Showing posts with label နိုင်ငံတကာသတင်း. Show all posts
Showing posts with label နိုင်ငံတကာသတင်း. Show all posts

Friday, December 27, 2013

သမ္မတကတော် မီရှယ်က အိုဘားမားအား ကွာရှင်းတော့မည်ဟု သတင်းများ ထွက်ပေါ်နေ

ဒီဇင်ဘာ ၂၆၊ ၂၀၁၃
M-Media
michelle-obama-wanted-divorce
- ယခုလအစောပိုင်းက ပြုလုပ်ခဲ့သော တောင်အာဖရိကသမ္မတဟောင်း နယ်လ်ဆင် မင်ဒဲလား၏ အောက်မေ့ ဖွယ် အခမ်းအနားတွင် ရွှေရောင် ဆံပင်ရှိသည့် နိုင်ငံအကြီးအကဲအမျိုးသမီးတစ်ဦးနှင့် ပုံမှန်ထက် ပိုမိုရင်းနှီးစွာ ဆက်ဆံခဲ့သောကြောင့် အမေရိကန်သမ္မတကတော် မီရှယ်က သမ္မတအိုဘားမားအား ကွာရှင်းရန် ကြိုးစားနေသည်ဟု အမေရိကန် သတင်းစာတစ်စောင်ဖြစ်သည့် The National Enquirer က ယနေ့တွင် ရေးသားဖော်ပြခဲ့သည်။
ထိုအဖြစ်အပျက်က မီရှယ်အား လူပုံအလယ်တွင် အရှက်ရစေခဲ့ပြီးနောက် ၂၁ နှစ်တာ ပေါင်းသင်းလာခဲ့ သည့် သူမ၏ ယောက်ျားအား ချီကာဂိုရှိ တန်ဖိုးကြီးသော ၎င်းတို့ နေအိမ်မှ နှင်ချရန် ပြင်ဆင်နေပြီး၊ အိုဘာမားနှင့် ကွာရှင်းရန်ကိုလည်း ရှေ့နေနှင့်ဆွေးနွေးနေကြောင်း၊ အိုဘားမားနှင့် နီးစပ်သူ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
“ကျန်ရှိနေတဲ့ သမ္မတသက်တမ်းမှာတော့ မီရှယ်ဟာ အိမ်ဖြူတော်မှာနေမှာပါ။ ဒါပေမယ့် သူတို့တွေရဲ့ ဘ၀တွေကို သီးခြားစီ ရှင်သန်ကြတော့မယ်ဆိုတာကိုတော့ မီရှယ်က ရှင်းရှင်းလင်းလင်းပြောထားပါတယ်။ အခု သူဟာ အခြားသီးသန့် အခန်းတစ်ခုကို ပြောင်းရွှေ့ဖို့လုပ်နေပါတယ်။ ချီကာဂိုက သူတို့အိမ်မှာရှိတဲ့ သမ္မတရဲ့ အ၀တ်တွေ ပစ္စည်းတွေကို ရွှေ့ပြောင်းဖို့လည်း မီရှယ်က စီစဉ်နေပါတယ်” ဟု အမည်မဖော်လိုသူ ထိုအရာရှိက ပြောကြားခဲ့သည်။

Sunday, November 24, 2013

အီရန် နျူကလီးယား ကိစ္စအတွက် သမိုင်းဝင်သဘောတူညီချက်ရပြီ

နိုဝင်ဘာ-၂၄ ၂၀၁၃
M-Media
ဆယ်စုနှစ်တစ်ခုအကြာ လိပ်ခဲတည်းလည်းဖြစ်နေ ခဲ့သည့် အီရန်နိုင်ငံ၏ နျူကလီးယား ပိုင်ဆိုင်ရန် ကြိုးပမ်းမှုကို ရပ်တန့်ရန်အတွက် အီရန်နှင့် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံတို့ ဂျီနီဗာတွင် သဘောတူညီချက် တရပ် ယနေ့တွင်ရရှိခဲ့သည်ဟု သိရသည်။

အီရန်၊ အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ တရုတ်နှင့် ရုရှားတို့မှာ ဂျီနီဗာတွင် ယနေ့ နံနက်ပိုင်းမှစ၍ ၄ နာရီကြာ အကြိတ်အနယ် ဆွေးနွေးခဲ့ပြီးနောက် ထိုကဲ့သို့ သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်သည်။

ထိုသဘောတူညီချက် အရ အီရန်အနေဖြင့် ယူရေနီယံသန့်စင်မှု ပမာဏကို လျှော့ချရမည်ဖြစ်ပြီး Arak ဒေသရှိ ဓာတ်ပေါင်းဖိုတစ်ခုအား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကိုလည်း ရပ်ဆိုင်းရမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံတကာမှ နျူကလီးယား လက်နက် စစ်ဆေးသူများအား ၀င်ရောက် စစ်ဆေးခွင့်ပြုရမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် အနောက်နိုင်ငံမှ အီရန် အပေါ်ပြုလုပ်ထားသည့် ပိတ်ဆို့မှုများကိုလည်း ဖယ်ရှားပေးမည်ဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ထိုသဘောတူညီချက်မှာ အီရန်နိုင်ငံ၏ နျူကလီးယား ပိုင်ဆိုင်မှု အခွင့်အရေးကိုလည်း အာရုံစိုက်ထားခြင်း မရှိဘဲ၊ အစ္စရေးနှင့် အရှေ့အလယ်ပိုင်းရှိ အမေရိကန် မဟာမိတ်နိုင်ငံများကိုလည်း ပိုမို လုံခြုံစေသည်ဟု ပြောကြားခဲ့သည်။
Ref:aljazeera
Link=>http://www.m-mediagroup.com/news/20792

Saturday, November 9, 2013

ုမုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် အနည်းဆုံး လူ ၃ ဦးသေဆုံး

 နိုဝင်ဘာ-၈ ၂၀၁၃ M-Media  

 ယခုနှစ်အတွင်း ကမ္ဘာ့အဆိုးဝါး အပြင်းထန်ဆုံး တိုင်ဖုန်မုန်တိုင်း တိုက်ခတ်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံ တွင် အနည်းဆုံး လူ ၃ ဦးသေဆုံးခဲ့ပြီး အနည်းဆုံး လူတစ်ဦးပျောက်ဆုံးနေသည်ဟု သိရသည်။ ဟိုင်ယန်ဟု အမည်ရသည့် အဆိုပါမုန်တိုင်းမှာ ဖိလစ်ပိုင်နိုင်ငံသမိုင်းတွင် အဆိုးဝါးဆုံး မုန်တိုင်းဟုလည်း ခေါ်ဆိုနိုင်သည်။ သေဆုံး သွားသူများမှာ နှစ်ဦးမှာ ဓာတ်လိုက်၍ သေဆုံးခဲ့ခြင်းစြဖ်ပြီး အခြားတစ်ဦးမှာ မိုးကြိုးထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ်ဟု အမျိုးသား သဘာဝဘေး အန္တရယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီမှ AFP သတင်းဌာနသို့ ယနေ့နံနက်တွင် ပြောကြားခဲ့သည်။ ဒဏ်ရာရသူ ၇ ဦးရှိခဲ့ပြီး ၆ ဦးမှာ ပြုတ်ကျသော အရာဝတ္ထုများ ခိုက်မိခဲ့၍ဖြစ်ကာ၊ အခြားတစ်ဦးမှာ မိုးကြိုးရှပ်ထိခဲ့ခြင်းကြောင့်ဖြစ် သည်။ ထို့ပြင် အဓိကဆိမ်ကမ်းမြို့ဖြစ်သည့် ဆီဘူးတွင် အမျိုးသားတစ်ဦးမှာ ပျောက်ဆုံးနေသည်ဟု သိရသည်။ သေဆုံးသူများမှာ ပိုမိုများပြားနိုင်ပြီး မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံစားရသောဒေသ များအား အာဏာပိုင်များက ချက်ချင်း ဆက်သွယ်၍ မရနိုင်သေးချေ။ ထိုမုန်တိုင်းမှာ ယနေ့ညနေတွင် ဖိလစ်ပိုင်မှ ထွက်ခွာဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။

Thursday, October 31, 2013

The Secretary General of the OIC by six foreign ministers will visit to Burma within the next two weeks

Rohingya news agency : The Secretary General of the Organization of Islamic Cooperation , " Ekmeleddin Ihsanoglu , " accompanied by six foreign ministers of the visit to Burma within the next two weeks , so as to continue with the government of Burma to stand on acts of violence against Muslims there.

Said Professor " Ihsanoglu " after the special session to be held in the United Nations Security Council : he will visit Burma to focus on the rights of ethnic Rohingya Muslims and the issue of citizenship in their own country .

In the meantime ; said the Permanent Observer to the United Nations of the Organization of Islamic Cooperation " approved Gokcen :" Apart from the project drafted by the European Union , a project of the Organization of Islamic Cooperation to put an end to the violence in Burma ; it should be up to the Security Council of the United Nations by 1
- See more at: http://www.rna-press.com/ar/news/24306.html # sthash.4qJn0fCd.pg0TuPb6.dpuf

Wednesday, October 23, 2013

မွတ်စလင်မ်များ ပိုညီညီညွတ်ညွတ်နေရန် ဆော်ဒီဘုရင်တိုက်တွန်း

အယူအဆကွဲပြားနေသော အစ္စလာမ်ဂိုဏ်းဂဏခွဲများ ပွင့်ပွင့်လင်း လင်းဆွေးနွေးကြရန် ဆော်ဒီ အာရေဗီးယားနိုင်ငံ ဘုရင် အဗ္ဗဒွလ္လာဘင် အဒုလ်အဇစ်က ဗုဒ္ဓဟူးနေ့က တိုက်တွန်းလိုက်သည်။

“မတူညီတဲ့ မွတ်စလင်မ်အဖွဲ့တွေ ပွင့်ပွင့်လင်းလင်းဆွေးနွေးတာက တစ်ဦးနဲ့ တစ်ဦး နားလည်မှုရှိဖို့နဲ့ ညီညွတ်နိုင်ဖို့ အကောင်းဆုံးနည်းပါပဲ။ ကျွန်တော် တို့ရဲ့ ရည်ရွယ်ချက်က မွတ်စလင်မ်တွေရဲ့ အကျိုးအတွက်ပါပဲ။ ကျွန်တော် တို့ရဲ့ မတူညီမှုတွေက မွတ်စလင်မ်အွမ္မသ်ရဲ့ စည်းလုံးညီညွတ်မှုကို မထိခိုက်စေရဘူး” ဟု မီနာတွင် ပြုလုပ်သော နှစ်စဉ်ကျင်းပနေကျဖြစ်သော နိုင်ငံတကာ ဟဂ်ျအဖွဲ့အစည်းများ ကို ကြိုဆိုသောအခမ်းအနားတွင် ဆော်ဒီမင်းသား ဆလ်မာန်က ဘုရင် အဇီးဇ်ရဲ့မိန့်ခွန်းကို ဖတ်ကြားခဲ့ခြင်းဖြစ်သည်။

မွတ်စလင်မ်များ မတူညီသော အယူအဆများကို ဘေးတွင်ထားကြရန်နှင့် ပြီးခဲ့သော ရမ်ဇန်လမြတ်တွင်ကျင်းပခဲ့သော အစ္စလာမ်ငြိမ်းချမ်းရေးညီလာခံတွင် ချမှတ်ခဲ့သော အစီအစဉ်အတိုင်း မဒီနာမြို့နယ်တွင် မတူညီသော အစ္စလာမ်အဖွဲ့များကြား အပြန်အလှန်ငြင်းခုံနိုင်သော စင်တာတစ်ခု တည်ဆောက်ပြီး ယှဉ်ပြိုင်ကြရန် မိန့်ခွန်းထဲတွင် ဖော်ပြထားသည်။
ဆော်ဒီနိုင်ငံ၏ ပြည်တွင်းရေးနှင့် နိုင်ငံခြားရေးကိစ္စများတွင် မည်သူကိုမှ ကြားဝင်စွက်ဖက်ခွင့်ပြုမည် မဟုတ်ကြောင်း ပြောကြားထားသည်။

