Tuesday, February 5, 2013

ပြန်လည် ထူထောင်ရေးနှင့် နေရာချထားရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်မှုများ ဆွေးနွေး

ယမန်နေ့ ညနေ ၄ နာရီခွဲက နယ်စပ် ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးအား ဥရောပ သမဂ္ဂ ဒုတိယ ဥက္ကဋ္ဌနှင့် နိုင်ငံခြား ရေးရာနှင့် လုံခြုံရေးရာ အကြီးအကဲ မစ္စစ်ကက် သရင်းအက်ရှ်တန်၏

အကြံပေး ပုဂ္ဂိုလ် မစ္စတာ ရောဘတ်ကူးပါး ဦးဆောင်သော အဖွဲ့သည်  အဆိုပါ ဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံသည်။ တွေ့ဆုံစဉ် ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် အခြေအနေ အရပ်ရပ်ကြောင့် ထိခိုက် ခံစားရသူများ အတွက် နိုင်ငံတော် အစိုးရ၊ ပြည်သူ၊ ကုလ သမဂ္ဂအဖွဲ့ အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ ပေါင်းစပ် ညှိနှိုင်း၍ ပြန်လည် ထူထောင်ရေးနှင့် ပြန်လည် နေရာချထားရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်ပေး နေမှုများ၊ ထိုသို့ ဆောင်ရွက်ရာတွင် ရင်ဆိုင် ကြုံတွေ့ရသော အခက်အခဲများ၊ ထိခိုက် ခံစားခဲ့ရသည့် နှစ်ဖက်လူ့ အဖွဲ့ အစည်း အတွက် သာမက ရခိုင်ဒေသ အတွင်းရှိ ပြည်သူ တစ်ရပ်လုံး အတွက် လမ်းပန်း ဆက်သွယ်ရေး၊ စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူသားအရင်း အမြစ် ဖွံ့ဖြိုး တိုးတက်ရေး စသည့် ရှေ့လုပ် ငန်းစဉ်များ အတွက် ဆွေးနွေး ခဲ့ကြကြောင်း သတင်း ရရှိသည်။      

http://www.myawady.net.mm/allnews/local/item/5980-2013-02-02-09-36-53#.UQyVefJafro

No comments:

Post a Comment