Tuesday, October 28, 2014

အိန္ဒိယ၀န်ကြီးချုပ် မိုဒီ မြန်မာနှင့် သြစတြေးလျသို့ နိုဝင်ဘာတွင် လာမည်

နယူးဒေလီ−အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီ သည် မြန်မာနိုင်ငံနှင့် သြစတြေးလျနိုင်ငံ သို့ နိုဝင်ဘာ လအတွင်း လာရောက်ရန် စီစဉ် ထားပြီး ယင်းခရီးစဉ်မှာ ၎င်းဝန် ကြီးချုပ်ဖြစ် ပြီးနောက် ပိုင်း အရှည် ဆုံး နိုင်ငံခြားခရီးစဉ် တစ်ခုဖြစ် သည်။
နိုဝင်ဘာ ၁၁ မှ ၁၈ ရက်အ ထိ ကြာမြင့်ဖွယ်ရှိသော ၎င်း၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် ကျင်းပမည့် အရှေ့အာရှညီလာခံ ၌ မိုဒီသည် ဒေသတွင်း ဟန်ချက် ညီမှုကို ထိန်းသိမ်းရန်နှင့် တည်ငြိမ်အေးချမ်းမှု သေချာစေရေး ဒေသဆိုင်ရာနှင့် ကမ္ဘာ့ခေါင်း ဆောင်များနှင့်အတူ ဆွေးနွေး မည်ဖြစ်ကြောင်း သိရသည်။
 (၉) ကြိမ်မြောက် ကျင်းပ မည့် ယင်းအရှေ့အာရှညီလာခံ တွင် အရှေ့နှင့် အရှေ့တောင် အာရှရှိ ပင်လယ်ရေလမ်းကြောင်း ဆက်သွယ်ရေးနှင့် လွတ်လပ်စွာ ခရီးသွားလာနိုင်ရေးတို့ အပေါ် အလေးထား ဆွေးနွေးမည်ဖြစ် ကြောင်း အာဏာပိုင်သတင်းရင်း မြစ်များက ပြောသည်။
ယခုခရီးစဉ်မှာ မိုဒီဝန်ကြီး ချုပ်အဖြစ် အရှေ့တောင်အာရှသို့ ပထမဆုံး လာရောက်သည့် ခရီး စဉ်ဖြစ်ပေမည်။ မိုဒီသည် မြန်မာ နိုင်ငံ၏ ခေါင်းဆောင်များနှင့် နှစ် နိုင်ငံ ဆွေးနွေးမှုများအပြင် အိန္ဒိ ယ-အာဆီယံညီလာခံသို့ တက် ရောက်မည်ဖြစ်သည်။
အိန္ဒိယသည် မြန်မာနိုင်ငံအ တွက် အဓိကကျသော ဖွံ့ဖြိုးတိုး တက်ရေး လက်တွဲလုပ်ကိုင်ဖက် နိုင်ငံတစ်ခုဖြစ်သည်။ ပြီးခဲ့သည့် မေလအတွင်းက အရှေ့တောင် အာရှနိုင်ငံများနှင့် အိန္ဒိယနိုင်ငံ ကြား အပြန်အလှန်သွားလာမှုများ ရှိခဲ့သည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆ၀ါရက်ခ်ျသည် မြန်မာ၊ စင်ကာ ပူနှင့် ဗီယက်နမ်နိုင်ငံသို့ သွား ရောက်ခဲ့ပြီး အိန္ဒိယသမ္မတမှာ ဗီ ယက်နမ်နိုင်ငံသို့ သွားရောက်ခဲ့ သည်။ စင်ကာပူနိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများအိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သည်။
ဗီယက်နမ်ဝန်ကြီးချုပ်လည်း လာမည့် သီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။
အရှေ့အာရှညီလာခံအပြင် အိန္ဒိယ-အာဆီယံညီလာခံ၌ မိုဒီ အနေဖြင့် နိုင်ငံခေါင်းဆောင်များ စွာကို တွေ့ခွင့်ရရှိမည်ဖြစ်သည်။
အရှေ့အာရှညီလာခံတွင် ပါဝင်သည့် နိုင်ငံများမှာ အမေရိ ကန်၊ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစ တြေးလျ၊ နယူးဇီလန်နိုင်ငံတို့အ ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အားလုံး ပါဝင်သည်။

ကမ္ဘာဂြိုလ်မှာ ၆ ရက်တောင် အမှောင်ကျမယ်

Tuesday, October 28, 2014 လာမယ့် ဒီဇင်လာလ ဆန်းပိုင်းမှာ ကမ္ဘာဂြိုလ်ဟာ ၆ ရက်လောက် အမှောင်ကျမှာဖြစ်တယ်လို့ နာဆာက အတည်ပြုလိုက် ပါတယ်တဲ့။ လာမယ့် ဒီဇင်ဘာလ ၁၆ ရက်နေ့ကနေ ၂၂ ရက်နေ့တွေမှာ ကမ္ဘာဂြိုလ်တခုလုံး အမှောင်လုံးလုံး နီးပါး ကျရောက်မှာဖြစ်ပြီး ဒါဟာ နေလုံးမှာ နေမုန်းတိုင်းတခုဖြစ်ပေါ်မှာကြောင့် လို့ နာဆာက ဆိုထားတာကို bigdibi.com သတင်းတပုဒ်မှာ ရေးထားပါတယ်။ အဲဒီ ဝက်ဆိုက်မှာ NASA Confirms Earth Will Experience 6 Days of Total Darkness in December 2014! ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးထားတာ စိတ်ဝင်စားစရာပါဘဲ။ နေမုန်တိုင်းကြောင့် ဖုန်တွေ၊ အပျက် အစီးအပိုင်းအစတွေ လွှင့်ဆင်လာပြီး အဲဒါတွေက နေရောင်ခြည်ရဲ့ ရာခိုင်နှုန်း ၉၀ လောက် ကို တားဆီးပိတ်ကွယ်ထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ နာဆာရဲ့ အကြီးအကဲကတော့ ဒီကိစ္စကို ကြေညာချက်ချက် ထုတ်ပြန်ခဲ့ပေမယ့် စိတ်မပူကြဖို့ အေးအေး ချမ်းချမ်းပဲ ဖြစ်မှာ ပါလို့လည်း ပြောပါတယ်။ အခုဖြစ်ပေါ်မယ် နေမုန်တိုင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ဝ လောက်အတွင်းမှာ အကြီးမားဆုံးဖြစ်ပြီး စုစုပေါင်း နာရီပေါင်း ၂၁၆ နာရီကြာမယ်လို့ ဆိုတယ်။ အခုလို ကမ္ဘာကြီးမှာ ၆ ရက်လောက် အမှောင်ဖြစ်သွားဖို့ ရှိပေမယ့် ကြီးမားတဲ့ ပြဿနာ မရှိဘူးလို့လည်း နာဆာ အရာရှိ တဦးက ဆိုပါတယ်။ ဒီသတင်းကြောင့် တချို့ကလည်း ဖယောင်းတိုင်နဲ့ မီးစက်တွေ အဆင်သင့်ပြင်ထားဖို့ ဟာသနှောပြီး ကွန်မန့်တခု ရေးထား ပါသေးတယ်။ မြန်မာပရိသတ်တချို့တော့ မြန်မာနိုင်ငံမှာ လျှပ်စစ်မီး ခဏခဏ ပျက်တာကြုံနေရဖန်များတော့ အမှောင် မှာနေတာ ကျင့် သား ရနေတဲ့ မြန်မာအတွက်ကတော့ ၆ ရက်လောက် အမှောင်ဖုံးတာ ပြဿနာ မဟုတ်ဘူး လို့ လည်း မှတ်ချက် ရေးတာ တွေ့ရပါတယ်။

Friday, February 21, 2014

အင်ဒိုနီးရှားကို အတုယူဖို့ ကရင်ခေါင်းဆောင်တွေပြောဆို

မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေ အတူယှဉ်တွဲနေ ထိုင်ဖို့နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံက ပြောင်းလဲပုံကို မြန်မာအနေနဲ့ အတုယူသင့်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU အတွင်းရေးမှူး ပဒို ကွယ်ထူးဝင်းက အင်ဒိုနီးရှားနိုင်ငံမှာ အင်္ဂါနေ့က ပြောလိုက်တဲ့ အကြောင်း ၁၉ ရက် မနေ့ကထုတ်တဲ့ ဂျကာတာပို့စ် သတင်းစာမှာ ဖေါ်ပြလိုက်ပါတယ်။

