Friday, June 14, 2013

၉၆၉ အဖွဲ့ လှုံဆော်မှုတွေ အရေးယူမည်ဟု သူရဦးရွှေမန်း အမေရိကန် ခရီးစဉ် အတွင်းပြောကြား

ဇွန်- ၁၄ ၊ ၂၀၁၃
ဗီအိုအေ

၉၆၉ အဖွဲ့အစည်းများ စာတမ်းတွေကပ် သွေးထိုးစကားများ လုပ်ဆောင်မှုများကို အရေးယူမည် ဟု ပြည်သူလွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းပြောကြား

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း အမေရိကန် နိုင်ငံရေး၊ နိုင်ငံခြားရေးဆိုင်ရာ အဖွဲ့အစည်းတွေ နဲ့  ဝါရှင်တန်ဒီစီမြို့တော် Woodrow Wilson Center တွင် တွေ့ဆုံစဉ်။ (ဇွန် ၁၃၊ ၂၀၁၃)

ရခိုင်ပြည်နယ်က ရိုဟင်ဂျာပြဿနာ၊ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ၉၆၉လှုပ်ရှားမှုကိစ္စ၊ ဘူးသီးတောင် မောင်တော ဘင်္ဂလီအိမ်ထောင်စုတွေမှာ တမိသားစု ကလေးနှစ်ယောက် မူဝါဒတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် Amnesty International ဝါရှင်တန်ဒီစီ ရုံးခွဲရဲ့ တာဝန်ရှိသူရဲ့ မေးခွန်းကို ဦးရွှေမန်းက အခုလိုဖြေကြားသွားခဲ့ပါတယ်။

“ရိုဟင်ဂျာခေါ်ခေါ်၊ သို့မဟုတ်ရင် ဘင်္ဂလီခေါ်ခေါ် သို့မဟုတ်ရင် ကိုးကွယ်တဲ့ အယူဘာသာ အပေါ်မူတည်ပြီးတော့ ကိုးကွယ်ကြတဲ့ မူဆလင် ဘာသာဝင်တွေကို ဥပဒေအရ ခွဲခြားဆက်ဆံခြင်း မရှိပါဘူး။ အဲ့ဒီ့လို ဥပဒေကို ဆန့်ကျင် ချိုးဖောက်ပြီးတော့ ဆောင်ရွက်တယ် ဆိုလို့ရှိရင် ဥပဒေအရ အရေးယူဆောင်ရွက် ရမှာဖြစ်ပါတယ်။ ခုနက မိတ်ဆွေပြောတဲ့ ၉၆၉ အဖွဲ့အစည်းများဟာ စာတမ်းတွေကပ်၊ပြီးတဲ့ အခါမှာ သွေးထိုး စကားတွေ ဆောင်ရွက်နေတယ် ဆိုတဲ့ကိစ္စကိုလည်း ဖော်ထုတ် အရေးယူဆောင်ရွက်မှာဖြစ်ပါတယ်။ ဒါကိုလည်း သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများ က ဆောင်ရွက်နေပြီဖြစ် ပါတယ်။”

ဘူးသီးတောင်၊ မောင်တောဘက်မှာ ကလေးနှစ်ယောက် ယူရမယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့လွှတ်တော်ကို တစုံတရာ တင်ပြဆောင်ရွက်ခြင်း မရှိပါဘူး။ ကျနော်တို့လွှတ်တော်ကလည်း ဒါနဲ့ပတ်သက်လို့ ဥပဒေပြဌာန်း ထားခြင်းမရှိပါဘူး။”

Read More==> http://burmese.voanews.com/content/article/1681560.html

No comments:

Post a Comment