Monday, December 23, 2013

၂၀၁၄ သန်းခေါင်စာရင်းတွင်လူမျိုးအမည်နှင့်ဘာသာ ဖြည့်စွက်ခြင်းနှင့်ပတ်သက်၍အသိပေးချက်



ပြည်ထောင်စုမြန်မာနိုင်ငံတော်
၂၀၁၄ သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာလူ့အဖွဲ့အစည်းအနေဖြင့်
လူမျိုးအမည်နှင့်ဘာသာဖြည့်စွက်ခြင်းနှင့်ပတ်သက်၍အသိပေးချက်။


          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ၂၀၁၄ခုနှစ်၊ မတ်လ၊ (၃၀)ရက်နေ့မှ ဧပြီ(၁၀) ရက်နေ့ထိလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူတော့မည်ဖြစ်ပါသည်။ ယခုအကြိမ်ကောက်ယူမည့် သန်းခေါင်စာရင်းသည် ကုလသမဂ္ဂအဖွဲ့ကြီးနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားခြင်းကြောင့် ပွင့်လင်းမြင်သာမှု၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအပါအ၀င် နိုင်ငံတကာစံနှုန်းများနှင့်အညီလိုက်နာရမည့်အချက်များရှိလာပါသည်။မိသားစုတစ်ခုအတွင်းအချက်(၄၁)ချက်ပါ မေးခွန်းများပါဝင်ပြီးဆောင်ပုဒ် "ပြည်သူအားလုံးပါဝင်လို့၊ သန်းခေါင်စာရင်း ကောက်ကြစို့"ဟူ၍ ဖြစ်ပါသည်။ ထို့ကြောင့် ရိုဟင်ဂျာလူ့အဖွဲ့အစည်းအနေဖြင့် မြို့နယ်၊ ရပ်ကွက်အလိုက် သန်းခေါင် စာရင်းအထောက်အကူပြုကော်မတီများဖွဲ့စည်း၍ အသိပညာပေးခြင်း၊ လာရောက်ကောက်ယူမည့်ကော်မတီများကိုကူညီပံ့ပိုးခြင်းများဆောင်ရွက်ပေး ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
ကိုးကွယ်သည့်ဘာသာ"အစ္စလာမ်"ဟုသာဖြည့်စွက်ရန်
          ကိုးကွယ်သည့်ဘာသာတွင် (၁) ဗုဒ္ဓဘာသာ၊ (၂) ခရစ်ယာန်၊ (၃) အစ္စလာမ်၊ (၄) ဟိန္ဒူ၊ (၅) နတ်ကိုးကွယ်မှု၊ (၆) အခြားဟူ၍ရှိရာအစ္စလာမ်ဘာသာဝင်များအနေဖြင့် "အစ္စလာမ်"ဟုသာ ဖြည့်စွက်ကြရမည်ဖြစ်ပါသည်။ စွန်နီ၊ ဟနဖီ၊ ရှာဖိအီ၊ မွတ်စလင်မ် စသည့်
မည်သည့်ဝေါဟာရကိုမျှပြောဆိုဖြည့်စွက်ခြင်းမပြုရပါ။ ယင်းသို့ပြုခဲ့သော "အခြား"ဟူသော စာရင်း၌ ထည့်သွင်းခံရမည်ဖြစ် ၍ "အစ္စလာမ်"ဟူသောစာရင်းတွင် လျော့နည်းသွားမည်ဖြစ် ပါသည်။ ယခုအခါမြန်မာနိုင်ငံရှိအစ္စလာမ်ဘာသာကိုးကွယ်သူအရေအတွက်ကိုအတိအကျမသိရှိ ကြပါ။ တိကျစွာ သိရှိပါမှ ဘာသာရေးဆိုင်ရာစီမံကိန်းများနှင့် ရပိုင်ခွင့်များကိုမှန်ကန်စွာအကောင် အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