“တမန်တော်မြတ်မွေးရာဖြစ်တဲ့ ဒီမြေမှာ ကျွန်တော်တို့ရဲ့ဘာသာရေးနဲ့ စိတ်ပိုင်းဆိုင်ရာတန်ဖိုးတွေကို ဘယ်တော့မှ အပေးအယူမလုပ်တဲ့ နိုင်ငံတစ်ခုအဖြစ်ရပ်တည်မှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ လွတ်လပ်တဲ့ အချုပ်အခြာအာဏာကို အနှောင့်အယှက်ပေးမယ့်သူ၊ ၀င်ရောက်စွက်ဖက်မည့်သူ မည်သူ့ကိုမှ လက်ခံမှာမဟုတ်ကြောင်း” မိန့်ခွန်းထဲတွင် ပြောကြားခဲ့သည်။

ဘုရင်သည် မည်သူ၏ အကျိုးအမြတ်ကိုမှ ထည့်သွင်းမစဉ်းစားတတ်သောနိုင်ငံများနှင့် အပြန်အလှန် နားလည်မှုနှင့် ခင်မင်ရင်းနှီးမှု တည်ဆောက်လိုကြောင်း ကိုလည်း ဖော်ပြထားသည်။
“ဒီလိုအပြိုင်အဆိုင်ပေါများတဲ့ခေတ်ကြီးမှာ အာဏာရှင်ဆန်မှု၊ အထက်စီးဆန်မှုတွေကို ပယ်ဖျက်ရမယ်။ ဒါမှ ခင်မင်မှုရဲ့တန်ဖိုးကို သိမှာဖြစ်တယ်” ဟု ပြောကြားသွားခဲ့သည်။
(Ref:alarabiya)

အီးယူက မြန်မာနိုင်ငံကို အထောက်အပံ့ပေးရေး ဆွေးနွေးပွဲ နိုဝင်ဘာ တွင် ပြုလုပ်မည်

Wednesday, October 23, 2013

ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို ထောက်ပံ့ရန်အတွက် ချမှတ်ထားသည့် မူဘောင်များကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ဥရောပသမဂ္ဂ နိုင်ငံများ ဆွေးနွေးပွဲတစ်ရပ်ကို နိုဝင်ဘာလ ၁၃ ရက်နေ့ မှ ၁၅ ရက် နေ့အထိ အီးယူ ပါလီမန် အဆောက်အအုံတွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဥရောပသမဂ္ဂက အောက်တိုဘာလ ၂၁ ရက် နေ့တွင် ထုတ်ပြန်သည်။

အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကို အထောက်အပံ့ ပေးအပ်မည့် ဥရောပသမဂ္ဂရှိ အဖွဲ့အစည်း အသီးသီးနှင့် အဆိုပါ အဖွဲ့ဝင်နိုင်ငံများမှ အကူအညီပေးရေး အေဂျင်စီများ၊ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်း များနှင့် အရပ်ဘက် လူ့အဖွဲ့အစည်း များ ပါဝင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း အီးယူနိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ မစ္စကက်သရင်းအက်ရှ်တန်က ထုတ်ပြန် ထားသည်။

ယင်းဆွေးနွေးပွဲမှ မြန်မာနိုင်ငံကို နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု များတွင် အထောက်အပံ့ ပေးရန် ကြေညာနိုင်မည် ဖြစ်ကြောင်း ၄င်း၏ ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြ ထားသည်။

ဥရောပသမဂ္ဂကက ဇူလိုင်လ ၂၂ ရက် နေ့ကထုတ်ပြန်ထားပြီး မြန်မာအစိုးရနှင့် သဘောတူထား သည့် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး အတွက် အထောက်အပံ့ပေးရေး သုံးနှစ်စီမံကိန်း နားလည်မှုဘောင်တွင် ပါရှိသော အချက်များကို အကောင်အထည် ဖော်ရန် အဆိုပါ ဆွေးနွေးပွဲတွင် အဓိကထား ဆွေးနွေးမည်ဖြစ်ကြောင်း အီးယူထံမှ သိရှိရသည်။

အဆိုပါ မြန်မာအစိုးရနှင့် သဘောတူ ထားသည့် နားလည်မှု မူဘောင်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး၊ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ရင်းနှီးမှု တည်ဆောက်နိုင်ရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များကို ဦးစားပေး ထောက်ပံ့မည်ဖြစ်ကြောင်း အီးယူ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ယင်း အထောက်အပံ့များ ပေးအပ်ရန်အတွက် အီးယူမှ ကိုယ်စားလှယ်များ စေလွှတ်ရန် အတွက်လည်း ဥရောပသမဂ္ဂ စက်မှုလုပ်ငန်းကော်မရှင် ဥက္ကဋ္ဌ Mr. Antonio Jajani နှင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကော်မရှင် ဥက္ကဋ္ဌ Dacian Ciolos တို့က စီစဉ်နေကြောင်း အီးယူက ထုတ်ပြန်ထားသည်။

အီးယူသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးဆိုင်ရာ အထောက်အပံ့ များအတွက် (၂၀၁၄-၂၀၂၀) ခုနစ်နှစ်စီမံကိန်း ချမှတ်ခဲ့ပြီး၊ ယူရို သန်း ၂၀၀ ကျော် အသုံးစရိတ် သတ်မှတ်ထားကြောင်း ကြေညာထားပြီး ဖြစ်သည်။

ယခုဘဏ္ဍာနှစ် အတွင်း မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသော အီးယူစီမံကိန်း များမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စွမ်းအင်မြှင့်တင်ရေး အတွက် ယူရို ၁၀ သန်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များအတွက် ယူရို ၁၆ သန်း နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများအဖြစ် ယူရို သန်း ၂၀ ကျော် ထောက်ပံ့ခဲ့သည်။

ထို့အပြင် အီးယူက စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍအတွက် အီးယူမှ ဖွံ့ဖြိုးဆဲ နိုင်ငံများသို့ ပေးအပ်သည့် လက်နက်မှအပ ကုန်ပစ္စည်းအမျိုးအစား အားလုံးအတွက် အထူးအခွန် သက်သာခွင့် (GSP) ကို မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၉ ရက် နေ့မှစတင်ကာ ပြန်လည်ပေးအပ်ခဲ့သည့် အပြင်၊ GSP ကိုကောင်းစွာ အသုံးချနိုင် ရန်နှင့် မြန်မာ့ကုန်ထုတ်လုပ်ငန်းနှင့် စက်မှုလုပ်ငန်း အဆင့်မြှင့်တင်ရန် အမေရိကန် ဒေါ်လာ ၁၀ သန်း ထောက်ပံ့ခဲ့သည်။

ဘရူနိုင်း ဘုရင် အစ္စလာမစ် ရှရီးယား ဥပဒေ ကို ကျင့် သုံး တော့မယ်

ချမ်းသာ လို့  နေလို့ ကောင်း တယ် ဆို တဲ့ ဘရူနိုင်း မှာ အမျိုး သမီး တွေ အိမ်ထောင်ရေး ဖောက် ပြန် ရင် ကျောက်ခဲ့ နဲ့  ပေါက်မယ်၊ ယမကာ နဲ့  ယဇ်ရွှေရည် သေတကောင်း ကို တွေ့ ရင် ကျော ပြင် ကို ဗျော တင် မယ် စတဲ့ အစ္စလာမ် ရှိယီးယား ဥပဒေ ကို စူလတန် ဘုရင် ကြီး က ခြောက် လ အတွင်း အသက် သွင်း တော့ မှာ ဖြစ် ပါတယ်။

ရေနံ ထွက် ပြီး လူဦးရေ နည်း ပါး လို့  ပြည်သူ တွေ ကို လူနေမှု အဆင့် မြင့် စေခဲ့ ပေမယ့် မကြာခင် လာတော့ မယ့် ရှိယီးယား ဥပဒေ ကြောင့် ပြည်သူတွေ အခက် ကြုံနေရ ပါပြီ။

ကမ္ဘာ့  အချမ်း သာ ဆုံး တွေ ထဲ မှာ ပါတဲ့ ဘရူနိုင်း ဘုရင် ကို ဒီဥပဒေ ကို ပြဌာန်း မယ် လုပ် တာ ကြောင့် နိုင်ငံ တကာ က ဝေဖန် ကြ ပေမယ့် စူလတန် ဘုရင် ကို လိုလားတဲ့ ပညာရှင် တွေ က တော့ " သိပ် ကောင်း တဲ့ ဥပဒေ ပဲ ဒါမှာ စည်း ကမ်း နဲ့  ယှဉ် တဲ့ စိတ်ဓာတ် ပိုင်း ဆိုင်ရာ တိုး တက် မှု
ဖြစ်တွေ ပြီး နိုင်ငံ အဓွန့် ရှည် မှာ လို့  " ဆို ပါတယ်။

ဒါပေမယ့် ဘန်ဒါဆာရီ ဘဂ၀န် က အနောက်တိုင်း ယဉ် ကျေးမှု နဲ့  နီးစပ် တဲ့ ဘရူနိုင်း အမျိုးသမီး တစ်ဦး က တော့ " ဖောက် ပြန်ရင် ခဲ့ နဲ့  ပေါက် မယ် ဟုတ်လား ၊ ဒီလို ဆို ကျွန်မ ဘရူ နိုင်း က လစ်ပြီ လို့  သူ့ ရဲ့  လူမှု ကွန်ယက် မှာ ရေး သား ထား ပါတယ်။

ဘရူနိုင်း ရှိယီးယား ဂယက် က အာဆီယံ ဥက္ကဌ တာဝန် ယူထားတဲ့ မြန်မာ သမ္မတ ဦးသိန်းစိန် ကို ပါ အခက် ကြုံ လာ မှာ ဖြစ်တယ် လို့  တစ်ချို့  က ထောက် ပြ ပေမယ့် ၊ နဲနဲ တိုးတက် တဲ့ အမြင် ရှိ သူ တွေ က တော့ စူလတန် စော် ဘွား က သာ ပိုက်ဆံ ချေးမယ် ဆို လို့  က တော့ ဦးသိန်းစိန် မျက် နှာ လွှဲ နေ မှာ အသေ အချာ ပဲ " လို့  မှတ် ချက် ပြု ပြောပါတယ်။

ပသီ ဘုရင် ဟာဆန် ဘိုလ်ကီးယား ဟာ မော်တော် ကား အစီး ၆၀၀၀ ကျော် ပိုင် ပြီး ၁၉၉၃ ခုနှစ် က သူ့  မွေးနေ့ မှာ အမေရိကန် ပေါပ် အဆို တော့ မိုက်ကယ် ဂျက်ဆင် ကို ပင့် ဖိတ် ပြီး
ဖျော်ဖြေပွဲ ပြု လုပ် ခဲ့ ပါတယ်။

Friday, October 18, 2013

လုံခြုံကောင်စီဝင် အသစ် ၅ နိုင်ငံကို ကုလရွေးချယ်

အောက်တိုဘာ ၁၇၊ ၂၀၁၃
M-Media

လူ့အခွင့်အရေး စောင့်ကြည့်သူများ၏ ကန့်ကွက်မှု များရှိနေသည့် ဆော်ဒီအာရေဗျ၊ ချဒ် နှင့်  နိုင်ဂျီးရီးယားနိုင်ငံအပါအ၀င် ချီလီနှင့် လစ်သူယေးနီးယား နိုင်ငံတို့အား လုံခြုံရေးကောင်စီ အမြဲတမ်းမဟုတ်သည့် အဖွဲ့ဝင်များအဖြစ် ကုလသမဂ္ဂကရွေးချယ်ခဲ့သည်။

ယမန်နေ့က ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ၂ နှစ်တာ တာဝန်ထမ်းဆောင်ရမည့် ထို ၅-နိုင်ငံမှာ ၂၀၁၄ ဇန်န၀ါရီ ၁ ရက်နေ့မှစ၍ အဇာဘိုင်ဂျန်၊ ဂွာတီမာလာ၊ ပါကစ္စတန်၊ မော်ရိုကိုနှင့် တိုဂိုနိုင်ငံတို့၏နေရာတွင် စတင်တာဝန်ထမ်း ဆောင်ရမည်ဖြစ်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အဖွဲ့ဝင် ၁၅ နိုင်ငံရှိပြီး အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှားနှင့် တရုတ်တို့မှာ ဗီတိုအာဏာအသုံးပြုခွင့်ရှိသည့် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်ကြကာ ကျန် ၁၀-နိုင်ငံမှာ ဗီတိုအာဏာ မရှိသော အမြဲတမ်းအဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများဖြစ်ကြသည်။

