Sunday, March 31, 2013

အိန္ဒိယ စီးပွားရေး လုပ်ငန်းရှင် များနှင့် မြန်မာ စီးပွားရေး လုပ်ငန်း ရှင်များ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေးမည်

အိန္ဒိယနိုင်ငံ Calculatta Chamber of Commerce မှ Secertary General, Dr.T.Roy ဦးဆောင်သည့် စီးပွားရေး လုပ်ငန်းရှင် ၁၇ ဦး ပါဝင်သောကိုယ် စားလှယ်

အဖွဲ့သည် အထည် အလိပ် လုပ်ငန်း၊ အကြီးစား ဆောက်လုပ်ရေး လုပ်ငန်း၊ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း၊ လျှပ်စစ် ပစ္စည်း လုပ်ငန်း၊ လက်ဖက် လုပ်ငန်းနှင့် စိုက်ပျိုးရေး လုပ်ငန်း၊ သစ်လုပ်ငန်း၊ စက္ကူ လုပ်ငန်း၊ သတ္တုလုပ်ငန်း၊ စွမ်းအင်လုပ်ငန်း၊ စတီးလုပ်ငန်း၊ ဂုန်လျှော်လုပ်ငန်း၊ ဘဏ္ဍာရေး လုပ်ငန်းနှင့် ခရီးသွား လုပ်ငန်း အစရှိသည့် လုပ်ငန်း များကို မြန်မာ စီးပွားရေး လုပ်ငန်းရှင် များနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက် နိုင်ရန် အတွက် ရန်ကုန်မြို့ မင်းရဲကျော်စွာ လမ်းရှိ ကုန်သည် စက်မှု အသင်းချုပ် မင်္ဂလာ ခန်းမ၌ ဧပြီ ၄ ရက်တွင် တွေ့ဆုံ ဆွေးနွေးကြ မည် ဖြစ်သည်။
တက်ရောက်မည့် စီးပွားရေး လုပ်ငန်း ရှင်များ အနေဖြင့် သတ်မှတ် ပုံစံများ ဖြည့်စွက်၍ ကုန်သည် စက်မှု အသင်း ချုပ်သို့ ဧပြီ ၂ ရက် အရောက် စာရင်း ပေးပို့ ကြရမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment