၂၀၁၃ ဇန်န၀ါရီ လက တစ်ကြိမ် ကျော်နီမော်ကို ရောက်ပါတယ်။ ဗုဒ္ဓဘာသာ ရခိုင် လူမျိုးတွေဘက် နဲ့ အစ္စလာမ် ဘာသာဝင် တွေဘက်က ၂-ယောက်စီက သူတို့ အဖွဲ့နဲ့ တွေ့တယ်။ ရခိုင်တွေ ကတော့ ကျွန်တော် တို့ကို ဘင်္ဂလားကလာတဲ့ ဘင်္ဂလီတွေ လို့ စွပ်စွဲတယ်။ ကျွန်တော်တို့ရဲ့ မူလဇစ်မြစ်ကို အမှန်အတိုင်းသိရအောင် အဲဒီသုတေသန အဖွဲ့ကို ကျွန်တော်တို့က ကျောက်ထရံ ရွာကို ခေါ်သွားတယ်။ အဲဒီမှာ ဗလီကြီးနဲ့ ဗလီချေ ဆိုပြီး ဗလီနှစ်လုံးရှိတယ်။ အဲဒီ ဗလီကြီးတွေ ဆောက်တာ နှစ်ပေါင်း ၈၀၀-လောက်ရှိပြီ။ သူတို့အဖွဲ့ကို ဗလီကြီး ရဲ့ အုတ်ပြား တွေကို ပြ တယ်။ ဓါတ်ပုံရိုက်ခိုင်းတယ်။ အတိအကျသိချင်ရင် ဒီအုတ်ပြားတွေကို ကာဗွန်နည်းနဲ့ စစ်ဆေးနိုင်တယ်လို့ ကျွန်တော် တို့ ပြောပြခဲ့ တယ်။ သုတေသန အဖွဲ့လည်း ကျွန်တော်ပြတဲ့ အထောက် အထား တွေကို မှတ်တမ်းတင်ပြုစုသွား တာတွေ့ရ တယ်။ ကျွန်တော်တို့လည်းအမှန်အတိုင်းရ
ကျောက်နီမော်ကျေးရွာရှိ အစ္စလာမ် ဘာသာဝင်များသည် တိုင်းရင်းသား လူမျိုး ၁၃၅ စုစာရင်းဝင် ကမန် တိုင်းရင်းသားများဖြစ်ကြသော်လည်
ရခိုင်ပြည်နယ် ပဋိပက္ခအား လေ့လာ စုံစမ်းနေစဉ်ကာလအတွင်း မှာပင် ရခိုင်ပြည်နယ် နေရာများစွာတွင် အစ္စလာမ် ဘာသာဝင် များအား ဒုတိယအကြိမ် ပစ်မှတ်ထား တိုက်ခိုက်မှုဖြစ်ပွားခဲ့သော်လည
၂၀၁၂၊ ဒီဇင်ဘာ ၁၀ရက်နေ့တွင် ကျောက်နီမော် တောင်ပိုင်းရပ်ကွက်မှ စက်လှေငယ်တစ်စီးအား ရခိုင်လူမျိုး ၃၀ ပါ ငါးဖမ်းပိုက်ဆွဲ စက်လှေ ကြီးတစ်စီးက ပင်လယ်ပြင်တွင် တိုက်ပစ်နစ်မြုပ်မှု တစ်ရပ်ဖြစ်ပွားခဲ့သည်။
၂၀၁၃ ဖေဖော်ဝါရီ ၆ရက်နေ့ တွင် ကျောက်နီမော်ကျေးရွာ ဟုံးဝရွာရှိ မွတ်စလင်နေအိမ်တစ်လုံးအား မီးကွင်းပစ် ခဲ့သဖြင့် အိမ်ခေါင်းမိုး လောင်ကျွမ်းခဲ့ရသော်လည်း တရားခံအား ဖမ်းဆီးအရေးယူခဲ့ခြင်းမရှိခဲ့ခေ
“အကြမ်းဖက်မှုတွေ ဖြစ်တော့ လမ်းပန်းဆက်သွယ်ရေး ၊ စားဝတ်နေရေးတွေ ခက်ခဲသွားတယ်။ အဓိက က တော့ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ကြတယ်။ ဒုတိယအကျော့ အကြမ်းဖက်ဖို့ ကြိုးပမ်းမှုတွေ ဖြစ်ပေါ် ခဲ့တဲ့ နောက် မှာပြီးခဲ့တဲ့ ၂-လလောက်က တောင်ကုတ် ဘက် လှေတွေ ကျောက် နီမော် က ငါးဖမ်းလှေတချို့ကို တိုက်ခိုက် ခဲ့ကြတယ်။ အဲဒီနောက်မှာတော့ ပင်လယ်ပြင်ကို သီးခြား မသွားရဲကြတော့ဘူး။ အုပ်စုလိုက်ပဲ ငါးဖမ်း ထွက်ကြ တော့တယ်” ဟု ဒေသခံများ၏ စီးပွားရေး အခြေအနေနှင့် ပတ်သက်၍ ၎င်းးကရှင်းပြသည်။