အဆိုပါ ၅ နိုင်ငံအား ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၁ နိုင်ငံက မဲပေးရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး လစ်သူယေးနီးယားက ၁၈၇ မဲ၊ ချီလီနှင့် နိုက်ဂျီးရီးယားတို့က ၁၈၆-မဲ၊ ချဒ်နိုင်ငံ ၁၈၄ မဲနှင့် ဆော်ဒီအာရေဗျနိုင်ငံ ၁၇၆ မဲ အသီးသီးရရှိခဲ့ကြသည်။

ရွေးချယ်ခြင်းခံရသည့် နိုင်ငံငါးနိုင်ငံမှ တစ်နိုင်ငံဖြစ်သည့် ဆော်ဒီအာရေဗျက နိုင်ငံက လုံခြုံရေးကောင်စီမှာ ကမ္ဘာ့ငြိမ်းချမ်းရေးအားဆောင်ရွက်ရာတွင် ထိရောက်မှုမရှိကြောင်း၊ လုံခြုံရေးကောင်စီ အတွင်း ပြုပြင်ပြောင်း လဲမှု များ မလုပ်ဆောင်သ၍ ထိုတာဝန်အား လက်ခံဆောင်ရွက်သွားမည် မဟုတ်ကြောင်း ယနေ့နံနက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

Thursday, October 10, 2013

ဘင်္ဂလားဒေ့ရှ်စက်ရုံမီး ၉ ယောက်သေ

ဗွီအိုအေ (မြန်မာပိုင်း)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အထည်ချုပ် စက်ရုံတရုံမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး လူ ၉ ဦးထက် မနည်း သေဆုံးခဲ့ရပါတယ်။ အင်္ဂါနေ့က ဖြစ်ပွားခဲ့တဲ့ ဒီမီးလောင်ကျွမ်းမှုဟာ ဘယ်ကနေ စတင်ခဲ့တယ် ဆိုတာ ခုထိ မသိရသေးပါဘူး။  ဒီမီးငြိမ်း သွားအောင် နာရီအတော်ကြာ ငြိမ်းသတ်ခဲ့ရတယ် လို့  မီးသတ်သမားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက  လူပေါင်း ၁,၁၀၀ ကျော် သေဆုံးခဲ့ရတဲ့  အထည်ချုပ်စက်ရုံ ပြိုကျမှုကနေစပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက အထည်ချုပ်စက်ရုံတွေရဲ့ ဆိုးရွားတဲ့ လုပ်ငန်းခွင် အခြေအနေကို မီးမောင်းထိုးပြသလို ဖြစ်ခဲ့ရပါတယ်။ မနှစ်က နိုဝင်ဘာလထဲမှာလည်း  စက်ရုံမီးလောင်ကျွမ်းမှုကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရတာပါ။

ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာတာကြောင့် အလုပ်သမားတွေရဲ့ ဝင်ငွေကို ထိခိုက်စေကြောင်း အလုပ်သမားသမဂ္ဂတွေက ပြောသလို စက်ရုံအများအပြားမှာ လုံခြုံစိတ်ချရမှုဆိုင်ရာ စံနှုန်း သိပ်ကို နိမ့်ကျနေတာအတွက်လည်း  အလုပ်သမားတွေက တိုင်တန်းနေကြတာပါ။

နိုင်ငံခြားဝင်ငွေ ၈၀ ရာခိုင်နှုန်း ဖြည့်တင်းပေးနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့  အထည်ချုပ်စက်ရုံတွေမှာ ရှိတဲ့ ပြဿနာတွေအတွက် အစိုးရဖြေရှင်းပေးဖို့ ပျက်ကွက်နေတာကိုလည်း အကဲခတ်တွေက သတိပေးနေကြပါတယ်။

ဓာတုဗေဒနိုဘဲလ်ဆု ပညာရှင် ၃ ဦးဝေမျှ

ဗွီအိုအေ (မြန်မာပိုင်း)
၂၀၁၃ခုနှစ်အတွက် ဓာတုဗေဒဆိုင်ရာ နိုဘဲလ်ဆုကို သိပ္ပံပညာရှင်တွေဖြစ်ကြတဲ့ Martin Karplus၊ Michael Levitt နဲ့ Arieh Warshel တို့ကို ပူးတွဲချီးမြှင့်လိုက်ပါတယ်။ ရှုပ်ထွေးတဲ့ ဓာတုဗေဒဆိုင်ရာ စနစ်တွေအတွက် တိုင်းတာဖို့ (multi-scale models) ပုံစံတွေကို တီထွင်တဲ့ သူတို့ရဲ့ လုပ်ဆောင်မှုအတွက် ချီးမြှင့်ဂုဏ်ပြုတာလို့ ဆွီဒင်တော်ဝင်သိပ္ပံ (Royal Swedish Academy of Sciences) အဖွဲ့ကြီးက ဆိုပါတယ်။

ဆုရသူ ၃ ဦးအတွက် ဆုကြေးငွေကတော့ အမေရိကန်ဒေါ်လာ ၁ သန်း ၂ သိန်းခွဲ ဖြစ်ပါတယ်။ သြစတြီးယားနိုင်ငံသား Martin Karplus ဟာ Strasbourg တက္ကသိုလ်မှာရော Harvard တက္ကသိုလ်မှာပါ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ တောင်အာဖရိကနိုင်ငံသား Michael Levitt ကတော့ Stanford တက္ကသိုလ်ကဖြစ်ပြီး အစ္စရေးလ်က Arieh Warshel ကတော့ Los Angeles မှာရှိတဲ့ တောင်ပိုင်း California တက္ကသိုလ်က ဖြစ်ပါ တယ်။

တီထွင်ပညာရှင်တဦးဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင် Alfred Nobel ကို အစွဲပြုပြီး ၁၉၀၁ ခုနှစ်က စတင်ပေးအပ်နေတဲ့ နိုဘဲလ်ဆုတွေဟာ သိပ္ပံ၊ စာပေနဲ့ ငြိမ်းချမ်းရေး ကဏ္ဍတွေ က အောင်မြင်မှုတွေ အတွက်  ချီးမြှင့်နေတာဖြစ်ပါတယ်။

သမ္မတကိုယ်စား ၀န်ကြီး Kerry အာဆီယံညီလာခံ ဦးဆောင်တက်ရောက်

ကိုသားညွန့်ဦး
အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားအနေနဲ့ အခုကျင်းပနေတဲ့ အာဆီယံ အရှေ့တောင်အာရှ ထိပ်သီးညီလာခံကို မတတ်ရောက်နိုင်တာကြောင့်၊ အခုနှစ်ဆန်းပိုင်းတုန်းက သူ့အနေနဲ့ ကတိ က၀တ် ပေးထားတဲ့ကိစ္စတခုကို ပြီးပြတ်အောင် မလုပ်နိုင်တော့ပါဘူး။

ဒါကတော့ တောင်တရုတ် ပင်လယ်ပြင်မှာဖြစ်နေတဲ့ ပင်လယ်ရေကြောင်း ပိုင်နက်ဆိုင်ရာ အငြင်းပွား တင်းမာမှုတွေကို တတ်နိုင်သမျှ လျော့နည်းနိုင်သမျှ နည်းသွားအောင် လုပ်ဖို့ တရုတ်နိုင်ငံနဲ့ အာဆီယံအကြားမှာ ပဋိပက္ခဖြေရှင်းရေး ခိုင်မာတဲ့ လုပ်ထုံးလုပ်နည်းတရပ် ထားရှိဖို့ ခေါင်းဆောင်တွေကို တိုက်တွန်း ဆောင်ရွက်မယ်ဆိုတဲ့ကိစ္စပါ။

ဒါပေမဲ့ သမ္မတကိုယ်စား နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ အာဆီယံ အစည်းအဝေးကို တတ်ရောက်နေပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့တော့ ဗွီအိုအေ သတင်းထောက် Steve Herman ဘရူနိုင်းနိုင်ငံကနေ သတင်းရေးသား ပေးပို့ထားချက်ကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

အာဆီယံ ထိပ်သီးစည်းဝေးပွဲ အတွင်းမှာတော့ သမ္မတ အိုဘားမားအနေနဲ့ ဒီအစည်းအဝေး မတက်ရောက်နိုင်တဲ့အပေါ်မှာ သူ့အနေနဲ့ တောင်းပန်မှုကို နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ က အာဆီယံခေါင်းဆောင်တွေကို စကားပါးခဲ့ပါတယ်။

APEC အာရှ-ပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးညီလာခံနဲ့ အာဆီယံ ထိပ်သီးညီလာခံတွေကို သမ္မတ အိုဘားမား တက်မလာနိုင်တာကြောင့် အာရှ ပစိဖိတ်ဒေသနဲ့ ပတ်သက်လို့ သမ္မတ အိုဘားမားရဲ့ ပိုင်းဖြတ်ပြောဆိုမှုတွေအပေါ် အာရှမှာ မေးခွန်းတွေ ဖြစ်လာခဲ့ပါတယ်။

အမေရိကန် အစိုးရလုပ်ငန်းတွေ တစိတ်တပိုင်း ရပ်ဆိုင်းနေရတဲ့ အခြေအနေကြောင့် သမ္မတ မလာရောက်နိုင်တာကို သဘောပေါက် နားလည်ကြလိမ့်မယ်လို့ မစ္စတာ ကယ်ရီ က အာဆီယံခေါင်းဆောင်တွေကို မနေ့က ပြောခဲ့ပါတယ်။

“အခု ၀ါရှင်တန်ဒီစီမှာ ကြုံနေရတဲ့ အခြေအနေ ဖြစ်ရပ်တွေဟာ နိုင်ငံရေးမှာ အခိုက်အတန့် သဘောဖြစ်ပါတယ်။ ဒီထက်မပိုပါဘူး။”

သမ္မတ အိုဘားမား အရင်စီစဉ်ထားတဲ့အတိုင်း နိုင်ငံအကြီးအကဲတိုင်းနဲ့ မစ္စတာ ကယ်ရီအနေနဲ့ တွေ့ဆုံနေပါတယ်လို့ မစ္စတာ ကယ်ရီနဲ့အတူ ပါသွားတဲ့ အကြီးတန်း အမေရိကန်အရာရှိတွေက ပြောဆိုပါတယ်။ ဒါ့အပြင် မစ္စတာ ကယ်ရီအနေနဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာပဲ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အာဆီယံမှာ အာဆီယံနဲ့ အမေရိကန်အကြား ညှိနှိုင်းရေးမှူး အနေနဲ့ ဆောင်ရွက်ပေးတဲ့အပေါ်မှာ မြန်မာအစိုးရနဲ့ သမ္မတ ဦးသိန်းစိန်းတို့ကို ကျေးဇူးတင်တဲ့အကြောင်း မနေ့က အစည်းအဝေးမှာပဲ နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ က ပြောခဲ့ပါတယ်။ ဒါ့အပြင် မြန်မာအနေနဲ့ လာမယ့် ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဌ တာဝန်ယူတဲ့အခါမှာ အမေရိကန်နဲ့ အာဆီယံ ဆက်ဆံရေး ကောင်းမွန် တိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ထားတဲ့အကြောင်းလည်း မစ္စတာ ကယ်ရီ က ပြောခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံက အပြောင်းအလဲ အခြေအနေတွေအပေါ်မှာလည်း အမေရိကန် ပြည်ထောင်စုအနေနဲ့ စိတ်ဝင်တစားရှိတဲ့အကြောင်း အာဆီယံ ထိပ်သီး ညီလာခံ အပြင်ပန်းမှာလုပ်တဲ့ အာဆီယံ လူငယ်တွေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံပွဲမှာ မစ္စတာ ကယ်ရီက ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံရဲ့ အခြေအနေတွေဟာ အင်မတန်မှ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ဒါပေမဲ့ ပြီးပြည့်စုံမှုတော့ မရှိသေးပါဘူး။ နိုင်ငံရေး အသွင်ကူးပြောင်းမှုတွေ ဆက်ဖြစ်လာဖို့ ကျနော်တို့ စောင့်ကြည့် ရပါမယ်။ မြန်မာနိုင်ငံမှာ တဖြေးဖြေးနဲ့တော့ ဒီမိုကရေစီ လမ်းပေါ်ရောက်လာမယ်လို့ ကျနော်တို့ မျှော်လင့် ပါတယ်။”

