Thursday, February 28, 2013

နယ်စပ်ရေးရာ ၀န်ကြီးသစ် မလုံမခြုံ ဖြစ်နေတဲ့ မြန်မာ အနောက်ဘက် နယ်စပ်ကို လာရောက်စစ်ဆေး

http://www.narinjara.com/burmese/?p=4569

နယ်စပ်ရေးရာ ၀န်ကြီးသစ် မလုံမခြုံ ဖြစ်နေတဲ့ မြန်မာ အနောက်ဘက် နယ်စပ်ကို လာရောက်စစ်ဆေး

အသစ်ခန့်အပ်ခြင်း ခံရတဲ့ နယ်စပ်ရေးရာ ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းဟာ ဒီနေ့ မနက်က ဘင်္ဂလာဒေခ်ျ့နိုင်ငံနဲ့ ကပ်ရပ် တည်ရှိတဲ့ တောင်ပြိုမြို့ကို လာရောက် သွားခဲ့ပါတယ်။
အခု ခရီးစဉ်ဟာ နယ်စပ်ရေးရာ ၀န်ကြီးဖြစ်လာပြီးတဲ့ နောက်ပိုင်းမှာ ပထမဆုံး ပြုလုပ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး  ဗိုလ်ချုပ် သက်နိုင်ဝင်းရဲ့ ပထမဆုံး ခရီးစဉ် ဖြစ်တယ်လို့ သိရပါတယ်။
ယခင် ဗိုလ်ချုပ် သိန်းဌေးရဲ့ နေရာကို ဆက်ခံခဲ့တဲ့ နယ်စပ်ရေးရာ ၀န်ကြီးသစ်ဟာ  မနက် ၁၁ နာရီခန့်မှာ တောင်ပြိုမြို့နယ်ခွဲကို ကားတွေနဲ့ ရောက်ရှိလာပြီး မယကရုံးမှာ အစည်းအဝေး လုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။

သူပြောကြားတဲ့ အထဲမှာ နတလ စံပြကျေးရွာကို ပြန်လည် မွန်းမံ တည်ဆောက်ဖို့၊ ရေတွင်း ရေကန်တွေ တူးဖေါ်ဖို့၊ လုံခြုံရေးကို သတိမလစ်ဟင်းရအောင် ဆောင်ရွက်ဖို့ စတဲ့ အချက်တွေကို ပြောကြား သွားခဲ့တယ်လို့ အစည်းအဝေးကို တက်ရောက်ခဲ့သူ ၀န်ထမ်း တစ်ဦးက ပြောပါတယ်။

အဲဒီ တောင်ပြို မြို့နယ်ခွဲမှာဘဲ များမကြာမှီက တဘက်နိုင်ငံက ၀င်ရောက်လာတဲ့ လက်နက်ကိုင် အုပ်စု တစ်ခုက ၀င်ရောက် တိုက်ခိုက်ခဲ့တဲ့ အတွက် GE လို့ ခေါ်တဲ့ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းက အဖွဲ့ဝင် တစ်ဦး သေဆုံးပြီး ကျန်တပ်သား (၃) ဦးကို ဖမ်းခေါ်ဆောင်သွားတာ အခုအချိန်ထိ ပြန်လည် ရှာမတွေ့သေးပါဘူး။

ဒုတိယ တစ်ကြိမ် ၀င်ရောက် တိုက်ခိုက်စဉ်မှာလည်း GE တပ်ဖွဲ့က ကား တစ်စီး မီးရှို့ခံခဲ့ရပါတယ်။

ခုလို မလုံမခြုံ ဖြစ်နေတဲ့ နယ်စပ်ဒေသကို နယ်စပ်ရေးရာ ၀န်ကြီး အသစ်က လာရောက် ကြည့်ရှု့တဲ့ အတွက် နယ်စပ် ဒေသက လူတွေကတော့ လုံခြုံရေးအရ တိုးတက်ကောင်းမွန်လာလိမ့်မယ် မျှော်လင့်တယ်လို့ အဲဒီ အစိုးရ ၀န်ထမ်းက ဆိုပါတယ်။

လောလောဆယ် အခြေအနေမှာတော့ မြန်မာ နိုင်ငံရဲ့ အနောက်ဘက် နယ်စပ် အခြေအနေက ပုံမှန် အတိုင်းဘဲ ရှိနေပေမယ့်  အချိန်မရွှေး တိုက်ခိုက်မူတွေ ဖြစ်နိုင်တဲ့ အတွက် သတိထားပြီး နေထိုင် နေကြရတယ်လို့ ပြောပါတယ်။

လုံခြုံရေး အရ စိတ်မချရတဲ့ တောင်ပြိုမြို့နယ်မှာ တာဝန် ထမ်းဆောင်ရတာဟာ ၀န်ထမ်းတွေ အတွက်  စိုးရိမ်စရာ ရှိပေမယ့် တစ်ခြား ဒေသတွေထက် လစာ (၂) ဆ ရတာကြောင့် နေပျော်ပါတယ်လို့ ၀န်ထမ်းဖြစ်သူက ဆိုပါတယ်။