လူမျိုးအမည်ဖြည့်စွက်ခြင်း
   လူမျိုးစုအသီးသီးကသက်ဆိုင်ရာလူမျိုးစု အမည်မှန်ဖော်ထုတ်ရေး၊ လူမျိုးစုဝင်အရေ အတွက် တိကျစွာဖော်ထုတ်ရေးနှင့် လူမျိုးစုဆိုင်ရာညီလာခံများကျင်းပရေးစသည်တို့ကို
ဆောင်ရွက်လျက်ရှိနေကြပါသည်။ ရိုဟင်ဂျာလူ့အဖွဲ့အစည်းအနေဖြင့်လည်းဘာသာရေးနှင့် လူမျိုးရေးစည်းခြားကာမိမိတို့၏ သမိုင်းဝင်၊ ပြန်တမ်းဝင် လူမျိုးအမည်မှန်ရွေးချယ်ရေး၊ အနာဂတ် အမျိုးသားရေးရာကိစ္စရပ်များကိုတိကျသောအမျိုးသားခေါင်းဆောင်မှုဖြင့် မှန်ကန်ထိရောက်စွာ ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။ လူမျိုးအမည်ဖြည့်စွက်ခြင်းနှင့်စပ်လျဉ်း၍ သိရှိရန်မှာ…
(၁)     ယခုကောက်ယူမည့် သန်းခေါင်စာရင်းသည် တိုင်းရင်းသားလူမျိုး၁၃၅မျိုးကို သာအခြေခံ ကောက်ယူမည်ဖြစ်ရာ၁၃၅မျိုးတွင် မပါဝင်သောကျန်လူမျိုးစုများစာရင်းကို သက်ဆိုင်ရာ လူမျိုးအမည်လိုက် ကာယကံရှင်ပြောသည့်အတိုင်း ဖြည့်စွက်ပြီးနောက် "အခြား" ဟူသောခေါင်းစဉ်အောက်၌ထည့်သွင်းမည်ဖြစ်ပါသည်။
(၂)     လူမျိုးအမည်ဖြည့်စွက်ရာတွင် လက်ရှိညွန်ကြားချက်များအရအသက်၁၅နှစ်အထက်ဖြစ်ပါ က ကာယကံရှင်ဖြေဆိုသည့်အတိုင်းသာ ဖြည့်စွက်ရမည်ဖြစ်ပြီး ၁၅နှစ်အောက် ကလေးများ အတွက် မိဘ/အုပ်ထိန်းသူများဖြေကြားသည့်အတိုင်းသာ ဖြည့်စွက် ရမည်ဖြစ်ပါသည်။ လက်ရှိကိုင်ဆောင်ထားသောမှတ်ပုံတင်/နိုင်ငံသားကတ်နှင့် အိမ်ထောင်စုစာရင်းပါ လ၀ကမှတ်တမ်းလူမျိုးအမည်များနှင့် တိုက်ဆိုင်စစ်ဆေးမည် မဟုတ်ပါ။
(၃)     ကာယကံရှင်သည် ဖခင်ဘက် လူမျိုးအမည်ကိုဖြစ်စေ၊ မိခင်ဘက် လူမျိုးအမည်ကို ဖြစ်စေရွေးချယ်ပိုင်ခွင့်ရှိပါသည်။ ဥပမာ- မွန်လူမျိုးဖခင်နှင့် ရှမ်း/တရုတ်လူမျိုးမိခင်မှ မွေးဖွားလာသူသည် နိုင်ငံသားကတ်ထဲတွင် မွန်+ရှမ်း/တရုတ်လူမျိုးဟုဖော်ပြထားရာ ကာယကံရှင်ကဖခင်လူမျိုး "မွန်"ဟုရွေးချယ်ပါကသန်းခေါင်စာရင်းတွင် "မွန်"ဟုသာ ဖြည့်စွက်ရမည်ဖြစ်ပြီးကာယကံရှင်ကမိခင်ဘက်လိုက်လိုပါက "ရှမ်း/တရုတ်"ဟုသာ ဖြည့်စွက် ရမည်ဖြစ်ပါသည်။ ထို့အတူကရင် ဖခင်နှင့် ဗမာ+ချင်းမိခင်တို့မှ မွေးဖွားလာသူသည် လ၀ကမှတ်တမ်းအရ နိုင်ငံသားကတ်တွင် "ကရင်+ဗမာ+ချင်း" ဟုဖော်ပြထားရာယခုသန်းခေါင်စာရင်းတွင် ကာယကံရှင်က "ကရင်"ဖြစ်စေ "ဗမာ+ချင်း"ဖြစ်စေရွေးချယ် ပိုင်ခွင့်ရှိပါသည်။