မြန်မာနိုင်ငံအနေနဲ့ လာမယ့် ၂၀၁၄ အာဆီယံ အလှည့်ကျဥက္ကဌ ရာထူးအတွက် ဒီကနေ့မှာ သမ္မတ ဦးသိန်းစိန်ကနေ တရားဝင် လက်ခံယူဖို့ ရှိနေပါတယ်။ ဒေသတွင်းမှာတော့ တောင်တရုတ် ပင်လယ်ပြင်မှာ ရှိနေတဲ့ ပဋိပက္ခတွေကို နည်းနိုင်သမျှ လျော့နည်းသွားအောင်လို့ ပင်လယ်ရေကြောင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း တရပ် ခိုင်ခိုင်မာမာ ရှိလာစေဖို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံအချို့က ကြိုးပမ်း ဆောင်ရွက်နေ တာတွေကို အိုဘားမားအစိုးရက ထောက်ခံမှု ပေးထားပါတယ်။

တရားဥပဒေစိုးမိုးရေး၊ ပဋိပက္ခတွေကို ငြိမ်းချမ်းစွာ အဖြေရှာရေး၊ ရေကြောင်းသွားလာမှု လွတ်လပ်ခွင့်၊ ဥပဒေနဲ့အညီ ကူးသန်းရောင်ဝယ်ခွင့်တွေ အနှောင့်အယှက် မဖြစ်ဖို့ အခြေခံမူတွေအပေါ်မှာ အမေရိကန် ပြည်ထောင်စုအနေနဲ့ အားပေး တိုက်တွန်းတာတွေကို အမေရိကန်နဲ့ အာဆီယံ အကြား ဆွေးနွေးပွဲတွေတိုင်းမှာ ပြောဆိုဖို့ရှိမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန အကြီးတန်း အရာရှိတွေ  ပြောပါတယ်။

အာဆီယံ အတွင်းရေးမှူးချုပ် Le Luong Minh ကတော့ အာဆီယံနဲ့ တရုတ်အာဏာပိုင်တွေအကြား ဒီကိစ္စအပေါ် ဆွေးနွေးညှိနှိုင်းမှုတွေ ရှိနေတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

“ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လုပ်သွားမှာပါ။ နှစ်ဘက်စလုံးက အားစိုက် လုပ်ကြတဲ့အခါမှာ ဒေသတွင်း တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေးအတွက် ဒါဟာ အရေးပါတယ်ဆိုတာ သဘောပေါက်မယ်လို့ မျှော်လင့်ပါတယ်။ ဒါဟာ အာဆီယံအတွက်တင် မဟုတ်ပါဘူး။ တရုတ်အပါအ၀င် ဒေသတွင်းက နိုင်ငံအားလုံးအတွက်ပါ။ ဒီလို သဘောပေါက်မယ်ဆိုရင် ခိုင်မာတဲ့ အဖြေရလဒ် တခုခု ထွက်လာမှာပါ။”

တရုတ်ဝန်ကြီးချုပ် Li Keqiang ကလည်း တောင်တရုတ် ပင်လယ်ပြင်ဒေသ ငြိမ်းချမ်းရေးဟာ အားလုံးအတွက် ဖြစ်စေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ပင်လယ်ရေကြောင်းဆိုင်ရာ ပဋိပက္ခတွေ ကို ဖြေရှင်းရာမှာ ပြဿနာဖြစ်တဲ့ နှစ်နိုင်ငံအကြား ဖြေရှင်းသွားမယ်လို့ ရည်ညွှန်းပြောခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်ပြင်ဒေသ နေရာအတော်များများဟာ သူတို့ပိုင်တယ်လို့ တရုတ်က ပြောနေတာပါ။ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့ကလည်း ရေပိုင်နက် အချို့နေရာကို သူတို့ပိုင်တယ်လို့ အငြင်းပွားနေကြတာ ဖြစ်ပါတယ်။

Monday, September 23, 2013

နျူကလီးယားဗုံး မတော်တဆပေါက်ကွဲမည့်ဘေးမှ အမေရိကန် လက်မတင်လေးလွတ်မြောက်ခဲ့

Monday, September 23, 2013

အမေရိကန်နိုင်ငံတွင် မတော်တဆဖြစ်ရပ်တစ်ခုကြောင့် မီဂါတန် ၄ အဆင့်ရှိ နျူကလီးယား ဗုံးပေါက်ကွဲမည့် ဘေးအန္တရာယ်ဆိုးကနေ သီသီလေးလွတ်ခဲ့ကြောင်း အစိုးရ၏ လျှို့ဝှက် အဆင့် လျှော့ချလိုက်သည့် မှတ်တမ်းသစ်အရ အတည်ပြုသိရှိရကြောင်း ဘီဘီစီသတင်းတွင် စက်တင်ဘာ ၂၂ ရက်က ဖော်ပြသည်။

၁၉၆၁ခုနှစ် ဇန်နဝါရီ ၂၃ ရက်က မြောက်ကယ်ရိုလိုင်းနားပြည်နယ်တွင် Mark 39 နျူကလီးယားဗုံးနှစ်လုံး တင်ဆောင်လျက် B-52 လေယာဉ်တစ်စင်း ပုံမှန်လေ့ကျင့်ပျံသန်းစဉ် အထိန်းအချုပ်မဲ့သွား ခဲ့ရာ ဝေဟင် တွင် ပတ်ချာလည်ဝေ့ဝိုက်နေခဲ့ကြောင်း၊ ယင်းကြောင့် နျူကလီးယားဗုံးနှစ်လုံး အထိန်းအကွပ် မှ ပြုတ်ထွက်ကာ ဂိုးစဘောရိုဒေသသို့ ပြုတ်ကျခဲ့ကြောင်း ဂါးဒီးယန်းသတင်းစာက ဖော်ပြသည်။

ပြုတ်ကျခဲ့သော ဗုံးနှစ်လုံးတွင် တစ်လုံးမှာ စက်ပိတ်ထားသော်လည်း ကျန်တစ်လုံးမှာမူရန်သူပစ်မှတ်ကို ချိန်ရွယ်ပစ်ခတ်ဟန်စစ်ရေးဆင်ထားသည့် စက်ဖွင့်လျက်သား ဗုံးဖြစ်ကြောင်း ယခု မှတ်တမ်းကို ဦးစွာရရှိခဲ့သူ ဂျာနယ်လစ်အီရစ်ရှာလိုဆာက ဆိုသည်။

''အဲဒီဗုံးသာ ပေါက်ကွဲသွားမယ်ဆိုရင် သမိုင်းလမ်းကြောင်းဟာ တစ်ဆစ်ချိုးပြောင်းလဲသွားမှာပဲ။ ဗုံးရဲ့ ခလုတ်လေးတစ်ချက်ကို အချိန်မီ ပိတ်လိုက်နိုင်လို့သာ တကယ့်ကပ်ဘေးက လက်မတင်လေးလွတ်မြောက် သွားခဲ့ရတာပါ''ဟု အီရစ်က ပြောကြားသည်။

အဆိုပါဗုံးများသည် ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့များကို ကြဲချခဲ့သည့် အဏုမြူဗုံးများထက် ပြင်းအား အဆ ၂၆ဝ ပိုပြင်းသည်။
အမေရိကန်အစိုးရက မတော်တဆဖြစ်ရပ်ကိုဝန်ခံဖူးသော်လည်း ဗုံးပေါက်ကွဲခါနီးထိ ဖြစ်ခဲ့သည်ကို မူ ပြည်သူ သို့ အသိပေးခြင်းမရှိခဲ့ကြောင်း သိရသည်။

Monday, September 16, 2013

"အစ္စလာမ် ဆန့်ကျင်ရေးလှုပ်ရှားသူ အစွန်းရောက် ခရစ်ယာန်ဘုန်းကြီး တယ်ရီဂျုံး အဖမ်းခံရ"

အမေရိကန်နိုင်ငံရဲ့ အစ္စလာမ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်လေ့ရှိသူ အစွန်းရောက် ခရစ်ယာန်ဘုန်းကြီး တယ်ရီဂျုံး (Terry Jones) ဟာ ကုရ်အာန်ကျမ်းစာ မီးရှို့ဖို့ ကြံစည်စဉ် ရဲအဖွဲ့က ဖမ်းဆီး ထိန်းသိမ်းခဲ့တယ်လို့ အမေရိကန် သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

တယ်ရီဂျုံးဟာ စက်တင်ဘာ (၁၁)ရက် အထိမ်းအမှတ် အနေနဲ့ ကုရ်အာန်ကျမ်းစာ အုပ်ရေ (၃၀၀၀)လောက်ကို မီးရှို့ဖို့ လောင်စာအပြည့် တင်ထားတဲ့ ကားကို မောင်းနှင်လာစဉ် Mulberry မြို့အနီး ရဲအဖွဲ့က ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ ယခုသူ့ကို လောင်စာဆီ တရားမဝင်သယ်ဆောင်မှု၊ တိုက်ခိုက်နိုင်တဲ့ လက်နက်ခဲယမ်းတွေကို ပေါ်ပေါ်တင်တင် သယ်ဆောင်မှုတွေနဲ့ ဖမ်းဆီးထားလိုက်တာ ဖြစ်တယ်လို့ ရဲအဖွဲ့ တာဝန်ရှိသူတွေက ဆိုပါတယ်။ ကားပေါ်မှာ လောင်စာဆီ သုတ်လိမ်းထားတဲ့ ကုရ်အာန်ကျမ်းစာ အုပ်ရေ (၃၀၀၀)လောက်ကို တင်ဆောင် မောင်းနှင် လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

တယ်ရီဂျုံးက သူ့ရဲ့ ဝဘ်ဆိုက်မှာလည်း စက်တင်ဘာ (၁၁)ရက် အထိမ်းအမှတ် အဖြစ် ကုရ်အာန်ကျမ်းစာ အုပ်ရေ (၂၉၉၈) အုပ်ကို Tampa Bay ဒေသမှာ မီးရှို့သွားမှာ ဖြစ်တယ်လို့ ကြိုတင် ကြေငြာထားပါတယ်။ ဒါ့အပြင် Facebook စာမျက်နှာတွေ ပေါ်ကလည်း လှုပ်ဆော်မှုတွေ ပြုလုပ်နေပြီး ရဲအဖွဲ့ တာဝန်ရှိသူတွေ ကြိုတင်တားမြစ်ပြီးသား ဖြစ်ပါလျက် ဥပဒေကို ချိုးဖောက်ခဲ့ခြင်း ဖြစ်တဲ့အတွက် ယခုလို ဖမ်းဆီးလိုက်ရကြောင်း ဆိုပါတယ်။ တယ်ရီဂျုံးအပြင် သူနဲ့ အတူ ပူးပေါင်းပါဝင်မဲ့ အခြား ခရစ်ယာန် အစွန်းရောက်ဘုန်းကြီး Marvin Sapp ကိုလည်း ရဲအဖွဲ့က အချိန်မီ ထိန်းသိမ်းနိုင်ကြောင်း ဆိုပါတယ်။

ဖလော်ရီဒါ (Florida) မှာရှိတဲ့ မထင်မရှား ခရစ်ယာန်ဘုရားကျောင်းက တရားဟောဆရာ တယ်ရီဂျုံးကို အစ္စလာမ် ဆန့်ကျင်ရေး မုန်းတီးမှုတွေ ဟောပြောမှုကြောင့် လူသိများခဲ့ပြီး ယခင် (၂၀၁၀) ခုနှစ်ကလည်း ကုရ်အာန်ကျမ်းစာတွေကို မီးရှို့ဖို့ ဆော်ဩခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၁) ခုနှစ်က ထွက်ပေါ်လာတဲ့ အစ္စလာမ် ဆန့်ကျင်ရေး ရုပ်/သံ ဇာတ်လမ်းတိုကိုလည်း တယ်ရီဂျုံး က ထောက်ခံကြောင်း ဟောပြောမှုတွေ ပြုလုပ်ခဲ့သူ ဖြစ်ကြောင်း သိရှိရပါတယ်။