ဂျကာတာမြို့က THC ခေါ် The Habibie Center မှာ ၂ ရက်တာပြုလုပ်ခဲ့တဲ့ အင်ဒိုနီးရှား-မြန်မာ ဆွေးနွေးပွဲမှာ ပဒိုကွယ်ထူးဝင်းက ပြောလိုက်တာပါ။ ဒါ့အပြင် သူက ယဉ်ကျေးမှုများစွာ တည်ရှိနေတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို အောင်မြင်အောင် ထိမ်းသိမ်းထားနိုင် တယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားတောင် အဲဒီလိုဆောင်ရွက်နိုင်ရင် မိမိတို့ မြန်မာနိုင်ငံအနေနဲ့ ဘာကြောင့် မဆောင်ရွက်နိုင်ရမှာလဲလို့ ဆိုပါတယ်။ ဒါဟာ အစိုးရရဲ့ ဦးဆောင်မှုနဲ့  တိုင်းရင်းသားအဖွဲ့ တွေပေါ်မှာ မူတည်နေတယ်လို့  KNU အတွင်းရေးမှူး ပဒို ကွယ်ထူးဝင်းက ပြောပါတယ်။

THC ဥက္ကဌ မစ္စ ဒေဝီအဏ္ဏဝါက အင်ဒိုနီးရှားနဲ့ မြန်မာကို နှိုင်းယဉ်ကြည့်ရင် တိုင်းတပါး ကိုလိုနီလက်အောက်မှာ နှစ်ကာလအတော်ကြာနေခဲ့ရတာမျိုး၊ ပုံသဏ္ဍန်တူတာတွေ တော်တော်များ များ တွေ့ရတဲ့အကြောင်း၊ ဒီမိုကရေစီစနစ် တည်ဆောက်တဲ့အခါ အပြန်အလှန် လေ့လာစရာတွေ ရှိတဲ့အကြောင်း၊ အခုလိုဆွေးနွေးပွဲမျိုးကနေ ဒီမိုကရေစီမြှင့်တင်ဖို့ မိတ်ဆွေကောင်းတွေ ဖြစ်နိုင် တဲ့ အကြောင်း ပြောဆိုခဲ့ပါတယ်။

Friday, February 7, 2014

OIC must stop anti-Islam violence: Rouhani

Iranian President Hassan Rouhani (R) meets Organization of Islamic Cooperation Secretary General Iyad Ameen Madani in Tehran on February 5, 2014.
Iranian President Hassan Rouhani (R) meets Organization of Islamic Cooperation Secretary General Iyad Ameen Madani in Tehran on February 5, 2014.
Wed Feb 5, 2014 11:16AM
Iranian President Hassan Rouhani says the prevention of atrocities and massacre of Muslims worldwide is the main duty of the Organization of Islamic Cooperation.
In a meeting with the OIC Secretary General Iyad Ameen Madani in Tehran on Wednesday, Rouhani stated that promotion of all-out ties with Muslim nations, particularly neighboring countries, is among the foreign policy priorities of the incumbent Iranian administration.
“The Muslim world holds great expectations from the OIC. We should join hands and make efforts to satisfy such expectations,” he pointed out.
The Iranian president further pointed to the role that the OIC secretariat can play in facilitating further interaction among influential members of the organization, stating that all OIC member states should actively contribute to decisions being made by the Jeddah-based world body.
Rouhani also made reference to Islamophobia and the extremist moves which serve the interests of the enemies of Islam, calling on the OIC to confront such attempts and present the real image of Islam to the world.
He added that the Organization of Islamic Cooperation must seek to make the voice of Muslims heard, stop insults to the religious beliefs held by Muslim nations and spare no effort to liberate the occupied Palestinian lands.
Madani, for his part, stressed Iran’s significant role in the settlement of the Muslim world disputes.
He added that the OIC needs the backing of all Muslim nations, and it appreciates the Islamic Republic of Iran’s generous support.
Madani arrived in Tehran on Tuesday evening.
MP/HMV/HRB

Thursday, February 6, 2014

ပြည်ခိုင်ဖြိုးအမတ် ဦးရွှေမောင်ကို မိခင်ပါတီနှင့် လွှတ်တော်တို့က စစ်ဆေးအရေးယူရန် အစီအစဉ်မရှိဟုဆို



စိုးသန်းလင်း|ဖေဖော်ဝါရီ ၆ ရက်၊ ကြာသပတေးနေ့၊ ၂၀၁၄ ခုနှစ်။

နိုင်ငံတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ဂုဏ်သိက္ခာ ကျဆင်းစေသည် ဟူသည့် သမ္မတသ၀ဏ်လွှာ အရ ပြည်ခိုင်ဖြိုးအမတ် ဦးရွှေမောင်ကို ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၄ ရက်တွင် ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်၌ စစ်ဆေးခဲ့သည်နှင့် ပတ်သက်ပြီး ၄င်းအား မိခင်ပါတီနှင့် လွှတ်တော်တို့ က စစ်ဆေးအရေးယူ ရန် အစီအစဉ် ရှိနိုင်ပါသလား ဟူသော မဇိ္ဈမ၏အမေးကို ပြည်သူ့လွှတ်တော်၊ ဥပဒေရေးရာနှင့် တရားစီ ရင်ရေး ကော်မတီဥက္ကဌ သူရဦးအောင်ကိုက အစီအစဉ် မရှိသေးကြောင်း ဖြေကြားခဲ့သည်။

“အခုအထိတော့ အစီအစဉ် မရှိသေးပါဘူး။ ရှိရင် ပြောပါ့မယ်” ဟု ၎င်းက ယနေ့ ပြည်ထောင်စု လွှတ် တော် ခေတ္တ နားချိန်တွင် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင် သည် ပြည်ခိုင်ဖြိုး ပါတီဝင်
 ဖြစ်သော ကြောင့် မိခင်ပါတီအနေဖြင့် ၎င်းအားစစ်ဆေး အရေးယူသွားဖို့ ရှိပါသလားဟု မေးခဲ့ရာ ပြည်ခိုင်ဖြိုး ပါတီ၏ ဒုတိယဥက္ကဌ တစ်ဦးဖြစ်သူ ဦးဌေးဦးက “ဒီကိစ္စကျွန်တော် မသိဘူးဗျ။ ရုံးမှာ တစ်နေ့လုံး ပြည်ထဲရေးက လာမေးတယ်လို့ ပြောပါတယ်။ ကျွန်တော်လည်း အဲ့ဒီနေ့က ရုံးမှာ ရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော်မသိ ဘူး။ မတွေ့ဘူး။ ပါတီအနေနဲ့ ဒီကိစ္စကို ဘာမှကို မသိသေးဘူး။ တကယ်ဟုတ်တယ်ဆိုရင် ကာယကံရှင် ကလည်း သတင်းပို့လို့ရတာပဲ။ ဌာနဆိုင်ရာကလည်း သတင်းပို့မှာပဲ။ အခုတော့ လောလောဆယ် ဘာမှ သတင်းပို့တာ မရှိသေးပါဘူး။ လွှတ်တော်ကိုလည်း သတင်းပို့ ရမှာပဲ။ အခုလွှတ်တော် ဘက်ကလည်း ဘာမှ သတင်းမကြားပါဘူး။ သိလာရင်တော့ သိတဲ့အပေါ်မူတည်ပြီး စဉ်းစားမှာပေါ့” ဟု ပြန်လည်ဖြေ ကြားသည်။

ပြည်ခိုင်ဖြိုးပါတီသည် အာဏာရပါတီလည်းဖြစ်ပေရာ ၎င်းပါတီဥက္ကဋ္ဌ နိုင်ငံတော် သမ္မတက ပါတီဥက္ကဌ တာဝန်ကို ထမ်းဆောင်လျက်ရှိ၍ ဒုတိယဥက္ကဋ္ဌလည်းဖြစ်၊ ပြည်ထောင်စုလွှတ်တော် နာယကလည်းဖြစ် သည့် သူရဦးရွှေမန်းထံသို့ ပြည်ခိုင်ဖြိုးအမတ် ဦးရွှေမောင်အား စစ်ဆေးခွင့်တောင်းသည့် သ၀ဏ်လွှာကို ပို့ပြီးမှ ပြည်ထောင်စု လွှတ်တော် ခွင့်ပြုချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာနက ယမန်နေ့က စစ်ဆေးခဲ့ခြင်းကို ပြည်ခိုင်ဖြိုးပါတီ ဒု-ဥက္ကဌတစ်ဦးဖြစ်သော ဦးဌေးဦးက လုံးဝမသိကြောင်း ငြင်းဆို လိုက်ခြင်း ဖြစ်သည်။