(၄)     မြန်မာမွတ်စလင်မ် လူ့အဖွဲ့အစည်းဝင်တို့၏ နိုင်ငံသားကတ်များတွင် လ၀ကမှတ်တမ်း အရလူမျိုးအမည်တွင် လူမျိုးနှစ်မျိုးမှ ၆မျိုးအထိပါဝင်နေပြီးမလိုအပ်ဘဲ နိုင်ငံခြားတိုင်းပြည် အမည်များပါ ပါဝင်နေရာယခုအခါ သန်းခေါင်စာရင်းအတွက် အထက်ပါအတိုင်း ဖခင်ဘက်ဖြစ်စေ၊ မိခင်ဘက်ဖြစ်စေလူမျိုးတစ်မျိုးအမည်ရွေးချယ်ရန် အခက်အခဲရှိနေပါ သည်။ ဥပမာ- (၁) အိန္ဒိယ+ဗမာ (၂) ပါကစ္စတန်+ဗမာ (၃) အိန္ဒိယ+ဗမာ+မွန် (၄)ပါကစ္စတန်+ဗမာ+ကချင် (၅) ဘင်္ဂါလီ+ကရင်+ရှမ်း (၆)ဗမာပသီ+တူရကီ+ရခိုင် (၇)မဂို+ဗမာ+
ကချင်+ရှမ်း+ပအို့ပ်+ကရင် စသည်တို့ဖြစ်ပါသည်။ ထိုမျှသာမကယခုအခါ အချို့ လ၀ကရုံးများတွင် အစ္စလာမ်ဘာသာဝင်ဖြစ်လျှင် ဗမာလူမျိုးမဖြစ်စေရဟူသော ဥပဒေနှင့်မကိုက်ညီသည့် လုပ်ရပ်များလည်းကြုံတွေ့နေကြရပါသည်။ ထို့ကြောင့် ရိုဟင်ဂျာလူမျိုးတို့ကမိမိတို့လူမျိုးအမည်ကိုသူတစ်ပါးကပေးခြင်းထက် မိမိကိုယ်တိုင် မြန်မာသမိုင်းဝင် ပြန်တမ်းဝင်အမည်မျိုးကိုရွေးချယ် ရမည်ဖြစ်ပါသည်။
မြန်မာမွတ်စလင်မ် လူ့အဖွဲ့အစည်းများလူမျိုးအမည် ဖြည့်စွက်ခြင်း
(၁)     ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းအစရှိသည့် တိုင်းရင်းသားလူမျိုးစုများအတွင်းမှ အစ္စလာမ်ဘာသာကိုးကွယ်သူများသည် လူမျိုးအမည် တွင် မိမိတို့သက်ဆိုင်ရာလူမျိုးအမည်ကိုသာဖော်ပြပြီးကိုးကွယ်သည့် ဘာသာကို အစ္စလာမ် ဟုဖော်ပြရန်၊ ဥပမာ- (၁) ကချင်လူမျိး/အစၥလာမ္ဘာသာ (၂) ကရင္လူမ်ိဳး/အစၥလာမ္ဘာသာ (၃) ရွမ္းလူမ်ိဳး/ အစၥလာမ္ဘာသာ (၄) မြန္လူမ်ိဳး/အစၥလာမ္ဘာသာဟူ၍ျဖစ္ပါသည္။ ယင်းသို့ တိုင်းရင်းသားသွေးပါသူများသည် သန်းခေါင်စာရင်းမကောက်ယူမီ သက်ဆိုင်ရာတိုင်းရင်းသား အဖွဲ့အစည်းများသို့ ယခုကတည်း က ကြိုတင်ဆက်သွယ်စာရင်းပေးထားခြင်းဖြင့် ၄င်းတို့၏ စာရင်းမှန် ဖော်ထုတ်ခြင်းကိုကူညီရာရောက်ပါသည်။
