Thursday, January 24, 2013

ကချင်စစ်ပွဲတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အေဂျင်စီများ အတားအစီးမရှိ ၀င်ခွင့်ပြုရန် အမေရိကန်တိုက်တွန်း

စောဇင်ညီ | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၄ ရက် ၂၀၁၃ ခုနှစ် ၂၁ နာရီ ၃၂ မိနစ်

ကချင်စစ်ပွဲတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ လူသားချင်းစာနာထောက်ထားသော အကူအညီပေးရေး အေဂျင်စီများ အား အတားအဆီမရှိ ၀င်ခွင်ပြုရန် အမေရိကန်ပြည်ထောင်စုက တိုက်တွန်းကြောင်း ၂၄ ရက်နေ့ တွင် ထုတ်ပြန်သော အမေရိကန်သံရုံး၏ ထုတ်ပြန်ချက် တွင်ဖော်ပြ ထားသည်။

ထို့အပြင် စစ်ပွဲကြောင့် ကချင်ဒေသမှ အရပ်သားများ ဘေးကင်းလုံခြုံရေးကို အမေရိကန်ပြည်ထောင်စု အနေဖြင့်  များစွာ စိုးရိမ်ပူပန်လျှက်ရှိကြောင်း တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေခြင်း အတွက် အမေရိကန်ပြည်ထောင်စု အနေဖြင့်  စိုးရိမ်ပူပန်ကြောင်းစသည် အချက်များအား အဆိုပါထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ထိုသို ဆက်လက်တိုက်ခိုက်မှုများရှိနေသေးခြင်းသည် အရပ်သားများ ထိခိုက်သေကြေစေကာ အမျိုးသားပြန် လည်သင့်မြတ်ရေးအား အားယုတ်စေကြောင်း ထို ထုတ်ပြန်ချက်တွင် အမေရိကန်က ထောက်ပြ ထားသည်။

မြန်မာအစိုးရ၏ ကြေညာချက်အရ ဇန်န၀ါရီ ၁၉မှ စကာ အပစ်အခတ်ရပ်စဲထားပြီ ဆိုစေကာမူ မြန်မာ့တပ်မတော်သည် ကချင်လွတ်မြောက်ရေး တပ်တော်ဌာနချုပ် တည်ရှိရာ လိုင်ဇာအနီးဝန်းကျင်တွင် ဆက်လက်၍ စစ်ရေးအရ ထိုးစစ်ဆင်နေ သည် ကို မီဒီယာများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ သတင်းများ ကဖော်ပြနေကြောင်း သတင်းထုတ်ပြန်ချက်မှ ဆိုသည်။- (Mizimma News)

No comments:

Post a Comment