Thursday, February 28, 2013

အပြစ်မဲ့ပြည်သူအားစစ်တပ်မှမတရား နှိပ်စက်၍ ရိုက်နှက်

Wednesday, February 27, 2013

စစ်တွေ ။ ။ စစ်တွေမြို့သင်္ဂနက် ကျေးရွာအုပ်စု၊ လက်မချေရွာနေ ဦးနူရာအာဟမတ် (ဘ) ဦးအစ္စမိုင်လ် (အသက် ၃၂ နှစ်) သည် ၎င်း၏ အဖော်ဖြစ်သူ ဦးကာစင်အလီနှင့် လာရာတွင် GE တပ်အနီးတွင် တပ်ကြပ် တစ်ဦးမှ လူမဆန်စွာ ရိုက်နှက်၍ ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ ကြောင်းသတင်း ရရှိ ပါသည်။

“နူရ်အာဟမတ်နဲ့ ကာစင်မ်အလီတို့နှစ်ယောက် အလုပ်ကပြန်လာ တာပါ။ အဲဒီမှာ GEတပ်နားရောက် တော့ အမှတ် (၄) ဆက် သွယ်ရေး တပ်က တပ်ကြပ်ဇာနည် နဲ့တွေ့တယ်။ တပ်ကြပ် ဇာနည်က ဘယ်သွား မှာလဲ လို့မေးပြီးတာနဲ့ အတူပါ လာတဲ့ တုတ်နဲ့ ကာစင်မ်အလီရဲ့ ပေါင်ကို ရိုက်တယ်။ ပြီးတော့ တစ်ခါ နူရ်အဟမတ် ရဲ့ခေါင်းကို ဆက်ရိုက်တယ်။ နူရ်အဟမတ်ရဲ့ ခေါင်းကွဲ သွားတယ်။

ဖြစ်တာက ည ၇ နာရီလောက်မှာပါ။ နူရ်အဟမတ်ရဲ့ ဦးခေါင်း ဒဏ်ရာကတော့ တော်တော် လေးပြင်း တယ်။ ဆေးရုံလည်း ပို့လို့ မရဘူး။ ကြက်ခြေနီ ကားကလည်း နယ်ကျော်ပြီး မသွားရဘူး ဆိုတဲ့ အမိန့်ထုတ် ထားတော့ အမိန့်ကို လွန်ဆန်ပြီး လာခေါ်လို့မရဘူး။ အဲဒါကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရလာတဲ့ နူရ် အဟမတ်ကို ဆေးကုဖို့တောင် အခက်အခဲဖြစ်နေတယ်” ဟုဒေသခံတစ်ဦးမှ RB News သို့ပြောပါသည်။

ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများကိုစစ်တပ်မှ မတရားသဖြင့် ရိုက်နှက်ခြင်းကို သက်ဆိုင်ရာသို့ တိုင်တန်းရန် ပင်မလွယ်ကူဘဲ၊ အကယ်၍တိုင်တန်းပါကလည်း ပြစ်မှုကျူးလွန်သူကိုအရေးမယူဘဲ၊ ပြစ်မှုကျူးလွန်ခံ ရသူ ကိုသာ မဟုတ်မမှန်စွပ်စွဲပြီး ထပ်မံဒုက္ခပေးခြင်းများကို ရခိုင်ပြည်နယ်အ၀န်းရှိဒေသခံအာဏာပိုင် များ မှပြုလုပ် လျက်ရှိသည်။

“ကျွန်တော်တို့ ဘယ်ကို သွားတိုင်ရမလဲ? သွားလာ လှုပ်ရှားလို့မရဘူး။ သွားတိုင် ရင်လည်း ရိုက်တဲ့သူကို အရေးမယူဘဲ ကျွန်တော်တို့ကို မဆိုင်တဲ့အမှုတစ်ခုနဲ့ စွပ်စွဲပြီး ဒုက္ခပေးမယ်။ တရားဥပဒေ ဆိုတာ ကျွန် တော်တို့ မွတ်စလင်တွေ အတွက် မရှိဘူး။ ကျွန်တော်တို့ကို အာဏာပိုင်တွေ၊ စစ်တပ်၊ ရဲ၊ လုံထိန်းတွေ က သူတို့လုပ် ချင်သလို လုပ်နေတာ။ ဥပဒေအထက်မှာ ဘယ်သူ့မှမရှိဘူး လို့ပြည်ထောင်စု အစိုး ရပြောနေပေ မယ့် ရခိုင်ပြည်နယ်မှာ ရှိတဲ့ အာဏာပိုင် တွေအားလုံးက ဥပဒေ အထက်မှာ ရှိနေတယ်” ဟုအဆိုပါဒေသခံက ဆက်လက်ပြောပါသည်။

No comments:

Post a Comment