Sunday, March 17, 2013

မြောက်ဦးတွင် လုံခြုံရေးတာဝန်ကျရဲ တပ်ဖွဲ.၀င်များ ပြသာနာဖြစ်ပွားမှုကြောင့် ၃မြို.နယ် ဆက်သွယ်ရေးများပြတ်တောက်နေခဲ့

မြောက်ဦးမြို.နယ် ဆက်သွယ်ရေး မိုက္ကရို စခန်းမှာ တာဝန်ကျနေတဲ့ လုံခြုံရေးတပ်ဖွဲ.၀င်တွေ အရက်သေစာသောက်စားပီး မူးယစ် ယမ်းကားမှုကြောင့်စက်အချို. ချို.ယွင်းပြတ်စီးမှူတွေဖြစ်ပေါ်ခဲ့တဲ့အတွက်မင်းပြား၊မြောက်ဦးနဲ့ ကျောက်တောမြို.နယ်တွေမှာ GSMနဲ့CDMAဖုန်းလိုင်းဆက်သွယ်ရေးတွေ မတ်လ ၁၅ ရက်နေ. မနက်၆နာရီကစတင်ပီးပြတ်တောက်သွားခဲ့တယ်လို. မြောက်ဦးမြို. မိုက္ကရို ဆက်သွယ်ရေး စခန်းတာဝန်ခံ ဦးကျော်စံမောင်က ပြောပါတယ်“မိုက္ကရို စခန်းမှာ လုံခြုံရေးတာဝန်ကျနေတဲ့ ရဲတပ်သားကျော်ရှိန်း(ခ)ချစ်စု နဲ့ ရဲတပ်ကြပ် တင်မောင်ဝင်းတို. အချင်းများစကားများရာကနေ ဓါးနဲ့ ရမ်းကားတဲ့အတွက် ဆက်သွယ်ရေးဝန်ထမ်းတွေဆင်းပြေကြရတယ်၊ဆက်သွယ်ရေးစခန်းက မြို.နဲ ၃မိုင်လောက်ဝေးပီးတောင်ပေါ်မှာရှိနေတာဆိုတော့ လူတွေနဲ့အလှမ်းဝေးတယ်….ပြည်နယ်ကို ဆက်သွယ်ပီးနောက်နေ့ မနက်ပိုင်း မှာ တက်ပီးစစ်ဆေးတဲ့ အချိန်ကျတော့ ဘက်ထ၇ီတွေက လုံးဝသုံးလို.မရတော့အောင်ဖြစ်နေတယ်..
အမြန်ဆုံးတော့ ပြန်ပြင်နေပါတယ်..ရန်ကုန်ကနေလည်မီးစက်ကြီးတလုံးလှမ်းမှာထားပါတယ်”လို. မိုက္ကရို တာဝန်ခံ ဦးကျော်စံမောင်ကပြောပါတယ်မြောက်ဦးမြို.နယ်အတွင်း ဆက်သွယ်ရေးတွေပြတ်တောက်နေချိန် ဟဆယ်တန်းစာမေးပွဲတွေဖြေဆိုနေကြတဲ့ အချိန်ဖြစ်ပီး ပုံမှန်အချိန်မှာလည်းဆက်သွယ်ရေးတွေဟာ တခြားမြို.တွေထက် လိုင်းပြတ်တောက်မှူတွေ များတယ်လို.ဒေသခံတွေက ပြောပါတယ်။ ဒီလိုပြဿနာဖြစ်ပြီး နောက်နေ့ အထိ ဆက်သွယ်ရေးကောင်းကောင်း အဆင် မပြေဖြစ်နေတယ်လို့လည်း ပြောပါတယ်။

No comments:

Post a Comment