နယ်စပ်ရေးရာ ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းနဲ့ အဖွဲ့ဟာ နေ့လည်ပိုင်းမှာတော့ တောင်ပြိုကနေ မောင်းတောကို ပြန်လည် ထွက်ခွာသွားတယ်လို့ သိရပါတယ်။

အသစ်ခန့်အပ်ခြင်း ခံရတဲ့ နယ်စပ်ရေးရာ ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းဟာ ဒီနေ့ မနက်က ဘင်္ဂလာဒေခ်ျ့နိုင်ငံနဲ့ ကပ်ရပ် တည်ရှိတဲ့ တောင်ပြိုမြို့ကို လာရောက် သွားခဲ့ပါတယ်။
အခု ခရီးစဉ်ဟာ နယ်စပ်ရေးရာ ၀န်ကြီးဖြစ်လာပြီးတဲ့ နောက်ပိုင်းမှာ ပထမဆုံး ပြုလုပ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ဗိုလ်ချုပ် သက်နိုင်ဝင်းရဲ့ ပထမဆုံး ခရီးစဉ် ဖြစ်တယ်လို့ သိရပါတယ်။
ယခင် ဗိုလ်ချုပ် သိန်းဌေးရဲ့ နေရာကို ဆက်ခံခဲ့တဲ့ နယ်စပ်ရေးရာ ၀န်ကြီးသစ်ဟာ မနက် ၁၁ နာရီခန့်မှာ တောင်ပြိုမြို့နယ်ခွဲကို ကားတွေနဲ့ ရောက်ရှိလာပြီး မယကရုံးမှာ အစည်းအဝေး လုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။

သူပြောကြားတဲ့ အထဲမှာ နတလ စံပြကျေးရွာကို ပြန်လည် မွန်းမံ တည်ဆောက်ဖို့၊ ရေတွင်း ရေကန်တွေ တူးဖေါ်ဖို့၊ လုံခြုံရေးကို သတိမလစ်ဟင်းရအောင် ဆောင်ရွက်ဖို့ စတဲ့ အချက်တွေကို ပြောကြား သွားခဲ့တယ်လို့ အစည်းအဝေးကို တက်ရောက်ခဲ့သူ ၀န်ထမ်း တစ်ဦးက ပြောပါတယ်။

အဲဒီ တောင်ပြို မြို့နယ်ခွဲမှာဘဲ များမကြာမှီက တဘက်နိုင်ငံက ၀င်ရောက်လာတဲ့ လက်နက်ကိုင် အုပ်စု တစ်ခုက ၀င်ရောက် တိုက်ခိုက်ခဲ့တဲ့ အတွက် GE လို့ ခေါ်တဲ့ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းက အဖွဲ့ဝင် တစ်ဦး သေဆုံးပြီး ကျန်တပ်သား (၃) ဦးကို ဖမ်းခေါ်ဆောင်သွားတာ အခုအချိန်ထိ ပြန်လည် ရှာမတွေ့သေးပါဘူး။

ဒုတိယ တစ်ကြိမ် ၀င်ရောက် တိုက်ခိုက်စဉ်မှာလည်း GE တပ်ဖွဲ့က ကား တစ်စီး မီးရှို့ခံခဲ့ရပါတယ်။

ခုလို မလုံမခြုံ ဖြစ်နေတဲ့ နယ်စပ်ဒေသကို နယ်စပ်ရေးရာ ၀န်ကြီး အသစ်က လာရောက် ကြည့်ရှု့တဲ့ အတွက် နယ်စပ် ဒေသက လူတွေကတော့ လုံခြုံရေးအရ တိုးတက်ကောင်းမွန် လာလိမ့်မယ် မျှော်လင့်တယ်လို့ အဲဒီ အစိုးရ ၀န်ထမ်းက ဆိုပါတယ်။

လောလောဆယ် အခြေအနေမှာတော့ မြန်မာ နိုင်ငံရဲ့ အနောက်ဘက် နယ်စပ် အခြေအနေက ပုံမှန် အတိုင်းဘဲ ရှိနေပေမယ့် အချိန်မရွှေး တိုက်ခိုက်မူတွေ ဖြစ်နိုင်တဲ့ အတွက် သတိထားပြီး နေထိုင် နေကြ ရတယ်လို့ ပြောပါတယ်။

လုံခြုံရေး အရ စိတ်မချရတဲ့ တောင်ပြိုမြို့နယ်မှာ တာဝန် ထမ်းဆောင်ရတာဟာ ၀န်ထမ်းတွေ အတွက် စိုးရိမ်စရာ ရှိပေမယ့် တစ်ခြား ဒေသတွေထက် လစာ (၂) ဆ ရတာကြောင့် နေပျော်ပါတယ်လို့ ၀န်ထမ်းဖြစ်သူက ဆိုပါတယ်။

နယ်စပ်ရေးရာ ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းနဲ့ အဖွဲ့ဟာ နေ့လည်ပိုင်း မှာတော့ တောင်ပြိုကနေ မောင်းတောကို ပြန်လည် ထွက်ခွာသွားတယ်လို့ သိရပါတယ်။

No comments:

Post a Comment