(၂)     နိုင်ငံခြားသားမှတ်ပုံတင်(FRC)ဖြစ်စေ၊ နိုင်ငံသားပြုခွင့်ရသူကတ်(UCC)ဖြစ်စေကိုင်ဆောင် ကိုင်ဆောင်သူများအနေဖြင့် သန်းခေါင်စာရင်းတွင် မိမိတို့ကတ်ပါ လူမျိုးအမည် အတိုင်းအိန္ဒယဖြစ်စေ၊ ပါကစ္စတန်ဖြစ်စေ၊ ဘင်္ဂါလီဖြစ်စေ၊ တရုတ်ဖြစ်စေ ဖြည့်သွင်းရမည် ဖြစ်ပါသည်။သို့သော် နိုင်ငံခြားသားကတ်/နိုင်ငံသားပြုခွင့်ရသူကဒ် ကိုင်ဆောင်သူနှင့် ဒေသခံမြန်မာနိုင်ငံသားပေါင်းဖက်မွေးလာသူအနေဖြင့် လ၀ကမှတ်တမ်းအရအိန္ဒယ+ဗမာ။ ပါကစ္စတန်+ဗမာ။ မဂို+ဗမာ။ စူရတီ+ဗမာ။ ဘင်္ဂါလီ+ဗမာ။ အာဖဂန်+ရှမ်း။ မေမန်+ကရင် စသည်ဖြင့်ရေးထားသော်လည်းဖခင်သို့မဟုတ်၊ မိခင်ဘက် နိုင်ငံခြားသားအဖြစ်ကို စွန့်လွှတ်လိုက်ပြီးဖြစ်၍ မြန်မာမွတ်စလင်မ် လူ့အဖွဲ့အစည်းဝင်အဖြစ် ခံယူခွင့်ရှိ နေပါသည်။
          မှတ်ချက်… မိမိတို့ဘိုးဘွားလူမျိုးအမည်နှင့် ယဉ်ကျေးမှုကိုဆက်လက်ထိန်းသိမ်းလိုသဖြင့် စူရတီ၊ မေမန်၊ ဘင်္ဂါလီ၊ နရ်ဆာပူရီစသည်ဖြင့် သုံးစွဲပြောဆိုသူများအနေဖြင့် လူမျိုးအမည် ကိုလွတ်လပ်စွာရွေးချယ်နိုင်ပါသည်။ ကျိုလီယာဟူသောလူမျိုးအမည်ကိုသန်းခေါင်စာရင်း

တွင်မသုံးအပ်ပါ။ တမီလ်ဟူသော နိုင်ငံခြားသားစာရင်းဖြင့် ရောထွေးရှုပ်ထွေးသွား နိုင်ပါသည်။
(၃)     ပန်းသေးလူမျိုးစုနှင့် ပသျှူးလူမျိုးစုများအနေဖြင့် မိမိတို့ကိုယ်တိုင် မိမိတို့လူမျိုးစု အမည်ကိုရွေးချယ်ဖြည့်စွက်ကြရမည်ဖြစ်ပါသည်။
                                ၂၀၁၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရာတွင်"ပြည်သူအားလုံးပါဝင်လို့သန်းခေါင်စာရင်းကောက်ကြစို့"ဟူသည့် ဆောင်ပုဒ်နှင့်အညီအစ္စလာမ်ဘာသာကိုးကွယ်သည့် မြန်မာမွတ်စလင်မ် လူ့အဖွဲ့အစည်းသည် သန်း(၆၀)ကျော်သော နိုင်ငံသားပြည်သူထဲက ပြည်သူများဖြစ်သဖြင့် ရဲရဲဝံ့ဝံ့၊ သံသယရှင်းစွာဖြင့်လိုက်နာဆောင်ရွက်သင့်သောအချက်များကိုအောက်ပါအတိုင်းရှင်းလင်းအကြံပြုအပ်ပါသည်။
၁။       ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းကို (၃၀.၃.၂၀၁၄)ရက်မှ (၁၀.၄.၂၀၁၄) ရက်ထိကောက်ယူမည်ဖြစ်ပါသည်။
၂။       ထိုသို့သန်းခေါင်စာရင်းကောက်ယူရာတွင် ပွင့်လင်းမြင်သာမှု၊ နိုင်ငံတကာပူးပေါင်းဆောင် ရွက်မှုအပါအ၀င် နိုင်ငံတကာစံနှုန်းများနှင့်အညီဆောင်ရွက်မည်ဖြစ်ပါသည်။
၃။       ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းဥပဒေကိုလည်း ပြဌာန်းထားပြီး ဖြစ်ပါသည်။ (သီးခြားဖော်ပြ ထားပါသည်။)