ပြည်ထဲရေးက ၎င်းအား စုံစမ်းမေးမြန်းစဉ် အဆင်ပြေမှု ရှိ၊မရှိ မဇ္ဈိမက မေးသည်ကို ဦးရွှေမောင်က “အဆင်ပြေပါတယ်။ သူတို့ သိချင်တာတွေကို မေးတာပါ။ ကျွန်တော်ကလည်း ပြန်ရှင်းပြတယ်။ အဓိက ကျွန်တော်ရှင်းပြတာကတော့ ဒီလိုစွပ်စွဲတာသည် ဒီဗွီဘီရဲ့ သတင်းခေါင်းစဉ်ကြောင့်သာ ဖြစ်ရတာပါ။ စာသားထဲမှာလည်း မပါဘူး။ ကျွန်တော်ကိုယ်တိုင် တိုက်ရိုက်ဖြေတာမျိုးလည်း မရှိဘူး။ ကျွန်တော်က ပြည် သူ့ကိုယ်စားလှယ်တစ်ဦးဖြစ်လို့ ရွာသားတွေက တင်ပြလာတာကို ပြန်ပြော ရတဲ့ သဘောဖြစ်တယ် ဆို တာ ရှင်းပြပါတယ်။ သတင်းဌာနကလွှင့်တဲ့ Edited Version ကို မကြည့်ဘဲ Full Version ကို ကြည့်ဖို့ လိုပါတယ်” ဟု ဖြေခဲ့သည်။

ထို့ပြင် ပြည်ထဲရေးက ၎င်းနှင့် နောက်ထပ်တွေ့ဆုံမေးမြန်း ချိန်းဆိုခဲ့ခြင်း မရှိကြောင်းလည်း ဖြည့်စွက်ပြော ကြားခဲ့သည်။ မည်သို့ဆိုစေ လောလောဆယ်၌ လွှတ်တော်ကရော၊ ပြည်ခိုင်ဖြိုး ပါတီကပါ ပြည်ခိုင်ဖြိုး အမတ် ဦးရွှေမောင်အပေါ် စစ်ဆေးအရေးယူမှု မရှိသေးပေ။

Mizzima - News in Burmese

M-MediaLink =>
https://www.facebook.com/permalink.php?story_fbid=715090488525859&id=216265185075061&stream_ref=1

Tuesday, January 28, 2014

မောင်တောမှ ရိုဟင်ဂျာများအား သတ်ဖြတ်မှု စုံစမ်းစစ်ဆေးဖို့ မြန်မာ အစိုးရကို ကမ္ဘာဘဏ် ဥက္ကဋ္ဌ တောင်းဆို

 ဇန်နဝါရီ ၂၈၊ ၂၀၁၄ 

ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌက မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီးရားတန်း ကျေးရွာက သတ်ဖြတ်ခံ ရတယ်ဆိုတဲ့ ကိစ္စတွေကို စုံစမ်းစစ်ဆေး သင့်တယ်လို့ ပြောခဲ့ ပါတယ်။ ဒီလအတွင်းမှာပဲ ရခိုင်ပြည်နယ်၊ ဒုချီးရားတန်းကျေးရွာမှာ ရိုဟင်ဂျာမွတ်ဆလင် အနည်းဆုံး (၄၀) လောက် သတ်ဖြတ် ခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ အပေါ် မြန်မာအစိုးရ အနေနဲ့ စုံစမ်းစစ်ဆေးရေးလုပ်ဖို့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Yong Kim က တနင်္လာနေ့မှာ တောင်းဆိုပါတယ်။ "အကြမ်းဖက်မှုတွေကို ကျနော်တို့ လျစ်လျှူရှုထားမှာ မဟုတ်ပါဘူး၊ နောက် အစိုးရအနေနဲ့လည်း ဒီကိစ္စ စုံစမ်းစစ်ဆေးရေးအတွက် အတတ်နိုင်ဆုံး နည်းလမ်းပေါင်းစုံ အသုံးပြုဆောင်ရွက်ပြီး သင့်လျော်တဲ့နည်းလမ်းနဲ့ တုံ့ပြန်ဆောင်ရွက်လိမ့်မယ်လို့ ကျနော်တို့မျှော်လင့်တဲ့အကြောင်း" - ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Jim Yong Kim က ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာ ဖြစ်ပါတယ်။ ဒီလ အစောပိုင်းတုန်းကပဲ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီးရားတန်းကျေးရွာက ဒေသခံ ရိုဟင်ဂျာ မွတ်ဆလင်အနည်းဆုံး (၄၀) လောက် သတ်ဖြတ်ခံရတယ်ဆိုပြီး ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုခဲ့ကြတာပါ။ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယုံကမ်ဟာ နေပြည်တော်မှာ ပြုလုပ်သွားတဲ့ ဒုတိယအကြိမ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ဖော်ရမ်မှာလည်း မိန့်ခွန်းပြောခဲ့ပြီး မနေ့က ညနေပိုင်းမှာတော့ နေပြည်တော် နိုင်ငံတကာ လေဆိပ်က တဆင့် မြန်မာနိုင်ငံကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။ မြန်မာပြည်ခရီးစဉ် အတွင်းမှာ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယုံကမ်ဟာ သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းတို့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်း ၂၀၃၀ ခုနှစ်မှာ ပြည်သူအားလုံး လျှပ်စစ်မီးရရှိရေးနဲ့ အရည်အသွေးပြည့်မီတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးဆိုတဲ့ မြန်မာအစိုးရရဲ့ ရည်မှန်းချက်အတွက် ကမ္ဘာ့ဘဏ်အနေနဲ့ အမေရိကန်ဒေါ်လာ သန်း (၂,၀၀၀) ပမာဏရှိတဲ့ နှစ်ရှည်ဖွံ့ဖြိုးရေး အစီအစဉ် ဆောင်ရွက်သွားမယ်လို့ နေပြည်တော်မှာ ပြုလုပ်သွား တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကမ္ဘာဘဏ် ဥက္ကဋ္ဌ ပြောကြားခဲ့ကြောင်းကို ဗီအိုအေရဲ့ သတင်းမှာ ဖော်ပြထား ပါတယ်။ ဗီအိုအေ မြန်မာပိုင်းတွင်ဖော်ပြထားသည့် သတင်းမှ ကောက်နှုတ်ဖော်ပြပါသည်။ 

ဘူးသီးတောင်မြို့ နှင့် မောင်တောမြို့ သွားရာလမ်းတွင် ပုပ်ပွနေသော ရုပ်အလောင်းများတွေ့ရှိ

ရခိုင်ပြည်နယ် / ဘူးသီးတောင်မြို့ မှ မောင်တောမြို့သို့ သွားရာလမ်းဘေးရှိ တပ်မင်းချောင်းကျေးရွာအနီး ခလရ ၂၃၄ တပ်ပိုင်တောင်ကုန်းပေါ်တွင် ၂၆ / ၀၁ / ၂၀၁၄ နေ့ ညနေပိုင်းအချိန် ပုပ်ပွနေသော ရိုဟင်ဂျာ တိုင်းရင်းသားများ၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ကြောင်းသတင်းရရှိသည်။

တွေ့ရှိပုံမှာ တပ်မင်းချောင်းရွာမှ နွားကျောင်းသားများ နွားကျောင်းရင်း အပုပ်နံ့ထွက်နေ၍ ယင်းနေရာအား တူးဆွကြည့်ကြရာ ပုံစံမျိုးစုံဖြင့် အသတ်ခံထားရသော ရိုဟင်ဂျာ တိုင်းရင်းသားများ၏ ရုပ်အလောင်းများ တွေ့ရှိကြောင်းသိရသည်။

အနီးအနားရှိရွာသားများ ၂၇ / ၀၁ / ၂၀၁၄ နေ့ မနက်ပိုင်းတွင် သွားရောက်ကြည့်ရှု့ကြရာ ခလရ ၂၃၄ မှ ကြည့်ရှု့ခွင့် မပေးပဲ တားဆီးခဲ့ကြောင်းသိရသည်။

၎င်း ပုပ်ပွနေသော ရိုဟင်ဂျာ တိုင်းရင်းသားများ၏ ရုပ်အလောင်းများ တွေ့ရှိရာနေရာသည် တပ်မင်းချောင်းရွာ အနီးတွင်ရှိသော ခလရ ၂၃၄ တပ်ပိုင်တောင်ကုန်း မြေနေရာဖြစ်ကြောင်း သိရသည်။

