လူကုန်ကူးခံရသူမှ အမှုဖွင့်တိုင်ကြား
နမ့်ခမ်း ၊ ၄-၂-၂၀၁၃
ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ခမ်းမြို့ ရှိ လူကုန်ကူးမှု ကာကွယ်
တာဆီးရေး အထူးအဖွဲ့ရုံး သို့ ဇန်န၀ါရီ ၃၁ ရက်နေ့ နံနက် ၉ နာရီက အမျိုးသမီး
တစ်ဦး လူကုန်ကူး ခံရမှုနှင့် ပတ်သက်၍ လာရောက် သတင်းပေး ခဲ့ကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ နမ့်ခမ်းမြို့နယ် ၊ ဆာလု
ကျေးရွာနေ မလှရင် ၊ ၃၆ နှစ် (ဘ) ဦးခမ်းဆွဲတာလုံ သည် လူကုန်ကူးမှု ကာကွယ်
တားဆီးရေး အထူး အဖွဲ့ရုံး သို့ ရောက်ရှိလာပြီး သူမအား မအီပွယ် ၄၀နှစ် (ဘ)
ဦးလွယ်ခမ်း ( ဆာလု ကျေးရွာ ၊ နမ့်ခမ်း ) နှင့် မမာမွေ ၃၀ နှစ်
(မန့်နိမ်းလုံရွာ ၊ ကွတ်ခိုင်) (တိမ်းရှောင်)တို့ ၂ ဦးမှ တရုတ် ယောက်ျား
ယူလျှင် အဆင်ပြေ နိုင်ကြောင်း မြူဆွယ် ပြောဆိုကာ တရုတ်နိုင်ငံ စီချွမ်
ပြည်နယ်တွင် တရုတ် ယောက်ျား ထံ ပေးစားခဲ့၍ ၂ လခန့် ပေါင်းသင်း ခဲ့ပြီးနောက်
တရုတ် ယောက်ျား၏ ပြောပြချက် အရ သူမအား တရုတ်ယွမ် ၃၇၀၀၀ ဖြင့် ၀ယ်ယူ
ထားသည်ကို သိရှိ ရသဖြင့် ပြန်လည် ထွက်ပြေး ခဲ့ပြီး မအီပွယ် နှင့် မမာမွေ
(တိမ်းရှောင်) တို့ ၂ ဦးအား အရေးယူ ပေးရန် လာရောက် တိုင်ကြား သဖြင့်
နမ့်ခမ်း ရဲစခန်းမှ (ပ) ၁၃/ ၂၀၁၃ ၊ လူကုန်ကူး ပုဒ်မ ၂၄ အရ အမှုဖွင့် အရေးယူ
ဆောင်ရွက် ထားရှိကြောင်း သိရှိရသည်။
No comments:
Post a Comment