Tuesday, October 28, 2014

ကမ္ဘာဂြိုလ်မှာ ၆ ရက်တောင် အမှောင်ကျမယ်

Tuesday, October 28, 2014 လာမယ့် ဒီဇင်လာလ ဆန်းပိုင်းမှာ ကမ္ဘာဂြိုလ်ဟာ ၆ ရက်လောက် အမှောင်ကျမှာဖြစ်တယ်လို့ နာဆာက အတည်ပြုလိုက် ပါတယ်တဲ့။ လာမယ့် ဒီဇင်ဘာလ ၁၆ ရက်နေ့ကနေ ၂၂ ရက်နေ့တွေမှာ ကမ္ဘာဂြိုလ်တခုလုံး အမှောင်လုံးလုံး နီးပါး ကျရောက်မှာဖြစ်ပြီး ဒါဟာ နေလုံးမှာ နေမုန်းတိုင်းတခုဖြစ်ပေါ်မှာကြောင့် လို့ နာဆာက ဆိုထားတာကို bigdibi.com သတင်းတပုဒ်မှာ ရေးထားပါတယ်။ အဲဒီ ဝက်ဆိုက်မှာ NASA Confirms Earth Will Experience 6 Days of Total Darkness in December 2014! ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးထားတာ စိတ်ဝင်စားစရာပါဘဲ။ နေမုန်တိုင်းကြောင့် ဖုန်တွေ၊ အပျက် အစီးအပိုင်းအစတွေ လွှင့်ဆင်လာပြီး အဲဒါတွေက နေရောင်ခြည်ရဲ့ ရာခိုင်နှုန်း ၉၀ လောက် ကို တားဆီးပိတ်ကွယ်ထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ နာဆာရဲ့ အကြီးအကဲကတော့ ဒီကိစ္စကို ကြေညာချက်ချက် ထုတ်ပြန်ခဲ့ပေမယ့် စိတ်မပူကြဖို့ အေးအေး ချမ်းချမ်းပဲ ဖြစ်မှာ ပါလို့လည်း ပြောပါတယ်။ အခုဖြစ်ပေါ်မယ် နေမုန်တိုင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ဝ လောက်အတွင်းမှာ အကြီးမားဆုံးဖြစ်ပြီး စုစုပေါင်း နာရီပေါင်း ၂၁၆ နာရီကြာမယ်လို့ ဆိုတယ်။ အခုလို ကမ္ဘာကြီးမှာ ၆ ရက်လောက် အမှောင်ဖြစ်သွားဖို့ ရှိပေမယ့် ကြီးမားတဲ့ ပြဿနာ မရှိဘူးလို့လည်း နာဆာ အရာရှိ တဦးက ဆိုပါတယ်။ ဒီသတင်းကြောင့် တချို့ကလည်း ဖယောင်းတိုင်နဲ့ မီးစက်တွေ အဆင်သင့်ပြင်ထားဖို့ ဟာသနှောပြီး ကွန်မန့်တခု ရေးထား ပါသေးတယ်။ မြန်မာပရိသတ်တချို့တော့ မြန်မာနိုင်ငံမှာ လျှပ်စစ်မီး ခဏခဏ ပျက်တာကြုံနေရဖန်များတော့ အမှောင် မှာနေတာ ကျင့် သား ရနေတဲ့ မြန်မာအတွက်ကတော့ ၆ ရက်လောက် အမှောင်ဖုံးတာ ပြဿနာ မဟုတ်ဘူး လို့ လည်း မှတ်ချက် ရေးတာ တွေ့ရပါတယ်။

No comments:

Post a Comment