၂၇ / ၀၁ / ၂၀၁၄ နေ့ မနက်ပိုင်း တွင် စောလျင်စွာကြည့်ရှု့ခွင့်ရသော ရွာသားများမှာ ၎င်း ခလရ ၂၃၄ တပ်ပိုင်တောင်ကုန်းပေါ်တွင် မြှုပ်နှံထားသော ပုပ်ပွ ရိုဟင်ဂျာ ရုပ်အလောင်း များစွာ တွေ့ခဲ့ကြကြောင်း ၎င်း ဒေသခံရွာသားများမှ ပြောပြသည်။

မကြာသေးမီ လများအတွင်းက နည်းမျိုးစုံဖြင့် အသတ်ခံထား ရိုဟင်ဂျာတိုင်းရင်းသားများ၏ ရုပ်အလောင်းများမှာ ပုပ်ပွနေ၍ စိတ်မချမ်းမြေ့ ဖြစ်ရပါကြောင်း ၎င်း ဒေသခံရွာသားများမှ ပြောပြသည်။

သတင်း - အပုချေ ( မာန်အောင်ကျွန်း )

Friday, January 24, 2014

The United Nations has urged Myanmar to investigate recent killings of Rohingya Muslims in Rakhine state

 23.1.2014

On Thursday, the United Nations expressed concern over the growing levels of violence in Myanmar, saying at least 48 Muslims were killed when Buddhist mobs attacked Du Chee Yar Tan village in western Myanmar earlier this month.
UN High Commissioner for Human Rights Navi Pillay said, "I deplore the loss of life in Du Chee Yar Tan and call on the authorities to carry out a full, prompt and impartial investigation and ensure that victims and their families receive justice."
"By responding to these incidents quickly and decisively, the government has an opportunity to show transparency and accountability, which will strengthen democracy and the rule of law in Myanmar," she added.
Tensions have mounted in the region since last month, when monks from a Buddhist extremist movement gave sermons in the area, advocating the removal of all Rohingya Muslims, who comprise 90 percent of the population in the western state of Rakhine.
Myanmar’s government refuses to recognize Rohingya Muslims as citizens and labels them as “illegal” immigrants.
Rohingya Muslims have been denied citizenship since a new citizenship law was enacted in 1982.
Violence originally targeted Rohingya Muslims in western Myanmar, and then spread to other parts of the country, where Muslims who have been granted citizenship are also being attacked.
The Myanmar government has so far refused to release the stateless Rohingyas from their citizenship limbo, despite international pressure to give them a legal status.
Hundreds of Rohingyas are believed to have been killed and thousands displaced in attacks by Buddhist extremists.
The extremists frequently attack Rohingyas and set fire to their homes in several villages in the state of Rakhine.

Thursday, January 9, 2014

မောင်တောမြို့၌ ၂၀၁၄ သန်းခေါင်စာရင်း အကြောင်း ဟောပြောပွဲများ ကျင်းပ

RB News
8.1.2014


မောင်တော ။ ။ ၂၀၁၄ ခုနှစ် မတ်လတွင် လူဦးရေ စာရင်း ကောက်ခံမည်ဖြစ်သည့် အတွက် လူဝင်မှု ကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှတာဝန်ရှိပုဂ္ဂိုလ် များသည် ရခိုင် ပြည် နယ်၊ မောင်တော မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာ အုပ်စု အလိုက် ကွင်းဆင်း၍ လူဦးရေ စာရင်း ကောက် ခံခြင်းနှင့် ပတ် သက်၍ ရှင်းလင်း ဟောပြောပွဲများ ကျင်းပလျက် ရှိကြောင်း သတင်း ရရှိပါသည်။ 
လူဦးရေ စာရင်း ကောက်ခံခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ဟောပြောပွဲ များကို မောင်တော မြို့ နယ်၊ မြောက်ပိုင်း မြောတောင် ကျေးရွာ အုပ်စုရှိ အထက်တန်း ကျောင်းတွင် ယနေ့ နံနက် (၈း၃၀) နာရီမှ (၁၀) နာရီထိ လည်းကောင်း၊ ဓားကြီးစား ကျေးရွာ အုပ်စုတွင် (၁၁) နာရီမှ (၁၂) နာရီထိ လည်းကောင်း၊ သူဦးလာ ကျေးရွာ အုပ်စုတွင် နေ့လည် (၁) နာရီမှ (၂း၃၀) နာရီထိ လည်းကောင်း ပြုလုပ် ခဲ့ကြောင်း ဒေ သခံ တစ်ဦးက RB News သို့ ပြောပါသည်။
အဆိုပါ ဟောပြောပွဲ များကို မောင်တော မြို့နယ် ကျီးကန်းပြင် ကျေးရွာ အခြေစိုက် မကဖ အဖွဲ့မှ အဖွဲ့ခွဲမှူး လ၀က ဦးစီး အရာရှိ ဦးမောင်မောင်အေး ဦးဆောင်သော အဖွဲ့က ရှင်းလင်း ဟောပြောခြင်း ဖြစ်သည်။ 
မြောတောင် ကျေးရွာအုပ်စုရှိ အထက်တန်း ကျောင်းတွင် ပြုလုပ်သော သန်းခေါင် စာရင်း အကြောင်း ရှင်း လင်းဟောပြောပွဲသို့ဒေသခံရိုဟင်ဂျာ၅၀၀ကျော်တက်ရောက်ခဲ့ပြီး၊တက်ရောက်ခဲ့သူများကိုယ် စား မော်လ၀ီ ဦးအာဇီဇူ ရာမန်က "ကျွန်တော်တို့သည်မျိုးရိုးစဉ်ဆက် ရိုဟင်ဂျာ လူမျိုး များ ဖြစ် ပါ သော်လည်း၊ အစိုးရ ဘင်္ဂလီလို့ရေးသွင်းဖြည့်စွက်လျက်ရှိပါသဖြင့်၊ ကျွန်တော် တို့က ၂၀၁၄ သန်းခေါင် စာရင်းတွင် ရိုဟင်ဂျာ လို့ ရေးသွင်း ဖြည့်စွက် ပါက နိုင်ငံတော် အစိုးရမှ ကျွန်တော် တို့ကို အရေးယူ ပါမည်လား" ဟု လ၀က ဦးစီး အရာရှိ ဦးမောင်မောင်အေး ကိုမေးမြန်းရာ - "ရိုဟင်ဂျာတော့ နည်းနည်း ဘဲ တွေ့ရ ပါတယ်။ အစိုးရ ကတော့ ဘင်္ဂလီလို့ အသိအမှတ် ပြုပါတယ်။ ၂၀၁၄ သန်းခေါင် စာရင်းမှာ အားလုံးက တညီတညွတ် တည်း ရိုဟင်ဂျာလို့ရေးသွင်းဖြည့်စွက်ပါကဘင်္ဂလီပျောက်ဆုံးမှာ ဖြစ် ပါတယ်" ဟု ဦးမောင်မောင်အေး က ဖြေကြား ခဲ့ကြောင်း သိရှိ ရပါသည်။

Tuesday, January 7, 2014

ဝန်ထမ်းများ လစာတိုးမည်၊ ကုန်ဈေးနှုန်းမြင့်မည်မဟုတ်

Tuesday, January 7, 2014

၂၀၁၄- ၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော်ဝန်ထမ်းများအားလုံးအား သတ်မှတ်လစာထက် ကျပ်နှစ်သောင်းကို ထပ်မံတိုးမြှင့်နိုင်ရေးအတွက် သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းအတွင်း၌ ပါဝင်ခဲ့ကြောင်း ဒီဇင်ဘာ(၇)ရက်နေ့ ကျင်းပသည့် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှ သိရှိရသည်။

နိုင်ငံဝန်ထမ်းများ လစာတိုးမြှင့်ပေးရန်အတွက် သမ္မတမှ မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး လာမည့် ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးရန် တင်ပြသွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု လွှတ်တော်အတွင်း ဆွေးနွေးချက် များပြီးမှသာ တိုးမြှင့်နိုင်ရေးမှာ သေချာမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က အတည်ပြု ပြောကြားသည်။

“အချက်နှစ်ချက်နဲ့ တိုးမြှင့်ပေးတာပါ၊ ကျပ်နှစ်သောင်းအပြင် ပင်စင်လစာနဲ့ ဆုကြေးငွေတွေ တိုးမြှင့်ပေးဖို့လည်း ပါဝင်ပါတယ်” ဟု ဦးရဲထွဋ်က ပြောဆိုသည်။