၎။       မိသားစုတစ်ခုအတွင်း၊ လူတိုင်းအားတစ်ဦးချင်းမေးခွန်း(၄၁) ချက်ကိုစာရင်းကောက်သူများ ကမေးမြန်းမည်ဖြစ်ပါသည်။
၅။       အသက်(၁၅)နှစ်နှင့်အထက်အားလုံးကာယကံရှင် ကိုယ်တိုင်ဖြေဆိုသည့်အတိုင်းရေးသား ဖြည့်စွက်မည်ဖြစ်ပြီးအသက်(၁၅)နှစ်အောက် ကလေးများနှင့် ဥာဏ်ရည်မပြည့်သူများ အတွက်မိဘ/အုပ်ထိန်းသူများကဖြေကြားပေးရမည်ဖြစ်ပါသည်။
၆။       ထိုသို့ဖြေကြားရာတွင် နိုင်ငံသားကတ်၊ မှတ်ပုံတင်ကတ်၊ လ.၀.ကလူဦးရေစာရင်းရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေလုံးဝထုတ်ဖော်ပြသရန်မလိုဘဲ၊ တိုက်ဆိုင်စစ်ဆေးမည်လည်း မဟုတ်သဖြင့် ကာယကံရှင်ဖြေကြားသည့်အတိုင်းသာ ဖြည့်သွင်းမည်ဖြစ်ပါသည်။
၇။       ကာယကံရှင်ကဖြေသည့်အပေါ် ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်းပြုလုပ်မည်မဟုတ်သည့် အပြင်ယင်းသို့ဖြေကြားချက်များကိုသန်းခေါင်စာရင်းဥပဒေပါ ရည်ရွယ်ချက်များမှအပ

အခြားမည်သည့်နေရာတွင်မျှ အသုံးပြုမည်မဟုတ်ကြောင်းကြေညာထားပြီးဖြစ်ပါသည်။ နိုင်ငံသားကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံသားအားလုံးသန်းခေါင်စာရင်းဥပဒေပါ အခွင့်အရေးနှင့် တာဝန်များအပြည့်အ၀ရှိပါသည်။
၈။       ကာယကံရှင်၏မှန်ကန်စွာဖြေကြားသည့်အပေါ် မည်သို့မျှအရေးယူခံရမည်မဟုတ်ကြောင်းနားလည်သိရှိသဘောပေါက်ရန် လိုအပ်ပါသည်။
၉။       မေးခွန်း(၄၁)ချက်အနက် မေးခွန်းအမှတ်စဉ် (၇) ကိုးကွယ်သည့်ဘာသာနှင့် မေးခွန်းအမှတ်စဉ် (၈) လူမျိုးအမည်မှအပကျန်မေးခွန်း (၃၉)ချက်ကိုမိမိတို့ မိသားစုအတွင်း ကြိုတင်ပြင်ဆင်ထားပြီးဖြေဆိုခြင်းဖြင့် စာရင်းကောက်သူများအား ကူညီရာရောက်မည့်ပြင် အချိန်ကုန်သက်သာစေမည် ဖြစ်ပါသည်။ မလိုလားအပ်သော ပြဿနာများလည်းပေါ် ပေါက်နိုင်မည် မဟုတ်ကြောင်းသိရှိရန် လိုအပ်ပါသည်။ ပုံစံနမူနာများကိုအတက်နိုင်ဆုံး ဖြန့်ဝေပေးရန် စီစဉ်လျှက်ရှိပါသည်။
၁၀။     မေးခွန်းအမှတ်စဉ်(၇) ကိုးကွယ်သည့်ဘာသာနှင့် စပ်လျဉ်း၍ အစ္စလာမ်ဘာသာကိုးကွယ် သူအားလုံး “အစ္စလာမ်”ဟုသာတစ်မျိုးတည်းဖြေဆိုကြပါရန် အကြုံပြုလိုပါသည်။ (စွန္နီ၊ ရှီအာဟ်၊ ဟနဖီ၊ ရှာဖီအီ၊ မာလီကီ၊ မွတ်စလင်မ်) စသည်ဖြင့် လုံးဝမသုံးကြစေရန် လိုပါ သည်။ “အခြား”ထဲတွင် ရောပါသွားမည်ဖြစ်ပါသည်။