ဆန္ဒပြသူများကို အီဂျစ်ရဲတပ်ဖွဲ့က ပြင်းပြင်းထန်ထန် သတိပေး

ဆန္ဒပြသူ အစ္စလာမ်မစ်များအနေဖြင့် လမ်းများကိုပိတ်ဆို့၍ ယာဉ်ကြောပိတ်အောင်ဆန္ဒပြ ပါက ပြင်းထန်စွာဖြိုခွင်းသွားမည် ဖြစ်ကြောင်း အီဂျစ်ပြည်ထဲရေးဝန်ကြီးဌာနက စနေနေ့ကပြင်းထန်သည့် သတိပေးချက် တစ်ရပ်ထုတ်ပြန်ခဲ့ကြောင်း စက်တင်ဘာ ၁၅ ရက်က အေအက်ဖ်ပီ သတင်းဌာနမှ ဖော်ပြထားသည်။

အီဂျစ်တပ်ဖွဲ့များက အစ္စလာမ်မစ်သပိတ်စခန်းနှစ်ခုကို ဖြိုခွင်းနှိမ်နင်းခဲ့အပြီး တစ်လအကြာတွင် ထိုသတိ ပေးချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ပြီးခဲ့သည့်လအတွင်းက ထိုသပိတ်စခန်းနှစ်ခုကို ဖြိုခွင်းခဲ့ရာ တွင်ဆန္ဒပြသူများ သေဆုံးခဲ့သဖြင့် လူ့အခွင့်အရေးအဖွဲ့များက အီဂျစ်အစိုးရကို ဝေဖန် ခဲ့ကြသည်။

ဇူလိုင်လ ၃ ရက်က သမ္မတမိုဟာမက်မော်စီကိုဖြုတ်ချ၍ စစ်တပ်က အာဏာသိမ်းခဲ့ခြင်းကို ဆန့်ကျင်သည့်အနေဖြင့်၊ ထောင်နှင့်ချီသည့် ဆန္ဒပြသူများသည် သောကြာနေ့ကလည်း ကိုင်ရိုမြို့တွင်စုဝေး၍ ဆန္ဒပြခဲ့ကြရာ၊ စနေနေ့တွင် သတိပေးချက်ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြသူများသည် ယာဉ်ကြောများ ပိတ်ဆို့အောင်လုပ်ခြင်း၊ သတင်းထောက်များကို အတင်း အကျပ်ခေါ် ဆောင်ကာ ၎င်းသတင်းထောက်များ၏ ပစ္စည်းကိရိယာများအား သိမ်းယူခြင်းအစရှိသည့် ရာဇ၀တ်မှုအများ အပြားကို ကျူးလွန်နေကြသည်ဟု အီဂျစ်ပြည်ထဲရေးဝန်ကြီးဌာနက စွပ်စွဲထားသည်။

“လမ်းပိတ်ဆို့မှုများ သို့မဟုတ်ယာဉ်ကြောပိတ်အောင် ပြုလုပ်ခြင်းများနှင့် နိုင်ငံသားများ၏ လုံခြုံရေးအား ခြိမ်းခြောက်မှု မှန်သမျှကို ၀န်ကြီးဌာနအနေဖြင့် အစွမ်းကုန်ပြတ်ပြတ်သားသား ထိပ်တိုက်ရင်ဆိုင်သွား မည်” ဟု အီဂျစ်ပြည်ထဲရေးဝန်ကြီးဌာနက သတိပေးခဲ့သည်။

မော်စီ၏ မွတ်စလင်ညီအစ်ကိုများအဖွဲ့ လှုပ်ရှားမှုအားအီဂျစ်တပ်ဖွဲ့ဝင်များက နှိမ်နှင်းခဲ့သောကြောင့် သေ ဆုံးသူပေါင်းမှာ သြဂုတ်လ ၁၄ ရက်မှ စတင်ရေတွက်လျှင် ရာနှင့်ချီ၍ရှိနေပြီဖြစ်ကာ ဆန္ဒပြသူ ၂,၀၀၀ ကျော်လည်း ဖမ်းဆီးခံခဲ့ရပြီး ဖြစ်သည်။ သြဂုတ်လ ၁၄ ရက်တွင် ရဲတပ်ဖွဲ့ဝင်များက အင်အားအသုံးပြုကာ သပိတ်စခန်းနှစ်ခုကို ဖြိုခွင်းခဲ့သည်။

ဆန္ဒပြသူ အစ္စလာမ်မစ်များကမူ အပတ်စဉ်စုဝေးဆန္ဒပြမှုများ ဆက်လက်ပြုလုပ်မည်ဟု ကြေညာထားပြီး၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများဖြစ်ကြောင်း အခိုင်အမာဆိုထားသည်။

ဆန္ဒပြသူ ၂၀၀ ခန့်သည် ကိုင်ရိုမြို့ရှိ ရက်ဘာအယ်လ်အဒါဝီယာ (Rabaa al-Adawiya) ရင်ပြင်အနီးသို့ စနေနေ့က ချီတက်ဆန္ဒပြခဲ့ကြသည်။ ပြီးခဲ့သည့်လက ဖြိုခွင်းခံခဲ့ရသည့် အဓိကသပိတ်စခန်းမှာ ထိုရင်ပြင်တွင် တည်ရှိခဲ့ခြင်း ဖြစ်သည်။

ထိုသပိတ်စခန်းနှင့် ကိုင်ရိုမြို့ရှိ တခြားသပိတ်စခန်းတစ်ခုအား ဖြိုခွင်းနှိမ်နင်းမှုကြောင့် လူပေါင်းရာနှင့်ချီ၍ သေဆုံးခဲ့ကြရသည်။
ထိုအကြမ်းဖက်ဖြိုခွင်းမှုအား “အီဂျစ်ခေတ်သစ်သမိုင်းတွင် အဆိုးရွားဆုံးသော၊ အစုလိုက်အပြုံလိုက် ဥပဒေမဲ့သတ်ဖြတ်မှုဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဝေဖန်ခဲ့သည်။

အစိုးရကမူ ၎င်းတို့၏ လုပ်ရပ်ကိုကာကွယ်ပြောကြားခဲ့ပြီး၊ ဆန္ဒပြသူများဘက်မှ စတင်ပစ်ခတ် လာသော ကြောင့် သာ ရဲများကအကန့်အသတ်ဖြင့် တုံ့ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။

ရက်ဘာအယ်လ်အဒါဝီယာ  အနီးရှိ နက်ဆာစီးတီး  ဒေသတွင် စနေနေ့က အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးများသည် “ရက်ဘာ၊ ရက်ဘာ”  ဟု ဟစ်ကြွေးကာ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြခဲ့ကြသည်။

အီဂျစ်တွင် သမ္မတမော်စီ ဆန့်ကျင့်ရေးဆန္ဒပြပွဲများ အကြီးအကျယ်ပေါ်ပေါက်လာခဲ့အပြီးတွင်၊ ဇူလိုင်လ ၃ ရက်က အီဂျစ်စစ်တပ်က သမ္မတမော်စီအားဖြုတ်ချကာ အာဏာသိမ်းခဲ့ခြင်း ဖြစ်သည်။ မော်စီမှာ အီဂျစ်တွင် ပထမဆုံးဒီမိုကရေစီနည်းကျ အရွေးခံခဲ့ရသည့်သမ္မတ ဖြစ်သည်။

အီဂျစ်တွင် သွေးထွက်သံယိုများ ဖြစ်ပွားခဲ့သည့် သြဂုတ်လလယ်မှစ၍ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားခဲ့ရာ၊ ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ကြားဖြတ်အစိုးရအဖွဲ့ သမ္မတအက်ဒ်လီမန်ဆွာ (Adly Mansour) က အရေးပေါ်အခြေအနေကို နောက်ထပ်နှစ်လသက်တမ်း ထပ်တိုးလိုက်ကြောင်း ကြေညာခဲ့ပြီး လုံခြုံရေးအခြေအနေများကြောင့် ထိုကဲ့သို့ သက်တမ်းတိုးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ အင်အားကြီးနိုင်ငံများ ဆီးရီးယားအရေး ဆွေးနွေး

ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှားနှင့် အမေရိကန်နိုင်ငံများမှ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ် များသည် ဆီးရီးယား၏ ဓာတုလက်နက် အကျပ်အတည်းနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြသော်လည်း သဘောတူညီမှု မရရှိခဲ့ကြကြောင်း စက်တင်ဘာ ၁၄ ရက်က အေအက်ဖ်ပီ သတင်းဌာန မှ ဖော်ပြထားသည်။

“ဆီးရီးယားအရေးနဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်ချက်မူကြမ်းထဲမှာ ထည့်နိုင်မယ့် အချက်တွေအကြောင်း ကိုသူတို့ ဆွေးနွေးခဲ့ကြပါတယ်” ဟု ဗီတိုအာဏာပိုင်ဆိုင်သည့် လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံ များ၏ ၄၅ မိနစ်ကြာ အစည်းအဝေးကိုကိုးကား၍ ကုလသမဂ္ဂသံတမန်တစ်ဦးက ပြောဆိုခဲ့သည်။

နယူးယောက်မြို့တွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး၊ လုံခြုံရေးကောင်စီ သံတမန်တစ်ဦးက “နိုင်ငံတိုင်းဟာ သူတို့ရဲ့ အနေအထားကိုယ်စီကို အသေးစိတ်တင်ပြခဲ့ကြပေမယ့် တကယ်စစ်မှန်တဲ့ ညှိနှိုင်းမှုမျိုးမဟုတ် ခဲ့ပါဘူး” ဟုဆိုခဲ့သည်။

ရုရှားနိုင်ငံ၏ မဟာမိတ်ဖြစ်သည့် ဆီးရီးယားသမ္မတဘက်ရှာအယ်လ်အာဆတ် အားဖိအားပေးရေး အဆိုပြုချက်များကို ရုရှားက ပယ်ချလျက်ရှိနေသည်။

ဆီးရီးယား၏ ဓာတုဗေဒလက်နက်တိုက်များကို နိုင်ငံတကာ၏ ထိန်းချုပ်မှုအောက်တွင် အပ်နှံပါက ဆီးရီးယားအပေါ် တိုက်ခိုက်ဖွယ်ရှိသည့် စစ်ရေးအစီအစဉ်ကို ရပ်ဆိုင်းပေးရန် ရုရှား၏ အဆိုပြုချက်နှင့် ပတ်သက်၍ ကယ်ရီနှင့်ရုရှား နိုင်ငံခြားရေးဝန်ကြီးတို့ ဆွေးနွေးကြမည် ဖြစ်သည်။

အကယ်၍ အာဆတ်ခေါင်းဆောင်သည့် အစိုးရအဖွဲ့အနေဖြင့် တားမြစ်ထားသည့် ဓာတုဗေဒလက်နက်များ ကို နိုင်ငံတကာထိန်းချုပ်မှုလက်အောက်သို့ အပ်နှံရန် ပျက်ကွက်ခဲ့ပါက အကျိုးဆက်အဖြစ် အလွန်ပြင်းထန်စွာ အရေးယူနိုင်မည့် ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ်ကို ချမှတ်နိုင်ရေးအတွက် ပြင်သစ်၊ ဗြိတိန်နှင့် အမေရိကန်တို့က အပြင်းအထန် ကြိုးပမ်းလျက်ရှိကြသည်။

ပြင်သစ်နိုင်ငံက ရေးဆွဲထားသည့် ဆုံးဖြတ်ချက် မူကြမ်းထဲတွင်၊ ဆီးရီးယားအနေဖြင့် ၎င်းတို့၏ ဓာတုဗေဒ လက်နက်များရှိသည့် နေရာများကို ပြောကြားရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ၁၅ ရက် အချိန်ပေး မည်ဖြစ်ကြောင်း ပါရှိသည်။

