Google အင်တာနက် ၀န်ဆောင်မှုကုမ္ပဏီ၏ အမှုဆောင်ဥက္ကဌ Eric Schmidt သည် မတ်လ ၂၂
ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။Eric
Schmidt သည် ဇန်န၀ါရီလ အတွင်းက မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်ခဲ့ပြီး
ယခုအခါ မြန်မာနိုင်ငံအား အနောက်နိုင်ငံများက ပိတ်ဆို့အရေးယူမှုများ
လျော့ချကြောင်း ကြေညာပြီးနောက် အမေရိကန် အဆင့်မြင့် နည်းပညာ ကုမ္ပဏီ တစ်ခု၏
အမှုဆောင်ဥက္ကဌ တစ်ဦးအနေဖြင့် မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်မည့်
ခရီးဖြစ်သည်။
အင်တာနက်
အသုံးပြုနိုင်မှု တိုးမြှင့်ရေးအတွက် အာရှနိုင်ငံများသို့ သွားရောက်မည့် ၎င်း၏
ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ ၀င်ရောက်မည်ဖြစ်ကာ MICT တွင်
နည်းပညာ ဆိုင်ရာ ဟောပြောပွဲ တစ်ခုကို ပြုလုပ်မည်ဖြစ်ပြီး နေပြည်တော်သို့
ဆက်လက်သွားရောက်ကာ အစိုးရ ထိပ်ပိုင်းအရာရှိ များနှင့် လည်း
တွေ့ဆုံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်
အတွင်းရေးမှူး ဦးဇော်မင်းဦး က ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းဌာန၏
ဖော်ပြချက်အရ သိရသည်
၎င်းအနေဖြင့် မြောက်ကိုရီးယားသို့ သွားရောက်ခဲ့သည့်
ခရီးစဉ်သည် ကိုယ်ရေးကိုယ်တာ ခရီးစဉ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ
ခရီးစဉ်မှာမူ Google ကုမ္ပဏီ၏ အမှုဆောင် ဥက္ကဌတစ်ဦးအနေဖြင့် လုပ်ငန်း ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် သွားရောက်မည်ဖြစ်ကြောင်း ကုမ္ပဏီ၏
ကြေညာ ချက် တွင် ဖော်ပြထားသည်။
Eric Schmidt သည် Google ၏
အမှုဆောင်ချုပ်အဖြစ် ၂၀၀၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ လုပ်ကိုင်ခဲ့သူ
တစ်ဦးလည်းဖြစ်ပြီး အဆိုပါကာလအတွင်း ဆင်ဆာနှင့် ဟက်ကာပိုင်းဆိုင်ရာ
အငြင်းပွားမှု ပြဿနာ များကြောင့် တရုတ်နိုင်ငံမှ Google ကုမ္ပဏီကို
ရုပ်သိမ်းခဲ့သည်။
"Schmidt ရဲ့ အာရှခရီးစဉ်အတွင်း အွန်လိုင်းကနေတစ်ဆင့်
ကမ္ဘာ့သတင်းတွေကို Google အသုံးပြုတွေ အနေနဲ့ ဦးဦးဖျားဖျား
ရရှိစေနိုင်ဖို့ အကူအညီပေးမယ့် ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်" ဟု
ကုမ္ပဏီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
EMG
No comments:
Post a Comment