၁၁။     မေးခွန်းအမှတ်စဉ် (၈) လူမျိုးနှင့်စပ်လျဉ်း၍ ဖြေဆိုရာတွင် အောက်ပါအတိုင်း ရှင်းလင်းတင်ပြလိုပါသည်။
(က)    မြန်မာနိုင်ငံတွင် ရှိရှင်းစွဲလူမျိုး(၁၃၅)မျိုးစာရင်းပါ မူလတိုင်းရင်းသားများကမိမိတို့၏ တိုင်းရင်းသားအမည်ရင်းကိုသာ ရဲဝံ့မှန်ကန်စွာ ထုတ်ဖော်ပြောကြားရန်။ (ရှမ်းဆိုလျှင် ရှမ်း၊ ကရင်ဆိုလျှင် ကရင် …… စသည်ဖြင့်)
(ခ)     ဖခင်၊ မိခင်တစ်ဦးဦးကယင်းလူမျိုး (၁၃၅)မျိုးစာရင်းပါ တိုင်းရင်းသား အနွယ်ဝင်ဖြစ်ပါကမိမိရွေးချယ်လိုသည့် မိဘတစ်ဦး၏ တိုင်းရင်းသားလူမျိုးအမည်ကို သာရွေးချယ်ဖြေကြားရန်။ (အိန္ဒယ/ဗမာဆိုလျှင် ဗမာ) (ပါကစ္စတန်/မွန်ဆိုလျှင် မွန်…. စသည်ဖြင့်)
(ဂ)     မိမိတို့၏နိုင်ငံသားကတ်အမျိုးမျိုးတွင် မည်သို့ပင် လူမျိုးအမည်များ (၂/၃/၄/၅/၆)မျိုးပေါင်းစပ် ဖော်ပြထားသည်ဖြစ်စေ၊ ယင်းဖော်ပြချက်အတိုင်းပြောကြား ရမည်ဟုဥပဒေပြဌာန်းထားခြင်းမရှိသဖြင့် မိမိရွေးချယ်သည့် တိုင်းရင်းသားမိဘတစ်ဦး၏ လူမျိုးအမည်ကို

ထုတ်ဖော်ပြောကြားမှုအတွက် စိုးရိမ်ရန်မလိုဘဲ ရဲဝံ့မှန်ကန်စွာထုတ်ဖော်ဖြေကြားရန်။
(ဃ)    နိုင်ငံခြားသား (FRC) လက်မှတ်နှင့် နိုင်ငံသားလက်မှတ် (UCC) ကိုင်ဆောင်ထားသူများ အနေဖြင့် မိမိတို့မူလထုတ်ဖော်ကြေညာထားသည့် လူမျိုးအမည်အတိုင်းသာဖြေဆို သင့်ပါသည် (သို့မဟုတ်) မိမိကိုယ်တိုင်ရွေးချယ်သည့်အတိုင်းဖြေကြားနိုင်ပါသည်။
(င)     ပန်းသေး နှင့်ပသျှူး လူမျိုးစုများအနေဖြင့် မိမိတို့ လူမျိုးစုအမည်ကို သာရွေးချယ်လိုကရွေးချယ်ဖြေဆိုရန် (သို့မဟုတ်) မိမိကိုယ်တိုင် ရွေးချယ်လိုသည့် အတိုင်းဖြေကြားနိုင်ပါသည်။
၁၃။     အထူးရှင်းလင်းအကြုံပြုတင်ပြလိုသည်မှာ-
(၁)     ရိုဟင်ဂျာလူမျိုးများသည် ၁၈၂၃ခုနှစ် မတိုင်မီလွန်ခဲ့သော နှစ်ပေါင်း၁၀၀၀ကျော်က ပင် အခိုင်အမာရှိပြီးသော သမိုင်းဝင်တိုင်းရင်းသား လူမျိုးစာရင်းဝင် အမည်ဖြစ် ကြောင်းသိရှိနိုင်ပါသည်။
(၂)     ယခုကောက်ယူမည့် သန်းခေါင်စာရင်းတွင် လက်ရှိလူမျိုး (၁၃၅)မျိုးအပေါ်တွင် သာအခြေခံ၍ ကောက်ယူမည်ဟုသိရှိရပြီး Code Number သီးခြားသတ်မှတ် ပေးမည် ဖြစ်ပါသည်။ ၄င်းလူမျိုးအမည်စာရင်းတွင် မပါဝင်သေးသောလူမျိုးများကို “အခြား” ခေါင်းစဉ်အောက်တွင် ထည့်သွင်းမည်ဖြစ် ကြောင်းသိရပါသည်။