လစာတိုးမြှင့်ပေးရသည့် အချက်နှစ်ချက်မှာ ရသုံးခန့်မှန်းငွေများအား စာရင်းချုပ်ရာ၌ စီးပွားရေးလုပ်ငန်းများ များပြားလာခြင်း၊ အခွန်ရရှိမှုများလာခြင်းနှင့် လူနေမှုစရိတ်ကြီးမြင့်လာခြင်းတို့အား ကာမိစေရန်အတွက် တိုးမြှင့်ရခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။

“လစာတိုးတယ်ဆိုတာ တကယ်မလွယ်ပါဘူး၊ ရာထူးကြီးတွေထက် အောက်ခြေက ရာထူးငယ်တွေက ပိုပြီး တိုးသင့်ပါတယ်၊ သူတို့တွေ ရတဲ့လစာနဲ့ အတော်ကို ခက်ခဲနေတာ တကယ်ပါပဲ” ဟု တပ်မတော်မှအရာရှိတစ်ဦးက လစာတိုးမြှင့်မှုနှင့်ပတ်သက်၍ သုံးသပ်ပြောကြားသည်။

ဝန်ထမ်းလစာတိုးမြှင့်ပါက ကုန်ဈေးနှုန်းများ တိုးမြင့်လာနိုင်သော်လည်း အသေးစိတ် (မိုင်ခရို) အချက်အလက်များမှ စတင် တွက်ချက်ပြီး လုပ်ဆောင်ထားသည့်အတွက် ကုန်ဈေးနှုန်းမြင့်လာဖွယ် မရှိကြောင်း ဦးရဲထွဋ်က ပြောဆိုထားသည်။

ယခုကဲ့သို့ လစာတိုးမြှင့်ပေးခြင်းသည့် နိုင်ငံတော်သမ္မတဦးစိန်းတာဝန်ယူပြီးနောက်ပိုင်း တတိယ အကြိမ်မြောက် လစာတိုးမြင့်ခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပါက လာမည့် ၂၀၁၄-၂၀၁၅ခုနှစ် ဘဏ္ဍာရေးနှစ်၌ ၀န်ထမ်းများအားလုံး ကျပ်နှစ်သောင်းထက်မံတိုးမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။

Myit Ma Kha Media Group.

Biography of Secretary General of OIC H.E. Mr. Iyad Amin Madani (born April 1946)

Biography of Secretary General of OIC H.E. Mr. Iyad Amin Madani (born April 1946) is a Saudi public figure who served in different cabinet posts. In addition, he is elected as the secretary general of the Organisation of Islamic Cooperation. He will be the first Saudi official to hold his position. Madani was born in Mecca in April 1946. He holds a bachelor's degree in production administration, which he obtained from Arizona State University in 1969. Madani began his career as general director in a Saudi Airlines’ administrative office in 1970. Then he joined media and he was editor-in-chief of Saudi Gazette until 1999, being the first editor of the daily. At the same time he served as general director of the Okaz Organization for Press and Publication until his resignation in April l993. He was appointed to the shoura council as a member. He served there until 1999 when he was appointed hajj minister. He was in office as Hajj minister from 1999 to February 2005. Next, he was appointed minister of culture and information in February 2005, replacing Fouad bin Abdulsalam Al Farsi, who in turn became Hajj minister. On 1 August 2005, Madani as information minister announced the death of King Fahd on state television. Madani was elected as the head of the Islamic International News Agency (IINA) and the Organization of Islamic Broadcasting in 2007. He was in office until 2009 and was replaced by Abdulaziz Al Khoja in the post. During his tenure, Madani drew criticisms from Saudi clerics due to his tolerance towards the publications that were questioning the strong effects of the religious establishment in Saudi Arabia. Then Madani was appointed chairman of the board of directors of Knowledge Economic City in Madinah on 10 March 2012, replacing Sami Mohsen Baroum. He also served as vice president of King Abdullah bin Abdulaziz Foundation for housing development. In November 2012, Saudi Arabia nominated Madani to the post of secretary general of the Organization of Islamic Cooperation (OIC) at the 39th session of the Council of Foreign Ministers of OIC member states in Djibouti. On 2 February 2013, Arab News reported that Madani would replace Ekmeleddin Ihsanoglu as secretary-general of the OIC. His appointment was officially announced after the 12th Summit of the OIC in Cairo on 8 February 2013. Madani's term as secretary general of OIC will be effective in January 2014.

ဒေါ်အောင်ဆန်းစုကြည်နှင့် ပါကစ္စတန်ကျောင်းသူ မာလာလာတို့ အိန္ဒိယနိုင်ငံ ကျောင်းသားညီလာခံတွင် မိန့်ခွန်းပြောကြားမည်

Tuesday, January 7, 2014

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသမီးများ ပညာသင်ကြားခွင့်ရရှိရေး လှုပ်ရှားသူ ပါကစ္စတန်ကျောင်းသူ မာလာလာတို့ အိန္ဒိယနိုင်ငံ Pune မြို့၌ ကျင်းပမည့် ကျောင်းသားညီလာခံ၌ ဇန်န၀ါရီ ၁၀ ရက်တွင် မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း India Today သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် မာလာလာတို့သည် အိန္ဒိယနိုင်ငံ Maharashtra Institute of Technology က ကြီးမှူး၍ သုံးရက်ကြာ ကျင်းပမည့် အိန္ဒိယကျောင်းသားများ ညီလာခံဖွင့်ပွဲတွင် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

အိန္ဒိယ ကျောင်းသားညီလာခံ ကျင်းပရေး တာဝန်ရှိသူတစ်ဦးက ပြောကြားရာတွင် "မာလာလာ နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ အိန္ဒိယအမျိုးသားညီလာခံ မိန့်ခွန်းပြောကြားဖို့ ရှိပါတယ်" ဟု ပြောကြား သည်။

တာလီဘန်တို့အား တော်လှန်အာခံခဲ့သူ မာလာလာသည် အမျိုးသမီးများ ပညာသင်ကြားရေး၊ လူငယ်များအကြား နိုင်ငံရေးအရေးပါမှု အစရှိသည်တို့နှင့် ပတ်သက်၍ သူမ၏အမြင်များကို မျှဝေပြောကြားမည် ဖြစ်သည်ဟု သိရသည်။

အသက် ၁၆ နှစ်အရွယ် မာလာလာသည် အမျိုးသမီးများ ပညာသင်ကြားခွင့် ရရှိရေးနှင့် ပတ်သက်၍ လှုံ့ဆော်ခဲ့သူဖြစ်ပြီး ၎င်းအား ၂၀၁၂ ခုနှစ်တွင် တာလီဘန် အကြမ်းဖက်သမားများက ကျောင်းကားပေါ်၌ ပစ်ခတ်လုပ်ကြံခဲ့သည်။ ပစ်ခတ်လုပ်ကြံမှုကြောင့် ဦးခေါင်းတွင် ဒဏ်ရာရရှိ ခဲ့သော်လည်း မာလာလာသည် တစ်ကမ္ဘာလုံး၏ လေးစားမှုနှင့် နာမည်ကြီးလာခဲ့သည်။

အိန္ဒိယကျောင်းသား ညီလာခံသည် နိုင်ငံရေးကဏ္ဍသို့ စွန့်စားဝင်ရောက်လိုသည့် ကျောင်းသားများအတွက် အခြေခံ အဆောက်အအုံဖြစ်ပြီး ယခုလို ကမ္ဘာ့နာမည်ကြီး ပုံရိပ်များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် မာလာလာတို့အား ဖိတ်ခေါ်ခဲ့ခြင်းမှာ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်တွင် လူငယ်များကို အကူအညီပေးရန်နှင့် လမ်းညွှန်ပြသပေးရန် ဖြစ်သည်ဟု သိရသည်။

