Thursday, January 24, 2013

Spitfires တိုက်လေယာဉ်များ တူးဖော်ရေး ရပ်တန့်မည် မဟုတ်ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၄

Spitfires တိုက်လေယာဉ်များ တူးဖော်ရန် ခိုင်မာသော သမိုင်း အထောက်ထားများ၊ ကောင်းကင် မြေပုံ များကြောင့် တူးဖော်ရေး ဆက်လက် လုပ်ကိုင် သွားမည် ဖြစ်ကြောင်း လေယာဉ် တူးဖော်ရေးတွင် ပါဝင်သော ရွှေတောင်ပေါ် ကုမ္ပဏီ မှ မန်နေဂျာ ဦးထွန်းကျော်က The Voice Weekly သို့အတည်ပြု ပြောကြားသည်။

လက်ရှိ မင်္ဂလာဒုံ လေဆိပ်ဝင်း အတွင်းရှိ လေယာဉ်များ၏ နေရာ အတိအကျကို ပြောကြားနိုင်ခြင်း မရှိသေး သော်လည်း ဖြစ်နိုင်ခြေ နေရာများကို မြေပြင် စမ်းသပ်ချက်များ ပြုလုပ် နေကြောင်း ၎င်းကဆိုသည်။
"BBC မှာပြောတာက နိုင်ငံခြားပညာရှင်တွေ ပြောတာပါ အန်ကယ်က မြန်မာ ပညာရှင်ပါ၊ ပျောက်နေ တာတွေကို ဘယ်လိုရှာ ရမယ် ဆိုတာကို အန်ကယ် သိပါတယ်" ဟု ပေါမောက္ခ ဦးစိုးသိန်း (ဘူမိဗေဒ) က ပြောကြားသည်။

ယခု တူးဖော်သော နေရာမှာ မြေအောက် ဓါတ်ကြိုးများ၊ တယ်လီဖုန်းကြိုးများ၊ ရေပိုက် များနှင့် မြေတည်ငြိမ်မှု နည်းသော အခက်အခဲများ ရှိသော်လည်း တူးဖော်ရန် ခွင့်ပြုကာလ ၂နှစ် ရရှိထားကြောင့် စမ်းသပ်မှုများကို အချိန်ယူ လုပ်ဆောင်မည် ဖြစ်ကြောင်း ဦးထွန်းကျော်က ဆိုသည်။

မင်္ဂလာဒုံ လေဆိပ်ဝင်း အတွင်းရှိ Spitfires တိုက်လေယာဉ်များ ရှာဖွေမှု ကို ၁၉၉၈ ခုနှစ်နှင့် ၂၀၀၀ ပြည့်နှစ် တို့တွင် စမ်းသပ် ရှာဖွေခဲ့ပြီး ရှာဖွေခွင့် ရသည့် အချိန် မလုံလောက်ခြင်း၊ ရှာဖွေသည့် စက်ကိရိယာ အခက်အခဲနှင့် ရာသီဥတု အခက်အခဲ များကြောင့် နေရာ အတိအကျ မသိရှိ ခဲ့ပေ။

စစ် လေယာဉ်များ တူးဖော် နိုင်ရန် ဘဏ္ဍာရေး ထောက်ပံ့ ပေးသော ဘီလာရုလ် ဂိမ်း ကုမ္ပဏီ ကလည်း မည်သည့် လေ ယာဉ်မျှ ရှာဖွေ့ တွေ့ရှိခြင်း မရှိကြောင်း ပြောကြားခဲ့ပြီး ၎င်းတို့ နေရာ မှားယွင်း ရှာဖွေ မိခြင်းလည်း ဖြစ်နိုင်ကာ ရန်ကုန် လေယာဉ်ကွင်း နှင့် အခြားသော နေရာ များတွင် တိုက်လေယာဉ် များ မြှုပ်နှံ ထားရှိသည် ဟု မိမိ ယုံကြည် ကြောင်း တူးဖော်ရေး စီမံကိန်း ခေါင်းဆောင် ဒေးဗစ် ကန်ဒဲ ကလည်း ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြခဲ့သည်။

Reference and Credit to -The Voice Weekly

No comments:

Post a Comment