(၃)     တိုင်းလိုင်(ရှမ်းနီ)၊ ဇိုမီးစသည့်လူမျိုးများသည် အဆိုပါ လူမျိုး(၁၃၅)မျိုးတွင် ပါဝင် ခြင်းမရှိသေးဘဲတည်ရှိနေကြောင်းသိရပါသည်။
(၄)     ထိုကဲ့သို့ပင် “သမိုင်းဝင်နှင့် ပြန်တမ်းဝင်”  ရိုဟင်ဂျာလူမျိုးသည်လည်းအဆိုပါ လူမျိုး(၁၃၅)မျိုးမှ ဖယ်ထုတ်ထားသဖြင့် ပါဝင်ခြင်းမရှိသေးဘဲတည်ရှိနေပါသည်။
(၅)     ထိုသို့ သမိုင်းဝင်၊ ပြန်တမ်းဝင်တည်ရှိပြီး ကျန်နေသောလူမျိုးများကိုလည်း “အခြား”ခေါင်းစဉ်အောက်တွင် လူမျိုးစုအမည်ဖြင့် ပူးတွဲထည့်သွင်းမည်ဖြစ်ကြောင်းသိရှိရပါသည်။

(၆)     ထို့ပြင် အဆိုပါသမိုင်းဝင်၊ ပြန်တမ်းဝင်လူမျိုးစာရင်းတွင်လည်း မပါဝင်သော၊ နိုင်ငံခြားသား(FRC)လည်းမဟုတ်သောလူဦးရေအများစုရှိသောလူမျိုးစုလူမျိုးအမည်များကိုလည်း“အခြား” စာရင်းတွင်ထည့်သွင်းမည်ဖြစ်ကြောင်းသိရှိရပါသည်။
(၇)     ထိုသို့ “အခြား” စာရင်းတွင် ထည့်သွင်းမည်ဆိုသော်လည်း၊ “Code Number (ကုတ်နံပါတ်) ၉၁၄ အခြား”  စာရင်းတွင် အဆိုပါလူမျိုးများအမည်ဖြင့် ပူးတွဲထည့် သွင်းပြီးယင်းလူမျိုးများအမည်အတိုင်းသတ်မှတ်ချိန်တွင် ထုတ်ပြန် ကြေညာမည် ဖြစ်ကြောင်းသိရှိရပါသည်။
(၈)     နိုင်ငံခြားသား(FRC) လူဦးရေအများစုရှိသောလူမျိုးအမည်များကိုသီးခြားCode Number (ကုတ်နံပါတ်)စာရင်းတွင် ထည့်သွင်းပြီးသီးခြားထုတ်ပြန်မည်ဟုသိရပါ သည်။
၁၄။     လွတ်လပ်ရေးမရမီကပင် မြန်မာပြည်တွင် အခြေကျတည်ရှိနေကြသောအစ္စလာမ်လာသာ ၀င်အားလုံး သမိုင်းဝင်အမည်(သို့မဟုတ်) ပြန်တမ်းဝင် အမည်တစ်ခုတည်းကိုသာ တစ်ညီတစ်ညွှတ်တည်းရွေးချယ်ခြင်းသာလျှင် အနာဂတ်အတွက် စိတ်ချရသော ရွေးချယ်မှုဖြစ် ကြောင်းသိရှိသင့်ပါသည်။ ဥပမာ။ ။ ချင်းလူမျိုးစု(၅၃) မျိုးဖြစ်နေရာယခု “ချင်း” တစ်မျိုးတည်းသာသတ်မှတ်ရန် ချင်းအမျိုးသားညီလာခံက ဆုံးဖြတ်ခဲ့ပါသည်။