သံဃာတစ်ပါးထံမှ သိန်း ၁၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 သံဃာတစ်ပါးထံမှ သိန်း ၁၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ဇော်ဇော်ထွေး ရန်ကုန် ၊ မဇ္ဈိမ ။ ။ တက္ကစီ စီးလာသည့် သံဃာတော် တစ်ပါးထံမှ ကျပ်သိန်း တစ်ရာ တန်ကြေးရှိသည့် မူးယစ်ဆေးဝါးများကို ဇန်နဝါရီ ၅ ရက် ညနေက သင်္ဃန်းကျွန်းမြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။ ညနေ ၃ နာရီ ၄၅ အချိန်က မူးယစ်နှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင် များက 
လေးဒေါင့် ကန်လမ်းနှင့် ဗဟိုလမ်းထောင့်တွင် ကြိုတင်သတင်းအရ စောင့်ဆိုင်း ဖမ်းဆီးခဲ့ကြခြင်းလည်း ဖြစ်သည်။ စောင့်ဆိုင်းနေစဉ် ပရိုဘောက် အဖြူရောင်အငှားယာဉ်အား ငှားစီးလာသူ ရဟန်းဝတ် ဦးခေမိန္ဒ(ခ)စိုးဖြူအောင် (၄၅)နှစ်နှင့် ကိုကိုဝင်း (၃၉)နှစ်ဆိုသူတို့ကို ထိန်းသိမ်းပြီး ငမိုးရိပ်အုပ်ချုပ်ရေးမှူးရုံးတွင် ခေါ်ဆောင် စစ်ဆေးခဲ့ကြသည်။ ထို့ကြောင့် ဦးခေမိန္ဒ လွယ်ထားသော ထိုင်းစာတန်းပါ အဝါရောင်လွယ်အိတ်အတွင်းမှ အစိမ်းရောင် ကြွပ်ကြွပ်အိတ်အတွင်း အဖြူရောင် ပလပ်စတစ်များနှင့် ထုပ်ထားသော ICE (၅၀၀) ဂရမ်ကို တွေ့ရှိ သိမ်းဆည်းနိုင်ခဲ့သည်။ အဆိုပါ ICE မူးယစ်ဆေးဝါးများမှာ တစ်ဂရမ်သည် ကာလတန်ဖိုး (၂၀၀၀၀)ကျပ် ရှိသဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း(၁၀၀) တန်ကြေးရှိသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ ယင်းအပြင် အဆိုပါ သံဃာထံမှ လက်ကိုင်ဖုန်း (၁)လုံးတို့ကို သိမ်းဆည်းနိုင်ခဲ့သည့်အပြင် ဦးကိုကိုဝင်းထံမှလည်း လက်ကိုင်ဖုန်း (၁)လုံးတို့ကို သိမ်းဆည်းခဲ့သည်။ လက်ရှိတွင် မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသည့် ရဟန်းကို မြို့နယ် သံဃာ့နာယကအတွင်းရေးမှူး ဆရာတော် က လူဝတ်လဲပေးခဲ့ပြီး ဥပဒေအရ အရေးယူမှု ပြုနိုင်ရန် အပ်နှံပေးခဲ့သည်။ ထို့ကြောင့် ဦးခေမိန္ဒ(ခ) စိုးဖြူအောင်နှင့် ဦးကိုကိုဝင်းတို့အပေါ် အရေးယူပေးရန် ရဲအုပ် ဝင်းနိုင်မှ တရားလိုပြုလုပ်တိုင်တန်းခဲ့သည်။ ယင်းတိုင်တန်းမှုကို မြို့နယ်ရဲစခန်းက (ပ) ၁/၂၀၁၄ဖြင့် အမှုဖွင့်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉ (က)/၂၁ တို့ဖြင့် တရားစွဲတင်နိုင်ရန် ဖမ်းဆီးစစ်ဆေးနေသည်။ Mizzima

ကာလာ အမည်ရှိ ရိုဟင်ဂျာ မွတ်စလင်တစ်ဦး ထိုင်းနိုင်ငံ ရနောင်းမြို့တွင် လုပ်ကြံခံရ

၂၀၁၄ ခုနှစ်၊ဇန်နဝါရီလ(၆)ရက် အချိန်- ည ၉ နာရီ ၁၅ မိနစ် ရခိုင်ပြည်နယ်မှ ကာလာ အမည်ရှိ ရိုဟင်ဂျာ မွတ်စလင်တစ်ဦး ထိုင်းနိုင်ငံ ရနောင်းမြို့တွင် လုပ်ကြံခံရကြောင်းသတင်းရရှိပါသည်။ ထိုသူသည် ရခိုင်ပြည်နယ်မှ စက်လှေများဖြင့် ရောက်ရှိလာသော ရိုဟင်ဂျာမွတ်စလင်များအား ရောင်းစားနေကြောင်းကို သတင်းဌာနများနှင့် ဘာသာပြန်ပြောဆိုပေးသည့်အပေါ် သတ်ပစ်ခဲ့သည်ဟု ယူဆရသည်။ ထိုသူသည် အီရှာနမားဇ်ဖတ်ပြီးအိမ်သို့ ဆိုင်ကယ်ဖြင့်ပြန်အလာတွင် ဆိုင်ကယ်တစ်စီးပေါ်မှ သေနတ်သမား က သေနတ်ဖြင့်ပစ်သတ်သွားပြီး ဦးခေါင်းတွင် သေနတ်ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးသွားခဲ့သည်။ ထိုသူ၏ အမျိုးသမီးမှာလည်း သေနတ်ဒဏ်ရာ ရရှိသွားပြီး ဒဏ်ရာအပြင်းအထန်ရရှိထားကြောင်း သိရသည်။

