Saturday, November 9, 2013

ုမုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် အနည်းဆုံး လူ ၃ ဦးသေဆုံး

 နိုဝင်ဘာ-၈ ၂၀၁၃ M-Media  

 ယခုနှစ်အတွင်း ကမ္ဘာ့အဆိုးဝါး အပြင်းထန်ဆုံး တိုင်ဖုန်မုန်တိုင်း တိုက်ခတ်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံ တွင် အနည်းဆုံး လူ ၃ ဦးသေဆုံးခဲ့ပြီး အနည်းဆုံး လူတစ်ဦးပျောက်ဆုံးနေသည်ဟု သိရသည်။ ဟိုင်ယန်ဟု အမည်ရသည့် အဆိုပါမုန်တိုင်းမှာ ဖိလစ်ပိုင်နိုင်ငံသမိုင်းတွင် အဆိုးဝါးဆုံး မုန်တိုင်းဟုလည်း ခေါ်ဆိုနိုင်သည်။ သေဆုံး သွားသူများမှာ နှစ်ဦးမှာ ဓာတ်လိုက်၍ သေဆုံးခဲ့ခြင်းစြဖ်ပြီး အခြားတစ်ဦးမှာ မိုးကြိုးထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ်ဟု အမျိုးသား သဘာဝဘေး အန္တရယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီမှ AFP သတင်းဌာနသို့ ယနေ့နံနက်တွင် ပြောကြားခဲ့သည်။ ဒဏ်ရာရသူ ၇ ဦးရှိခဲ့ပြီး ၆ ဦးမှာ ပြုတ်ကျသော အရာဝတ္ထုများ ခိုက်မိခဲ့၍ဖြစ်ကာ၊ အခြားတစ်ဦးမှာ မိုးကြိုးရှပ်ထိခဲ့ခြင်းကြောင့်ဖြစ် သည်။ ထို့ပြင် အဓိကဆိမ်ကမ်းမြို့ဖြစ်သည့် ဆီဘူးတွင် အမျိုးသားတစ်ဦးမှာ ပျောက်ဆုံးနေသည်ဟု သိရသည်။ သေဆုံးသူများမှာ ပိုမိုများပြားနိုင်ပြီး မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံစားရသောဒေသ များအား အာဏာပိုင်များက ချက်ချင်း ဆက်သွယ်၍ မရနိုင်သေးချေ။ ထိုမုန်တိုင်းမှာ ယနေ့ညနေတွင် ဖိလစ်ပိုင်မှ ထွက်ခွာဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။

No comments:

Post a Comment