၁၅။     အစ္စလာမ်ဘာသာကိုးကွယ်သူအားလုံးကိုမွတ်စလင်မ်ဟုခေါ်ခြင်းဖြစ်ပါသည်။ မွတ်စလင်မ် ဘာသာသည် ဘာသာမဟုတ်ပါ။ “ပြန်တမ်းဝင်” အမည် “သမိုင်းဝင်” အမည်တစ်မျိုးကိုသာတစ်ညီတစ်ညွှတ်တည်းမှန်ကန်စွာရွေးချယ်ဖြည့်စွက်ခြင်းဖြင့် “အစ္စလာမ်ဘာသာကိုးကွယ်သူအရေအတွက်”  နှင့် “လူမျိုးအရေအတွက်” သည် အနီးစပ်ဆုံးကိန်းဂဏန်းတူညီစွာပေါ်ထွက်လာမည်ဖြစ်သည်ကိုအမြင်ကျယ်ကျယ်ဖြင့် သိစေလိုပါသည်။
၁၆။     ထို့ကြောင့် နိုင်ငံခြားသားမဟုတ်သော၊ အစ္စလာမ်ဘာသာကိုးကွယ်သူ မြန်မာနိုင်ငံသား၊ မွတ်စလင်မ်များအနေဖြင့် ၀ါဒစွဲ၊ အစွဲအလန်း၊ သံသယ၊ အကြောက်တရား၊ အစိုးရိမ်ကင်းစွာဖြင့် “သမိုင်းဝင်(သို့မဟုတ်)ပြန်တမ်းဝင်”တစ်ခုတည်းသောအမည်ကိုသာ ရွေးချယ်သင့် ကြောင်းဆုံးဖြတ်ပြီး ရဲဝံ့မှန်ကန်စွာ ဖြေဆိုကြပါရန် ရှင်းလင်းအသိပေးအပ်ပါသည်။
ဥပမာ။ ။ ရိုဟင်ဂျာ၊ ဘင်္ဂလီဗမာ၊ ရခိုင်မူစလင်၊ ဘင်္ဂလီဟုဆိုလျှင် အခြား(၄)မျိုးဖြစ်သွားပါမည်။ တစ်မျိုးတည်းဖြစ်ရေးကိုသာဦးတည်ကြပါရန်။
(က)    နည်းအမျိုးမျိုးဖြင့် စိတ်ဝမ်းကွဲပြားအောင် ဖန်တီးလှုံ့ဆော်နေမှုများကိုဂရုမစိုက်ဘဲ မိမိတို့၏အမျိုးသားရေးဦးတည်ချက် မပျောက်အောင် စည်းလုံးညီညွှတ်စွာဖြင့် ပါဝင်လက်တွဲ ဆောင်ရွက်ကြပါရန်နှင့် နိုင်ငံသားအားလုံးငြိမ်းချမ်းစွာအတူယှဉ်တွဲ ပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။
(ခ)     ၂၀၁၄-သန်းခေါင်စာရင်းကောက်ယူရာတွင် မည်သူသည် မည်သည့်ဘာသာဝင်
မည်သည့်လူမျိုးဖြစ်ကြောင်းမည်သူမျှ သိပိုင်ခွင့်မရှိဘဲကိန်းဂဏန်းကိုသာကြေညာမည်ဟုသိရပါသည်။
တိုင်းရင်းသားလူမျိုး၁၄၄မျိုးတွင် ရိုဟင်ဂျာအစားရခိုင်စစ်တကောင်းပါဝင်ခြင်း
(၁၅)   မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် ၁၉၇၃ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ၉-၁၂-၁၉၇၂ နေ့စွဲဖြင့်“ပုံစံရေးသွင်းရန် ညွှန်ကြားချက်” ဟူသောစာအုပ်ငယ်တစ်ခု ပြုစုထုတ်ဝေခဲ့ရာ မြန်မာနိုင်ငံ၏ တိုင်းရင်းသား ၁၄၄မျိုးတွင် ရိုဟင်ဂျာအစားရခိုင်စစ်တကောင်း ပါဝင်ခဲ့ပါသည်။ ထိုစဉ်က နိုင်ငံခြားသားလူမျိုး ၂၇မျိုးရှိ ခဲ့ပါသည်။ နိုင်ငံပိုင်သတင်းစာကြီးများကလည်း အထက်ပါစာရင်းကို အခြေခံ၍ တိုင်းရင်းသားလူမျိုး ၁၄၃ မျိုးရှိကြောင်း ဖော်ပြခဲ့ရာလူမျိုးကိုတိုင်းရင်းသားအဖြစ် ကမ္ဘာသိကြေညာခဲ့ပြီးဖြစ်ပါသည်။



မေယု - မျိုးအောင်
၀၉-၄၃၁၈၉၆၈၇

No comments:

Post a Comment