ရာသီဥတု ဒဏ်ကြောင့် ခြောက်ကပ်ပြီး ခြေဖ၀ါး ကွဲနေသူများ အတွက်

 ကျွန်တော်တို့ ခြေဖ၀ါး တွေဟာ ရာသီဥတု ဒဏ်ကြောင့်ပဲ ဖြစ်ဖြစ် ခြောက်ပြီး ကွဲတာ တို့ ဖြစ်တတ်ကြ ပါတယ်။ ဒီလိုမျိုး အခြေအနေ မျိုးကို ဘယ်လို ပြန်လည် ကုစားရ မလဲဆိုတာ ဆက်ပြီးဖတ်ရှုကြပါဦး။ကျွန်တော်တို့ ခြေဖ၀ါး တွေ ဟာ သဘာဝ အားဖြင့် စိုစွတ်စေတဲ့ အဆီရည်တွေ ထုတ်ပေးလေ့ မရှိပါဘူး။ ချွေးပေါက်တွေကို မှီခိုပြီး ထွက်လာတဲ့ ချွေးတွေနဲ့ ခြေဖ၀ါး တွေကို စိုနေအောင် ထိန်းထားလေ့ ရှိပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ဖြစ်စဉ် မျိုးဟာ တစ်ချို့သော အရာတွေကြောင့် ဖြစ်လေ့ မရှိပါဘူး။ ဆီးချိုရောဂါ၊ Thyroid ရောဂါ၊ အသား အရည်ကို ထိခိုက်စေတဲ့ နာတာရှည် ရောဂါတွေ၊ ခြေလက် ဖောယောင် တတ်တာတွေနဲ့ အ သက်ကြီး ရင့်ခြင်း တို့ဟာ ခြေဖ၀ါးကို ခန်းခြောက် စေတဲ့ အကြောင်း အရင်းထဲမှာ အဓိက တရားခံ တွေပါ။ ဘတ်တီး ရီးယားတွေ၊ ဗီတာမင် ချို့တဲ့တာတွေ၊ ရေနဲ့ တရားလွန် ထိတွေ့တာတွေ၊ ခြေထောက်နဲ့ ဟန်ကျ မဖြစ်တဲ့ ဖိနပ်တွေ၊ ခြေထောက်နှင့် ခြေဖ၀ါးပိုင်း လုံလောက်တဲ့ လေ ပမာဏနဲ့ ထိတွေ့ခြင်း မရှိတာ ကြောင့်လည်း ပုံမှန် စိုစွတ်တာ ခြောက်ခန်းပြီး ခြေဖ၀ါး ကွဲတာမျိုးတွေ ဖြစ်တတ် ပါတယ်။ How to Fix Dry Cracked Feet အခု ကျွန်တော်တို့ ခြေဖ၀ါးတွေ ကွဲရတဲ့ အကြောင်းအရင်း တွေကို လေ့လာ သိရှိကြ ပြီးပါပြီ။ ဘယ်လို ကုထုံး မျိုးနဲ့၊ ဘယ်လို နည်းလမ်းမျိုးနဲ့ ကျွန်တော်တို့ ခြေဖ၀ါး တွေကို ကုသကြမလဲ။ ဓာတု ပစ္စည်းနဲ့ ဖော်စပ်ထားတဲ့ ဆေးဝါး မှန်သမျှ ရာနှုန်းပြည့် စိတ်မချ ရပါဘူး။ ခြေထောက် လိမ်းတဲ့ လိမ်းဆေးရည် တွေထက် ပိုပြီး စိတ်ချပြီး ဈေးသက်သာတဲ့ အိမ်သုံးကုထုံး တွေကသာ အကောင်းဆုံး အာမခံချက် ရှိတဲ့ နည်းလမ်း တွေ ဖြစ်ပါတယ်။ အဆိုပါ နည်းလမ်း တွေကို ဖော်ပြရရင် အောက်ပါ အတိုင်း ဆောင်ရွက် ကြည့်နိုင် ပါတယ်။ နည်း(၁) - ရှာလကာရည် ပန်းကန်လုံး တစ်ခွက် ပမာဏကို ၂ ဂါလန် ပမာဏ ရှိတဲ့ ခပ်နွေးနွေး ရေနဲ့ ရောလိုက်ပါ။ တစ်ပတ် မိနစ် ၃၀ ကနေ ၄၅ မိနစ် စိမ်ပါ။ ပြီးနောက် ရေစစ်၊ အခြောက်ခံ၊ Moisturizer သုံးပြီး ခြေအိတ် စွတ်ထားပါ။ နည်း(၂) - မုန့်ဖုတ် အမှုန့် Baking Soda ပန်းကန်လုံး တစ်ဝက် ပမာဏကို ၁ ဂါလန် ပမာဏ ရှိတဲ့ ခပ်နွေးနွေး ရေနဲ့ ပျော်ဝင် သွားအောင် ရော လိုက်ပါ။ ရောပြီး ရေထဲမှာ မိနစ် ၃၀ ကနေ ၄၅ မိနစ် အထိ စိမ်ပါ။ ပြီးနောက် ရေစစ်၊ အခြောက်ခံ၊ Moisturizer သုံးပြီး ခြေအိတ် စွတ် ထားပါ။ နည်း(၃) - ၁ ဂါလန် ကနေ ၂ ဂါလန် ပမာဏ ရှိတဲ့ ရေနွေးထဲကို လက်ဖက်ရွက်ဆီ နည်းနည်း ထည့်လိုက် ပါ။ ပြီးနောက် ရေထဲ စိမ်ပြီး ရေစစ်၊ အခြောက်ခံ၊ Moisturizer သုံးပြီး ခြေအိတ် စွတ်ထားပါ။ ဒီနည်း ကတော့ ဘတ်တီးရီးယားလို၊ မှိုလို မျိုးကြောင့် ခြေဖ၀ါး ကွဲတာမျိုး ဆိုပို ကောင်း ပါတယ်။ နည်း(၄) - ၁ ဂါလန်ကနေ ၂ ဂါလန် ပမာဏ ရှိတဲ့ ရေနွေးထဲကို လက်ဖက် စားဇွန်း ၂ ဇွန်းကနေ ၃ ဇွန်း ပမာ ဏရှိတဲ့ Lemon Juice ထည့်ပါ။ ပြီးနောက် ရေထဲစိမ်ပြီး ရေစစ်၊ အခြောက်ခံပါ။ How to Fix Dry Cracked Feet အထက်ပါ နည်းတွေ အပြင် လှပတဲ့ ခြေဖ၀ါး ပိုင်ရှင်တွေ ဖြစ်ဖို့ အတွက် မှတ်သား ထားရမှာတွေ ရှိပါ သေးတယ်။ ကုမ္ပဏီထုတ် Lotion တွေ အစား သဘာဝ ကရတဲ့ သံလွင်ဆီ၊ အုန်းဆီ၊ ဖယောင်း ဒါမှမဟုတ် မီးဖိုကြောင်သုံး ဆီပဲဖြစ်ဖြစ် အထက် ဖော်ပြပါ နည်းလမ်း မျိုးတွေ သုံးတဲ့ အခါ တစ်စက်၊ နှစ်စက်သော ပမာဏလောက် အနံ့ကောင်းအောင် ထည့်ပြီး စိမ်ကြည့် ကြပါ။ ရေမွှေး ဆီမျိုးကို မသုံးပါနဲ့။ အကြောင်း ရင်းက အသားအရည် အတွက် စိတ်မချ ရလို့ပါ။ အကောင်းဆုံး နည်းလမ်း တစ်မျိုးကတော့ လက်ဖက် စားဇွန်း ၁ ဇွန်း ပမာဏ သံလွင်ဆီကို Lemon Juice အနည်းငယ်နဲ့ ရောပြီး ခြေဖ၀ါးနဲ့ သက်ဆိုင်တဲ့ နေရာတွေ ကို စိမ့်နေအောင် လိမ်းပါ။ ပြီးရင် သန့်ရှင်းတဲ့ ချည်ခြေ အိတ်နဲ့ စွပ်ထားလိုက် ပါ။ အထက်က ဖော်ပြခဲ့တဲ့ နည်းတွေမှာ ခြေအိတ် သုံးရင် ချည်ခြေအိတ်သာ သုံးသင့် ပါတယ်။ ဒါမှ လေ၀င် လေထွက် ရှိပြီး အကျိုးရှိမှာ ဖြစ် ပါတယ်။ ခြေဖ၀ါးတွေ ကွဲလှပါတယ် ဆိုတဲ့ သူတွေအတွက် သိမှတ်ဖွယ်ရာ တွေကို ဖော်ပြပေး ခဲ့ပါတယ်။ ဖြစ်ရတဲ့ အကြောင်းအရင်း တွေကို ကော ပြန်လည် ကုစားရတဲ့ နည်းလမ်း တွေပါ ဖော်ပြပေး ခဲ့တာကြောင့် အသုံးဝင်မှာပါ။ ဖော်ပြပါ သဘာဝနဲ့ ညီညွတ်တဲ့ နည်းလမ်းတွေ အသုံးပြုပြီး စာဖတ်သူ တွေရဲ့ ခြေဖ၀ါး တွေဟာ လှပပြီး နူးညံ့နိုင် ကြပါစေလို့ မျှော်လင့် ပါတယ်ဗျာ။ (မည်သူမဆိုမျှဝေယူနိုင်သညShwe Eaim Siကင်ဆာရောဂါ နှင့် ကျန်းမားရေးဆောင်းပါးများ) http://www.facebook.com/lwinthandarsoe

Saturday, January 4, 2014

OIC အတွင်းရေးမှူးချုပ် အိဟ်ဆန်နိုဂလူ ရာထူးမှ အနားယူ




ကိုင်ရို။

အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC)၏ အတွင်းရေးမှူးချုပ်အဖြစ် ၉ နှစ်ကြာ အောင်မြင်စွာတာဝန် ထမ်းဆောင်ပြီးနောက် ရာထူးမှ လွှဲပြောင်းအနားယူလိုက်ပြီဖြစ်သော အိက္ကမိလဒ္ဒီးန် အိဟ်ဆန်နိုဂလူက နှုတ်ဆက်ပွဲ အခမ်းအနားတွင် မွတ်စလင်နိုင်ငံများအား အချင်းချင်း ရန်ညိုးဖွဲ့တိုက်ခိုက်နေမှုများ၊ ဆင်းရဲမွဲတေမှုနှင့် အစွန်းရောက်ဝါဒ

တို့၏ မြင့်မားလာသော စိန်ခေါ်မှုများကို ရင်ဆိုင်ကြရန် တိုက်တွန်းပြောကြားလိုက်သည်။


“အိုအိုင်စီဟာ အခုဆိုရင် နိုင်ငံတကာရေးရာတွေမှာ ကမ္ဘာနဲ့ချီ အရေးပါတဲ့ စွမ်းဆောင်နိုင်သူ၊ မွတ်စလင်ကမ္ဘာရဲ့ ခေတ်နဲ့အမီ ရင်ပေါင်တန်းနိုင်တဲ့ အစွန်းမထွက် သမာသမတ်ကျတဲ့ ကိုယ်စားလှယ်အဖြစ် အသိမှတ်ပြုခံခဲ့ရပါတယ်”ဟု အိဟ်ဆန်နိုဂလူက သူ၏ (OIC အတွက်)နောက်ဆုံး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားကြောင်း အာရပ်သတင်းဌာနက ဇန်န၀ါရီလ ၁ ရက်နေ့တွင် ဖော်ပြသည်။ မွတ်စလင်ကမ္ဘာရှိ အခွင့်ရေးနှင့်ပတ်သက်သော ပြဿနာရပ်များကို အကျိုးဆောင်ပေးရာတွင် အဖွဲ့၏ နိုင်ငံတကာသြဇာကို အသုံးပြု၍ အတွင်းရေးမှူးဟောင်း အိဟ်ဆန်နိုဂလူက အဖွဲ့ကိုဦးဆောင်နိုင်ခဲ့သည်ကို အလေးအနက်ထားဖော်ပြကြသည်။