စုံစမ်းရေးကော်မရှင်သည် အဖွဲ့ငယ် ၈-ခုဖြင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေသော ပဋိပက္ခဖြစ် ပွားရသည့် အကြောင်းရင်းများ၊ ပဋိပက္ခဖြစ် ပွား မှုကြောင့် သေဆုံးဒဏ်ရာရမှုများ၊ ပျက်စီးဆုံးရှုံးမှုများနှင့် တခြား ထိခိုက်မှု များ၊ တည်ငြိမ်အေးချမ်း မှု ရရှိစေ ရန်အတွက် ဥပဒေစိုးမိုးရေး ဆောင်ရွက်မှု၊ ကယ်ဆယ်ရေး လုပ်ငန်း များနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှု၊ ကယ်ဆယ်ရေးလုပ်ငန်း များနှင့် ပြန်လည် ထူထောင် ရေး လုပ်ငန်းများကို ဆောင်ရွက်ပေး နိုင်မှု၊ ပဋိပက္ခ ချုပ်ငြိမ်းရေး အတွက် ရေတို၊ ရေရှည် ဆောင် ရွက်သင့် သည့် အချက်များ၊ ကွဲပြားသော ဘာသာ အယူဝါဒရှိသူ မတူညီသည့် လူမျိုးစုများအကြား ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေ ထိုင်နိုင်မည့် နည်းလမ်းများ၊ ဥပဒေ စိုးမိုးရေး အကြံပြုချက်များ၊ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုး တိုး တက်မှုဆိုင်ရာ အကြံပြုချက်များကို ၇-လကြာ အချိန်ယူလေ့လာ ခဲ့သည်။
“စုံစမ်းရေးကော်မရှင်ရဲ့ နောက်ဆုံး အစီအရင်ခံစာက ကျွန်တော်တို့အတွက် ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့စုံစမ်းမှု လုပ်နေတဲ့အချိန်အတွင်းမှာပဲ မွတ်စလင်တွေအပေါ် ပစ်မှတ်ထားတဲ့ ဒုတိယအကြိမ် အကြမ်းဖက်မှုတွေ ဖြစ်တယ်။ ဘာမှ ထိထိရောက်ရောက် မဆောင်ရွက်နိုင်ခဲ့ဘူး။ လူတွေပဲ ဒုက္ခသည်စခန်းရောက်သွားတယ်။ ပင်လယ်ထဲထွက်ပြေးခဲ့ရတယ်” ဟု စစ်တွေမြို့နေ ဒေသခံ တစ်ဦးက ပြောပါသည်။
“ငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေးကို အခြေခံပြီး တင်ပြမယ်။ ဒါပေမယ့် မွတ်စလင်တွေရဲ့ အခြေ ခံ လိုအပ်ချက်တွေကို ထောက်ပံ့ပေးမယ်လို့ မမြင်ဘူး။ သိပ်အားကိုးလောက်တဲ့ အစီအရင်ခံစာ လို့မမြင်ဘူး” ဟု ရန်ကုန်မြို့မှ ဦးကျော်မင်းက သုံး သပ်သည်။
ကုလသမဂ္ဂ ၊ အိုအိုင်စီ ၊ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွ
“ကျွန်တော့်အထင်ကတော့ အခုထွက်မယ့် အစီအရင်ခံစာကို ရခိုင်ကရော ၊ ရိုဟင်ဂျာဘက်ကရော သိပ်ပြီး ကြိုက်ကြမှာ မဟုတ်ဘူးလို့ မြင်တယ်။ ရခိုင်တွေရဲ့ လူမျိုးရေး အစွန်းရောက်မှုတွေ ၊အကြမ်းဖက်မှုတွေ ရှိနေ သလို ရိုဟင်ဂျာတွေရဲ့ အားနည်းချက် တွေရှိနေတယ်။ ဒါကို အလယ်လတ်ကျကျ တင်ပြသွားမယ့်ပုံရှိတယ်။ ဘက်လိုက်မှု ရှိမှာ မဟုတ်ဘူး လို့ထင်တယ်။ အထူးသဖြင့် ရခိုင်ကော်မရှင်အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်က နိုင်ငံတကာ အဆင့်ရှိတဲ့ ပညာရှင်ပဲ ”ဟု မော်လမြိုင်မြို့နေ နိုင်ငံရေး လေ့လာသူ တစ်ဦး က သုံးသပ်သည်။
၂၀၁၂ သြဂုတ်လ ၁၇ ရက်နေ့ သမ္မတရုံး ထုတ်ပြန်ကြေညာချက်ဖြင့် ဖွဲ့စည်းပေးလိုက်သော အဖွဲ့ဝင် ၂၇ ဦးပါ စုံစမ်းစစ်ဆေးရေး ကော်မရှင် တွင် အစ္စလာမ် သာသနာရေးရာ ကောင်စီ ဌာနချုပ်မှ ဥက္ကဋ္ဌ ဟာဂျီ ဦးညွန့်မောင်သျှိန်နှင့် အတွင်းရေးမှူး ဟာဂျီ ဦးတင်မောင်သန်း တို့အား နိုဝင်ဘာ ၁ရက်နေ့တွင် ခိုင်လုံသည့် အကြောင်းပြချက်မရှိပဲ သမ္မတရုံးအမိန့်ဖြင့် တာဝန်မှ ရပ်စဲခဲ့သဖြင့် ရခိုင်ကော်မရှင်တွင် ကိုယ်စားလှယ် ၂၅-ဦးသာ ကျန်ရှိတော့ သည်။
No comments:
Post a Comment