ဆီးရီးယားအရေးနှင့် ပတ်သက်ပြီး အမေရိကန်ကလည်း သံတမန်ရေးရာနည်းလမ်းများအတိုင်း ဆောင်ရွက်နေစဉ်တွင် ဆီးရီးယားအစိုးရအား ဆက်လက်ဖိအားပေးထားနိုင်ရန်အတွက် ဆီးရီးယား ကမ်းခြေ၏ ကမ်းလွန်ဒေသတွင် အမေရိကန်ရေတပ်ကို အသင့်အနေအထားဖြင့် ရှိနေစေမည်ဟုလည်း အိုဘားမားက ဆိုခဲ့သည်။

Saturday, September 14, 2013

ဂျပန်၏ စစ်အင်အား တိုးချဲ့နေမှုကို ရပ်တန့်ရန် တရုတ် တောင်းဆို

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးမှ စိတ်အားထက်သန်စွာ လုပ်ဆောင် လျက် ရှိသော ၎င်း၏ စစ်အင်အား တိုးချဲ့နေမှုကို ရပ်တန့်ရန် တရုတ်နိုင်ငံက စက်တင်ဘာ ၁၃ ရက်တွင် တောင်းဆို လိုက်ကြောင်း သိရသည်။

အာရှအိမ်နီးချင်း နိုင်ငံများသည် ဂျပန်နိုင်ငံ၏ နိုင်ငံရေးနှင့် လုံခြုံရေး တိုးမြှင့် လုပ်ဆောင်နေမှု အပေါ် စိုးရိမ်ပူပန်လျက် ရှိကြောင်းနှင့် ၎င်းတို့အနေဖြင့် ဂျပန်နိုင်ငံသည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို လျှောက်လှမ်း မည်ဟု မျှော်လင့်ကြောင်း ပုံမှန်သတင်း အစည်းအဝေး တစ်ခု တွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ဟုန်းလေက ပြောကြားခဲ့သည်။ ထို့အပြင် ဂျပန်နိုင်ငံသည် အတိတ်သမိုင်းကို ဥပမာယူပြီး ဒေသ တွင်းနိုင်ငံများ၏ စိုးရိမ်ပူပန်မှုကို ပြန်လည် လေးစားသင့်ကြောင်းနှင့် ဒေသ တွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ် အေးချမ်းရေးကို ပိုမို၍ ထောက်ကူပေး သင့်ကြောင်း ဟုန်းက ထပ်လောင်း ပြောကြား ခဲ့သည်။

ရှင်ဇိုအာဘေးသည် ဂျပန်နိုင်ငံ၏ ကာကွယ်ရေး စွမ်းရည်ကို တိုးမြှင့်သွားပြီး ကိုယ်ပိုင် ကာကွယ်ရေး စနစ်၏ အခွင့်အရေးများနှင့် ပတ်သက် ၍ ငြင်းခုံ ဆွေးနွေးသွားရန် စက်တင်ဘာ ၁၂ ရက်တွင် ကတိပြု ပြောကြားခဲ့ကြောင်း သိရသည်။ ဂျပန်တို့ စစ်ရှုံးကာ ဒုတိယ ကမ္ဘာစစ်ပြီးနောက် ထုတ်ပြန် ပြဋ္ဌာန်းခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဂျပန် နိုင်ငံသည် စစ်ဆင်နွှဲမှုကို စွန့်လွှတ်ရမည်ဟု ပါရှိကြောင်းသိရသည်။

http://www.myawady.net.mm/allnews/global/item/25306-2013-09-14-08-57-07

Thursday, September 5, 2013

Nokia ဟန်းဆက်လုပ်ငန်းကို Microsoft ၀ယ်ယူလိုက်သည်

Nokia စမတ်ဖုန်းနှင့် ဆယ်လူလာဟန်းဆက်များကို ကန်ဒေါ်လာ ၇ ဒသမ ၂ ဘီလီယံဖြင့် ၀ယ်ယူလိုက် ပြီဟု စက်တင်ဘာပထမပတ်အတွင်းတွင် Microsoft က ကြေညာလိုက်သည်။

ယင်းသဘောတူညီချက်အရ Microsoft Window စနစ်သုံး Lumia စမတ်ဖုန်းများ ဖန်တီးရာတွင် ဦးဆောင်နေသည့် Nokia ကုမ္ပဏီကို Microsoft မှ ပိုင်ဆိုင်တော့မည်ဖြစ်သည်။ ဤသို့ပိုင်ဆိုင်နိုင်ရန် အတွက် Microsoft အနေဖြင့် Nokia ၏ Devices နှင့် ၀န်ဆောင်မှုလုပ်ငန်းများအတွက် ကန်ဒေါ်လာ ငါးဘီလီယံနှင့် မူပိုင်ခွင့်အတွက် ၂ ဒသမ ၂ ဘီလီယံခန့် Nokia သို့ပေးရမည်ဟုလည်း သိရသည်။

ယခုသဘောတူညီချက်မှာ ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလနောက်ပိုင်းမှ စတင်ကာကုမ္ပဏီနှစ်ခုအကြား နီးနီး ကပ်ကပ်ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်၍ Apple ၊ Sam-sung တို့နှင့်ယှဉ်ပြိုင်ရန် ကြိုးပမ်းလာသည့် နောက်ပိုင်းတွင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီနှစ်ခုစလုံးအနေဖြင့် ဥရောပတိုက်အပါအ၀င် ကမ္ဘာတစ်လွှားရှိ စီးပွားရေးလုပ်ငန်းများတွင် ရှေ့ရောက်နေသော်လည်း အမေရိကန်နိုင်ငံတွင်မူ အခက် အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။

သို့သော် Window ဖုန်းများမှာ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်တွင် Black Berry အား ကျော်ဖြတ်ကာ တတိ ယနေရာတွင် နေရာယူထားပြီးဖြစ်သည်ဟု လေ့လာသုံးသပ်သူ အချို့အရ သိရသည်။

ယခုကဲ့သို့ဝယ်ယူလိုက်ခြင်းမှာ နောင် ၁၂ လအကြာတွင် အနားယူတော့မည့် Microsoft ၏ အမှုဆောင် Steve Ballmer ၏ ရဲရင့်ယုံကြည်မှုအရှိဆုံးသော ဆောင်ရွက်ချက်တစ်ရပ်ဖြစ်သည်။ ထို့အတူMicrosoft အနေဖြင့် Nokia အား ၀ယ်ယူလိုက်ခြင်းဖြင့် Software များရောင်းချနေသည့် ကုမ္ပဏီတစ်ခုအဖြစ်မှ လျှပ်စစ်ပစ္စည်းများ ရောင်းချသည့်ကုမ္ပဏီတစ်ခုသို့ ဦးတည်ရွေ့လျားနေသည်ကို ပြသလိုက်ခြင်း လည်း ဖြစ်သည်။

Nokia ကုမ္ပဏီကို ၀ယ်ယူရန် အသုံးပြုခဲ့သည့်ငွေကြေးပမာဏမှာ ၂၀၁၁ ခုနှစ် မေလတွင် အင်တာနက် ဖုန်းဆက်သွယ်မှု ၀န်ဆောင်မှုပေးနေသည့် Skype ကို ကန်ဒေါ်လာ ၉ ဒသမ ၃ သန်းဖြင့် ၀ယ်ယူမှု အပြီးတွင် ဒုတိယအကြီးမားဆုံးသောဝယ်ယူမှုတစ်ရပ်ဖြစ်သည်။

“Nokia နဲ့ Microsoft တို့ဟာ အမြဲတမ်းလိုလို ရည်မှန်းချက်ကြီးမားတဲ့ စိတ်ကူးတွေရှိပါတယ်”ဟု ဘလော့ဂ်စာမျက်နှာပေါ်တွင် တင်ထားသည့် အိတ်ဖွင့်ပေးစာတွင် Ballmer နှင့် Nokia ဥက္ကဋ္ဌ Stephen Elop တို့က ပြောကြားလိုက်သည်။

Wednesday, September 4, 2013

ဆီးရီးယား စစ်အရေး ဆွေးနွေးတုံး ဂျွန်မက်ကိန်း ပိုကာဂိမ်းဆော့နေ

အမေရိကန်ရဲ့  ဒုတိယက သမ္မတ ဖြစ်ခဲ့ဖူးပြီး လက်ရှိ အရီဇိုးနားပြည်နယ်ရဲ့  အထက်လွတ်တော် အမတ် ဂျွန်မက်ကိန်း တစ်ယောက် ဒီလိုလုပ် လိမ့်မယ် လို့ ထင်မထားကြပါဘူး။ ဆီးရီးယားကို ဗုံးကြဲသင့်မကြဲသင့် အရေး တကြီး ဆွေးနွေးနေချိန် မှာ ပိုကာဂိမ်းဆော့နေတော့ ကမ္ဘာကျော်တဲ့ သတင်းတစ်ပုဒ် ဖြစ်လာပါတယ်။

စက်တင်ဘာလ ၃ ရက်နေ့တုန်းက အမေရိကန် လွတ်တော်အစည်းအဝေး တစ်ခုမှာ ဖြစ်ပါတယ်။ သမ္မတ အိုဘားမားနဲ့ အထက်လွတ်တော် အမတ်များ အကြိတ်အနှယ် ဆွေးနွေးတိုင်ပွဲတဲ့ အစည်း အဝေး တစ်ခုမှာ ဖြစ်ပါတယ်။ ဆီးရီးယားရဲ့  ဓာတု ဗေဒ စစ်လက်နက် အသုံးပြုမှုကို ရပ်တန့်ဖို့အတွက် အမေရိကန်က ဆီးရီးယားကို စစ်တိုက်တော့မယ့် အခြေအနေ တစ်ခု ဖြစ် ပါတယ်။ သမ္မတ အိုဘားမားသာ Yes လို့တစ်ခွန်း ပြောလိုက်တာနဲ့ တား မယ့် နိုင်ငံလည်း ရှိမှာ မဟုတ်ပါဘူး။ အမေရိကန် ကာကွယ်ရေး ဦးစီးချုပ် ကလည်း အိုဘားမားရဲ့ အမိန့်ကို စောင့်ဆိုင်း၍ အသင့်အနေ အထားမှာ ရှိနေပါတယ်။
ဒီတော့ အိုဘားမားဟာ သူ့အနေနဲ့ တစ်ယောက်တည်း ဆုံးဖြတ်ချက် မပြုပဲ လွတ်တော်အမတ်များရဲ့  အကြံ ပြုချက်ကို လိုချင်လို့ အစည်းအဝေး တစ်ခု ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ယင်းအစည်းအဝေးမှာ အရေးကြီး ပုဂ္ဂိုလ် ဖြစ်တဲ့ ဂျွန်မက်ကိန်းဟာ သူ့ iPhone နဲ့ VIP Poker အမည်ရတဲ့ ဖဲဂိမ်း တစ်ခုကို ဆော့နေပါတယ်။ ဒါကိုလည်း မြင်တဲ့ သတင်းထောက် က မြင်ပြီး ဝဘ်ဆိုဒ်မှ တစ်ဆင့် တင်လိုက်တဲ့ ပုံကြောင့် ပိုပိုလို့ နာမည်ကြီး သွား ပါတယ်။ ဂျွန်မက်ကိန်းအနေနဲ့ ယင်းအတွက် အရှက်ပြေ ဖြေရှင်းချက် Status တစ်ခုကို သူ့ Twitter အကောင့်ကနေ တင်ပြီး ပြောပေမယ့် ဘယ်သူမှ လက်မခံပါဘူး။ ၃ နာရီပဲ ကြာမြင့်တဲ့ အစည်းအဝေးမှာ အရေးကြီး စကားများ ကြားနာခြင်း မပြုပဲ ပိုကာ အိုင်ဖုန်း အွန်လိုင်းဂိမ်း ဆော့နေမှုအပေါ် အားလုံး ရယ်စရာလို ပြန်ပြောနေကြပါပြီ။ ဒီအတွက် အိမ်ဖြူတော် မှ ဂျွန်မက်ကိန်းအပေါ် မည်သို့ တုန့်ပြန်မည်ကို မသိရသေးကြောင်း သိရပါတယ်။

ဆီးရီးယားကို အနောက်နိုင်ငံများ တိုက်ခိုက်ပါက ဒေသလုံးဆိုင်ရာ စစ်ပွဲတစ်ခုဖြစ်လာနိုင်ကြောင်း အာဆတ် သတိပေး

Wednesday, September 4, 2013

အနောက်နိုင်ငံများအနေဖြင့် ဆီးရီးယားကိုစစ်ရေးတိုက်ခိုက်မှု ပြုလုပ်ပါက ပေါက်ကွဲတော့မလို ဖြစ်နေ သည့် အရှေ့အလယ်ပိုင်းဒေသတွင်၊ တစ်ဒေသလုံးဆိုင်ရာ စစ်ပွဲကြီးတစ်ခု ဖြစ်လာနိုင်သည့် အန္တရာယ်ရှိ ကြောင်း ဆီးရီးယားခေါင်းဆောင် ဘက်ရှာအယ်လ်အာဆတ် (Bashar al-Assad) က သတိပေးလိုက်ကြောင်း စက်တင်ဘာ ၃ ရက်က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။

ပြင်သစ်သတင်းစာ Le Figaro နှင့် အင်တာဗျူးတွင် ထိုကဲ့သို့သတိပေး ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဆီးရီးယားအစိုးရသည် ပြီးခဲ့သည့်လက ဓာတုဗေဒလက်နက်များအသုံးပြု တိုက်ခိုက်ခဲ့သည်ဟူသော စွပ်စွဲချက်များဖြင့်အမေရိကန်ဦးဆောင်သည့် တပ်ဖွဲ့များကဆီးရီးယားအားတိုက်ခိုက်ရန်ရှိနေရာ၊ အကယ် ၍ ပြင်သစ်အနေဖြင့် ထိုတိုက်ခိုက်မှုတွင် ပါဝင်ပါကဆိုးရွားသည့် အကျိုးဆက်များကို ရင်ဆိုင်ရလိမ့်မည် ဖြစ်ကြောင်းလည်း အာဆတ်က သတိပေးခဲ့သည်။

“အရှေ့အလယ်ပိုင်းဟာ ယမ်းမှုန့်တွေရှိတဲ့ စည်တစ်ခုလိုပါပဲ။ ပြီးတော့ စနက်ကြိုးကလည်း တဖြည်းဖြည်း တိုလာပါပြီ” ဟု ဒမတ်စကတ်မြို့တွင် အာဆတ်က Le Figaro သတင်းစာ၏ သတင်းထောက်ကို ပြော ကြားခဲ့သည်။ ထိုအင်တာဗျူးမှာ အာဆတ်အဖို့ အနောက်မီဒီယာများနှင့် ရှားရှားပါးပါး ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုလည်း ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ဆီးရီးယားက ဘယ်လိုတုံ့ပြန်မယ်ဆိုတာ တစ်ခုတည်းကို ပြောလို့မရပါဘူး” ဟု အာဆတ်က ပြောခဲ့သည်။
“ယမ်းမှုန့်တွေရှိတဲ့စည် ပေါက်ကွဲပြီ ဆိုတာနဲ့ ဘယ်သူကမှ အခြေအနေကို ထိန်းချုပ်နိုင်တော့မှာ မဟုတ် ပါဘူး။ ဖရိုဖရဲ အခြေအနေနဲ့ အစွန်းရောက်ဝါဒဟာ ပျံ့နှံ့သွားပါလိမ့်မယ်။ ပြီးတော့ ဒေသလုံးဆိုင်ရာ စစ်ပွဲကြီးတစ်ခုကို ဖြစ်လာစေမယ့် အန္တရာယ်လည်း ရှိပါတယ်” ဟု သူကပြောသည်။

သြဂုတ်လ ၂၁ ရက်က ဓာတုဗေဒလက်နက်များ အသုံးပြုတိုက်ခိုက်ခဲ့သည်ဟူသော စွပ်စွဲချက်များဖြင့်၊ ဆီးရီးယားအား အမေရိကန်ကတိုက်ခိုက်မည်ဟု ခြိမ်းခြောက်လျက်ရှိရာ၊ အမေရိကန်၏ ဆောင်ရွက်မှု ကို ပြင်သစ်က ထောက်ခံကူညီနိုင်ရန် ပြင်ဆင်လျက်ရှိနေသည်။ ပြင်သစ်အနေဖြင့် ထိုလုပ်ရပ်များ၏ အကျိုးဆက်ကို ဆင်ခြင်သင့်ကြောင်းလည်း ဆီးရီးယားသမ္မတအာဆတ်က သတိပေးခဲ့သည်။
“ဆီးရီးယားနိုင်ငံနဲ့ ဆီးရီးယားပြည်သူတွေရဲ့ အကျိုးစီးပွားတွေကို ထိပါးအောင်လုပ်ကိုင်နေတဲ့ ဘယ်သူ မဆိုရန်သူပါပဲ” ဟု အာဆတ်က ဆိုသည်။

“ပြင်သစ်ပြည်သူတွေဟာ ကျွန်တော်တို့ရဲ့ရန်သူတွေမဟုတ်ပါဘူး။ ဒါပေမဲ့ ပြင်သစ်နိုင်ငံရဲ့ မူဝါဒကတော့ ဆီးရီးယား ပြည်သူတွေကို ရန်လိုနေသလို ဖြစ်နေပါတယ်” ဟု သူက ဆိုသည်။

ပြင်သစ်နိုင်ငံရဲ့မူဝါဒက ဆီးရီးယားပြည်သူတွေကို ဆန့်ကျင်ရန်လိုနေတဲ့အတွက် ပြင်သစ်နိုင်ငံဟာ ဆီး ရီးယားရဲ့ရန်သူလို ဖြစ်သွားပါလိမ့်မယ်။ အဲဒါဆိုရင် ပြင်သစ်ရဲ့အကျိုးစီးပွားကို ထိခိုက်စေနိုင်တဲ့ဆိုးဝါးတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာပါလိမ့်မယ်” ဟု အာဆတ်က ပြောခဲ့သည်။

Thursday, August 29, 2013

ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရာမူးပန်းဝါမှ ဘုန်းတော်ကြီးကျောင်းသစ်များအား ဖွင့်လှစ်ပေးမည်

ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာ သည် လာမည့် စက်တင်္ဘာလ ၃ ရက်နေ့တွင် ရာမူး ပန်းဝါမှ အသစ်ဆောက်လုပ် ပြီးစီးသွားသော ဘုန်းတော်ကြီးကျောင်း ၁၉ ကျောင်းကို ပြန်လည် ဖွင့်လှစ် ပေးသွားမည်ဟု သတင်း ရရှိသည်။
၎င်း ဗုဒ္ဓဘာသာ အဆောက် အဦးများနှင့်  ဘုန်းတော်ကြီး ကျောင်း (၁၉) ကျောင်းသည် လွန်ခဲ့သောနှစ် စက်တင်္ဘာလ ၂၉ ရက်နေ့က အစ္စလာမ်မစ် အစွန်းရောက်သူများ၏ မီးရှို့ တိုက်ခိုက်မူကြောင့် ပြိုပျက်ခဲ့ရသည်။
ဘင်္ဂလာဒေခ်ျ့ အစိုးရသည် အဆိုပါ ဗုဒ္ဓဘာသာ အဆောက် အဦးများနှင့်  ဘုန်းတော်ကြီး ကျောင်း (၁၉) ကျောင်း ပြန်လည် တည်ဆောက်ရေးအတွက် ဘင်္ဂလာဒေခ်ျ့ တာကာ ကုဋေ (၂၀)  အသုံး ပြုခဲ့သည်။
မြန်မာကျပ်ငွေ တန်ဖိုးနှင့် ဆိုလျှင် အဆိုပါ ငွေကြေးမှာ ကုဋေ (၂၀၀) ဖိုးခန့် ရှိသည်။
၎င်းကျောင်းတော် ၁၉ ကျောင်းကို အမှတ် (၁၇) ဘင်္ဂလာဒေခ်ျ့ အင်ဂျင်နီယာစစ်တပ်မှ တာဝန်ယူ ပြန်လည် တည်ဆောက်ခဲ့ပြီး ယခုအခါ ပြီးစီးသွားပြီ ဖြစ်သည်။
ယင်းအထဲမှ ပေ ၁၀၀ အရှည်ရှိ လျောင်းတော်မူ ဗုဒ္ဓရုပ် ပွားတော်ကို ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ချိတ်ဟာဆီးနာမှ တက်ရောက် ဖွင့်လှစ် ပေးမည်ဖြစ်ကြောင်း သတင်းများက ဆိုသည်။
ရာမူး ခေါ် ပန်းဝါမြို့တွင် လွန်ခဲ့သည့်နှစ် စက်တင်ဘာလ ၂၉ ရက်နေ့က အစွန်းရောက် ဘာသာရေး သမားများ၏ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ဗုဒ္ဓဘာသာ အဆောက် အဦးများနှင့်  ဘုန်းတော်ကြီး ကျောင်း (၁၉) ကျောင်း အထဲတွင် အဆိုပါ လျောင်းတော်မူ ဘုရားလည်း ပါဝင်သည်။
ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ခရီးစဉ် အတွင်း  ဘင်္ဂလား- မြန်မာနယ်စပ် ဂိတ်များကို ပိတ်ထားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာသည် သူမ၏ ကော့စ်ဘဇား (ဖလောင်းချိတ်) နှင့် ရာမူး (ပန်းဝါ) ခရီးစဉ်အား စက်တင်္ဘာလ  ၃ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ရာ မောင်တော- တက်ကနက် ဆိပ်ကမ်း အပါအ၀င် မြန်မာပြည်နှင့် ကူးလူး ဆက်ဆံနေသော အ၀င်အထွက်ဂိတ်များကို စက်တင်္ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့ထိ ပိတ်ထားမည်ဟု ဆိုသည်။
ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာသည် သူမ၏ ခရီးစဉ် အတွင်း ရာမူးမှ တဆင့် မြန်မာ နယ်စပ် အနီးရှိ အိုးခီးယားနှင့် တက်ကနက် မြို့ များသို့လည်း သွားရောက် လည်ပတ်မည်ဖြစ်ကြောင်းလည်း သိရသည်။

ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရာမူးပန်းဝါမှ ဘုန်းတော်ကြီးကျောင်းသစ်များအား ဖွင့်လှစ်ပေးမည်

(နိရဉ္စရာ- ၂၉ သြဂတ်စ် ၂၀၁၃)/ မောင်အေး
အသစ်တည်ဆောက်ပြီးစီးသွားသော ပန်းဝါမြို့မှ လျောင်းတော်မူ ဘုရား။ ( ဓါတ်ပုံ- Star)
အသစ်တည်ဆောက်ပြီးစီးသွားသော ပန်းဝါမြို့မှ လျောင်းတော်မူ ဘုရား။ ( ဓါတ်ပုံ- Star)
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာသည် လာမည့် စက်တင်္ဘာလ ၃ ရက်နေ့တွင် ရာမူး ပန်းဝါမှ အသစ်ဆောက်လုပ် ပြီးစီးသွားသော ဘုန်းတော်ကြီးကျောင်း ၁၉ ကျောင်းကို ပြန်လည် ဖွင့်လှစ် ပေးသွားမည်ဟု သတင်း ရရှိသည်။
၎င်း ဗုဒ္ဓဘာသာ အဆောက် အဦးများနှင့်  ဘုန်းတော်ကြီး ကျောင်း (၁၉) ကျောင်းသည် လွန်ခဲ့သောနှစ် စက်တင်္ဘာလ ၂၉ ရက်နေ့က အစ္စလာမ်မစ် အစွန်းရောက်သူများ၏ မီးရှို့ တိုက်ခိုက်မူကြောင့် ပြိုပျက်ခဲ့ရသည်။
ဘင်္ဂလာဒေခ်ျ့ အစိုးရသည် အဆိုပါ ဗုဒ္ဓဘာသာ အဆောက် အဦးများနှင့်  ဘုန်းတော်ကြီး ကျောင်း (၁၉) ကျောင်း ပြန်လည် တည်ဆောက်ရေးအတွက် ဘင်္ဂလာဒေခ်ျ့ တာကာ ကုဋေ (၂၀)  အသုံး ပြုခဲ့သည်။
မြန်မာကျပ်ငွေ တန်ဖိုးနှင့် ဆိုလျှင် အဆိုပါ ငွေကြေးမှာ ကုဋေ (၂၀၀) ဖိုးခန့် ရှိသည်။
၎င်းကျောင်းတော် ၁၉ ကျောင်းကို အမှတ် (၁၇) ဘင်္ဂလာဒေခ်ျ့ အင်ဂျင်နီယာစစ်တပ်မှ တာဝန်ယူ ပြန်လည် တည်ဆောက်ခဲ့ပြီး ယခုအခါ ပြီးစီးသွားပြီ ဖြစ်သည်။
ယင်းအထဲမှ ပေ ၁၀၀ အရှည်ရှိ လျောင်းတော်မူ ဗုဒ္ဓရုပ် ပွားတော်ကို ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ချိတ်ဟာဆီးနာမှ တက်ရောက် ဖွင့်လှစ် ပေးမည်ဖြစ်ကြောင်း သတင်းများက ဆိုသည်။
ရာမူး ခေါ် ပန်းဝါမြို့တွင် လွန်ခဲ့သည့်နှစ် စက်တင်ဘာလ ၂၉ ရက်နေ့က အစွန်းရောက် ဘာသာရေး သမားများ၏ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ဗုဒ္ဓဘာသာ အဆောက် အဦးများနှင့်  ဘုန်းတော်ကြီး ကျောင်း (၁၉) ကျောင်း အထဲတွင် အဆိုပါ လျောင်းတော်မူ ဘုရားလည်း ပါဝင်သည်။
ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ခရီးစဉ် အတွင်း  ဘင်္ဂလား- မြန်မာနယ်စပ် ဂိတ်များကို ပိတ်ထားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာသည် သူမ၏ ကော့စ်ဘဇား (ဖလောင်းချိတ်) နှင့် ရာမူး (ပန်းဝါ) ခရီးစဉ်အား စက်တင်္ဘာလ  ၃ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ရာ မောင်တော- တက်ကနက် ဆိပ်ကမ်း အပါအ၀င် မြန်မာပြည်နှင့် ကူးလူး ဆက်ဆံနေသော အ၀င်အထွက်ဂိတ်များကို စက်တင်္ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့ထိ ပိတ်ထားမည်ဟု ဆိုသည်။
ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာသည် သူမ၏ ခရီးစဉ် အတွင်း ရာမူးမှ တဆင့် မြန်မာ နယ်စပ် အနီးရှိ အိုးခီးယားနှင့် တက်ကနက် မြို့ များသို့လည်း သွားရောက် လည်ပတ်မည်ဖြစ်ကြောင်းလည်း သိရသည်။
- See more at: http://www.narinjara.com/burmese/?p=6728#sthash.WGuyrJ8P.dpuf
Share to Facebook
 
 
 
Share
- See more at: http://www.narinjara.com/burmese/?p=6728#sthash.WGuyrJ8P.dpuf

ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရာမူးပန်းဝါမှ ဘုန်းတော်ကြီးကျောင်းသစ်များအား ဖွင့်လှစ်ပေးမည်

(နိရဉ္စရာ- ၂၉ သြဂတ်စ် ၂၀၁၃)/ မောင်အေး
အသစ်တည်ဆောက်ပြီးစီးသွားသော ပန်းဝါမြို့မှ လျောင်းတော်မူ ဘုရား။ ( ဓါတ်ပုံ- Star)
အသစ်တည်ဆောက်ပြီးစီးသွားသော ပန်းဝါမြို့မှ လျောင်းတော်မူ ဘုရား။ ( ဓါတ်ပုံ- Star)
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာသည် လာမည့် စက်တင်္ဘာလ ၃ ရက်နေ့တွင် ရာမူး ပန်းဝါမှ အသစ်ဆောက်လုပ် ပြီးစီးသွားသော ဘုန်းတော်ကြီးကျောင်း ၁၉ ကျောင်းကို ပြန်လည် ဖွင့်လှစ် ပေးသွားမည်ဟု သတင်း ရရှိသည်။
၎င်း ဗုဒ္ဓဘာသာ အဆောက် အဦးများနှင့်  ဘုန်းတော်ကြီး ကျောင်း (၁၉) ကျောင်းသည် လွန်ခဲ့သောနှစ် စက်တင်္ဘာလ ၂၉ ရက်နေ့က အစ္စလာမ်မစ် အစွန်းရောက်သူများ၏ မီးရှို့ တိုက်ခိုက်မူကြောင့် ပြိုပျက်ခဲ့ရသည်။
ဘင်္ဂလာဒေခ်ျ့ အစိုးရသည် အဆိုပါ ဗုဒ္ဓဘာသာ အဆောက် အဦးများနှင့်  ဘုန်းတော်ကြီး ကျောင်း (၁၉) ကျောင်း ပြန်လည် တည်ဆောက်ရေးအတွက် ဘင်္ဂလာဒေခ်ျ့ တာကာ ကုဋေ (၂၀)  အသုံး ပြုခဲ့သည်။
မြန်မာကျပ်ငွေ တန်ဖိုးနှင့် ဆိုလျှင် အဆိုပါ ငွေကြေးမှာ ကုဋေ (၂၀၀) ဖိုးခန့် ရှိသည်။
၎င်းကျောင်းတော် ၁၉ ကျောင်းကို အမှတ် (၁၇) ဘင်္ဂလာဒေခ်ျ့ အင်ဂျင်နီယာစစ်တပ်မှ တာဝန်ယူ ပြန်လည် တည်ဆောက်ခဲ့ပြီး ယခုအခါ ပြီးစီးသွားပြီ ဖြစ်သည်။
ယင်းအထဲမှ ပေ ၁၀၀ အရှည်ရှိ လျောင်းတော်မူ ဗုဒ္ဓရုပ် ပွားတော်ကို ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ချိတ်ဟာဆီးနာမှ တက်ရောက် ဖွင့်လှစ် ပေးမည်ဖြစ်ကြောင်း သတင်းများက ဆိုသည်။
ရာမူး ခေါ် ပန်းဝါမြို့တွင် လွန်ခဲ့သည့်နှစ် စက်တင်ဘာလ ၂၉ ရက်နေ့က အစွန်းရောက် ဘာသာရေး သမားများ၏ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ဗုဒ္ဓဘာသာ အဆောက် အဦးများနှင့်  ဘုန်းတော်ကြီး ကျောင်း (၁၉) ကျောင်း အထဲတွင် အဆိုပါ လျောင်းတော်မူ ဘုရားလည်း ပါဝင်သည်။
ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ခရီးစဉ် အတွင်း  ဘင်္ဂလား- မြန်မာနယ်စပ် ဂိတ်များကို ပိတ်ထားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာသည် သူမ၏ ကော့စ်ဘဇား (ဖလောင်းချိတ်) နှင့် ရာမူး (ပန်းဝါ) ခရီးစဉ်အား စက်တင်္ဘာလ  ၃ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ရာ မောင်တော- တက်ကနက် ဆိပ်ကမ်း အပါအ၀င် မြန်မာပြည်နှင့် ကူးလူး ဆက်ဆံနေသော အ၀င်အထွက်ဂိတ်များကို စက်တင်္ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့ထိ ပိတ်ထားမည်ဟု ဆိုသည်။
ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာသည် သူမ၏ ခရီးစဉ် အတွင်း ရာမူးမှ တဆင့် မြန်မာ နယ်စပ် အနီးရှိ အိုးခီးယားနှင့် တက်ကနက် မြို့ များသို့လည်း သွားရောက် လည်ပတ်မည်ဖြစ်ကြောင်းလည်း သိရသည်။
- See more at: http://www.narinjara.com/burmese/?p=6728#sthash.WGuyrJ8P.dpuf

ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရာမူးပန်းဝါမှ ဘုန်းတော်ကြီးကျောင်းသစ်များအား ဖွင့်လှစ်ပေးမည်

(နိရဉ္စရာ- ၂၉ သြဂတ်စ် ၂၀၁၃)/ မောင်အေး
အသစ်တည်ဆောက်ပြီးစီးသွားသော ပန်းဝါမြို့မှ လျောင်းတော်မူ ဘုရား။ ( ဓါတ်ပုံ- Star)
အသစ်တည်ဆောက်ပြီးစီးသွားသော ပန်းဝါမြို့မှ လျောင်းတော်မူ ဘုရား။ ( ဓါတ်ပုံ- Star)
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာသည် လာမည့် စက်တင်္ဘာလ ၃ ရက်နေ့တွင် ရာမူး ပန်းဝါမှ အသစ်ဆောက်လုပ် ပြီးစီးသွားသော ဘုန်းတော်ကြီးကျောင်း ၁၉ ကျောင်းကို ပြန်လည် ဖွင့်လှစ် ပေးသွားမည်ဟု သတင်း ရရှိသည်။
၎င်း ဗုဒ္ဓဘာသာ အဆောက် အဦးများနှင့်  ဘုန်းတော်ကြီး ကျောင်း (၁၉) ကျောင်းသည် လွန်ခဲ့သောနှစ် စက်တင်္ဘာလ ၂၉ ရက်နေ့က အစ္စလာမ်မစ် အစွန်းရောက်သူများ၏ မီးရှို့ တိုက်ခိုက်မူကြောင့် ပြိုပျက်ခဲ့ရသည်။
ဘင်္ဂလာဒေခ်ျ့ အစိုးရသည် အဆိုပါ ဗုဒ္ဓဘာသာ အဆောက် အဦးများနှင့်  ဘုန်းတော်ကြီး ကျောင်း (၁၉) ကျောင်း ပြန်လည် တည်ဆောက်ရေးအတွက် ဘင်္ဂလာဒေခ်ျ့ တာကာ ကုဋေ (၂၀)  အသုံး ပြုခဲ့သည်။
မြန်မာကျပ်ငွေ တန်ဖိုးနှင့် ဆိုလျှင် အဆိုပါ ငွေကြေးမှာ ကုဋေ (၂၀၀) ဖိုးခန့် ရှိသည်။
၎င်းကျောင်းတော် ၁၉ ကျောင်းကို အမှတ် (၁၇) ဘင်္ဂလာဒေခ်ျ့ အင်ဂျင်နီယာစစ်တပ်မှ တာဝန်ယူ ပြန်လည် တည်ဆောက်ခဲ့ပြီး ယခုအခါ ပြီးစီးသွားပြီ ဖြစ်သည်။
ယင်းအထဲမှ ပေ ၁၀၀ အရှည်ရှိ လျောင်းတော်မူ ဗုဒ္ဓရုပ် ပွားတော်ကို ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ချိတ်ဟာဆီးနာမှ တက်ရောက် ဖွင့်လှစ် ပေးမည်ဖြစ်ကြောင်း သတင်းများက ဆိုသည်။
ရာမူး ခေါ် ပန်းဝါမြို့တွင် လွန်ခဲ့သည့်နှစ် စက်တင်ဘာလ ၂၉ ရက်နေ့က အစွန်းရောက် ဘာသာရေး သမားများ၏ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ဗုဒ္ဓဘာသာ အဆောက် အဦးများနှင့်  ဘုန်းတော်ကြီး ကျောင်း (၁၉) ကျောင်း အထဲတွင် အဆိုပါ လျောင်းတော်မူ ဘုရားလည်း ပါဝင်သည်။
ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ခရီးစဉ် အတွင်း  ဘင်္ဂလား- မြန်မာနယ်စပ် ဂိတ်များကို ပိတ်ထားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာသည် သူမ၏ ကော့စ်ဘဇား (ဖလောင်းချိတ်) နှင့် ရာမူး (ပန်းဝါ) ခရီးစဉ်အား စက်တင်္ဘာလ  ၃ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ရာ မောင်တော- တက်ကနက် ဆိပ်ကမ်း အပါအ၀င် မြန်မာပြည်နှင့် ကူးလူး ဆက်ဆံနေသော အ၀င်အထွက်ဂိတ်များကို စက်တင်္ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့ထိ ပိတ်ထားမည်ဟု ဆိုသည်။
ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာသည် သူမ၏ ခရီးစဉ် အတွင်း ရာမူးမှ တဆင့် မြန်မာ နယ်စပ် အနီးရှိ အိုးခီးယားနှင့် တက်ကနက် မြို့ များသို့လည်း သွားရောက် လည်ပတ်မည်ဖြစ်ကြောင်းလည်း သိရသည်။
- See more at: http://www.narinjara.com/burmese/?p=6728#sthash.WGuyrJ8P.dpuf