… မွတ်စလင်ကမ္ဘာ၏ မုခ်ဦး …

ကြီးမားသော ရာထူးတာဝန်ကို ၉ နှစ်ကြာ ထမ်းဆောင်ခဲ့သော အိုအိုင်စီအကြီးအကဲဟောင်းက အဖွဲ့အနေဖြင့် အမေရိကန်နိုင်ငံအပါအ၀င် အခြားနိုင်ငံများစွာနှင့် မဟာဗျူဟာကျ ဆက်ဆံရေးကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခဲ့ကြောင်း အမေရိကန်သမ္မတ၏ အိုအိုင်စီရေးရာ အထူးကိုယ်စားလှယ်ကို ရည်ညွှန်း၍ ထည့်သွင်းပြောဆိုခဲ့သည်။ “ဒါတွေအားလုံးဟာ တစ်ခုတည်းကိုပဲ ညွှန်ပြနေပါတယ်။ အဲဒါက ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ၊ ထိပ်သီးနိုင်ငံတွေက မွတ်စလင်လူ့အဖွဲ့အစည်းနဲ့ ပိုမိုအားကောင်းတဲ့ ဆက်ဆံရေးမျိုးကို လိုလားကြတယ်။ အခုဆိုရင် OIC ဟာ မွတ်စလင်ကမ္ဘာရဲ့ မုခ်ဦးလို့တောင် ဆိုရမှာပါ”ဟု ၎င်းက ဆိုသည်။

ရာထူးမှ အနားယူသွားပြီဖြစ်သော အကြီးအကဲဟောင်းက မွတ်စလင်ကမ္ဘာကြီးအနေနှင့် အစွန်းရောက်ဝါဒ၊ ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့ပေါများမှုတို့ကို တိုက်ဖျက်ရန်နှင့် အမျိုးသမီးတို့၏ အခွင့်ရေးများကို ထည့်သွင်းစဉ်းစားရန် တိုက်တွန်းခဲ့သည်။ လွန်ခဲ့သော ၉ နှစ်က အာရပ်သတင်းစာတစ်စောင်တွင် အိုအိုင်စီအား ခိုင်းနှိုင်း၍ ပက်လက်လန်ကျသော လိပ်ကို ဟန်ချက်ညီ ပြန်လည်တည့်မတ်ရန် လူတို့က ၀ိုင်းဝန်းကူညီနေပုံ ကာတွန်းကို ဖော်ပြခဲ့သည်။

“အိုအိုင်စီဟာ ၁၉၇၂ ခုနှစ် မော်ဒယ် ဂျုံးဂျုံးကျနေတဲ့ ကားနဲ့ ဖော်မြူလာဝမ်းပြိုင်ပွဲမှာ ၀င်ပြိုင်နိုင်မှာ မဟုတ်ဘူး”ဟု ၎င်းက ၁၉၇၂ ခုနှစ်က ခေတ်ကုန်နေသော အိုအိုင်စီ၏ ဖွဲ့စည်းပုံအဟောင်းအား ရည်ညွှန်းပြောဆိုသည်။ “ကျွန်တော်တို့မှာ ဒီနေ့ခေတ် နိုင်ငံတကာနဲ့ယှဉ်ပြိုင်ဖို့ ကား အသစ်လိုအပ်နေပါတယ်။” ၁.၆ ဘီလီယံရှိသော မွတ်စလင်တို့၏ အမြင်များကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မျှမျှတတရှိဖော်ပြနိုင်ရန် လိုအပ်ပါကြောင်း ၎င်းက ပြောဆိုသည်။ အိုအိုင်စီအနေနှင့် ရုရှား၊ တရုတ်၊ ဗြိတိန်၊ ပြင်သစ်အပါအ၀င် အဓိကကမ္ဘာ့အင်အားကြီးနိုင်ငံတို့နှင့် အဖွဲ့အစည်းဆိုင်ရာ ဆက်ဆံရေးများကို တရားဝင် အပြန်လေ့လာ၍
ထူထောင်နိုင်ရန် ကြိုးစားနေ ကြောင်း ၎င်းက ထည့်သွင်းပြောဆိုသည်။

ထို့ပြင် ၎င်းက အနောက်နိုင်ငံများအနေနှင့် မွတ်စလင်ဆန့်ကျင်ရေးသဘောထားများကို အရေးယူဆောင်ရွက်နိုင်ရန် ကြိုးစားအားထုတ်သင့်ကြောင်း တိုက်တွန်းသွားခဲ့သည်။

… အတွင်းရေးမှူးချုပ်အသစ် …

အိဟ်ဆန်နိုဂလူက ဆော်ဒီအာရေဗျနိုင်ငံမှ ယခင် ယဉ်ကျေးမှုနှင့် ပြန်ကြားရေးဝန်ကြီးဖြစ်သော အိုင်ယဒ် မဒနီအား အတွင်းရေးမှူးချုပ်အဖြစ် လွှဲပြောင်းပေးခဲ့ပြီး ထိုအတွင်းရေးမှူးချုပ်အသစ်မှာ ဇန်န၀ါရီလ ၁ရက်နေ့မှစ၍ တာဝန်ထမ်းဆောင် မည်ဖြစ်သည်။ အိုအိုင်စီသည် ဇန်န၀ါရီလတွင် ဒေသတွင်း အန္တရာယ်ကြီးမားသော ပြဿနာများဖြစ်သည့် ဒုတိယအကြိမ်မြောက် ဆီးရီးယားအရေး ဂျနီဗာညီလာခံနှင့် အလ်ကုဒ်ကော်မတီ၏ ဆွေးနွေးပွဲများသို့ တက်ရောက်ရန်ရှိသည်။ အိုအိုင်စီ၏ ၂၀၁၃ ခုနှစ် မှတ်တိုင်များတွင် မြန်မာပြည်က ပဋိပက္ခဖြစ်ပွားခဲ့သော ဒေသများသို့ အကြီးအကဲနှင့်အဖွဲ့ သွားရောက်ကြည့်ရှုလေ့လာခဲ့မှုလည်း ပါဝင်သည်။ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော အိုအိုင်စီကိုယ်စားလှယ်အဖွဲ့တွင် အင်ဒိုနီးရှား၊ မလေးရှား၊ တူရကီ၊ ဆော်ဒီအာရေဗျ၊ အီဂျစ်၊ ဒီဂျီဘောင်တီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်တို့မှ အဖွဲ့ဝင်များ ပါဝင်သည်။

…. နိုင်ငံသား အခက်အခဲ ဖြေရှင်းပေးရန် အာမခံချက်ရရှိ ….

အဆိုပါကိုယ်စားလှယ်အဖွဲ့ သွားရောက်လေ့လာရာတွင် မြန်မာအစိုးရအနေနှင့် ရိုဟင်ဂျာမွတ်စလင် ၈ သိန်းကျော်နှင့် ပတ်သက်သော နိုင်ငံသားအသိအမှတ်ပြုရေး ပြဿနာအား တာဝန်ယူဖြေရှင်းပေးမည်ဖြစ်ကြောင်း အာမခံရရှိခဲ့သည်။ ၂၀၁၂ခုနှစ် အောက်တိုဘာလတွင် မြန်မာပြည်၌ အိုအိုင်စီရုံးခန်းဖွင့်လှစ်ပြီး အကူအညီပေးရန် ကြိုးစားခဲ့သော်လည်း ဗုဒ္ဓဘာသာဘုန်းတော်ကြီးအများအပြား၏ ကန့်ကွက်မှုကြောင့် သမ္မတဦးသိန်းစိန်က အဆိုပါအစီစဉ်အား ရပ်ဆိုင်းခဲ့သည်။

၁၉၆၉ ခုနှစ်တွင် မွတ်စလင်ကမ္ဘာ၏အကျိုးစီးပွားအား ကာကွယ်ပေးရန် နိုင်ငံတကာအစိုးရများပါဝင်သော အဖွဲ့အစည်းတစ်ရပ်အနေနှင့် OIC အား ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အိုအိုင်စီတွင် တိုက်ကြီး ၄ တိုက်မှ ကိုယ်စားပြု နိုင်ငံပေါင်း ၅၇ နိုင်ငံပါဝင်ဖွဲ့စည်းထားခြင်းဖြစ်ပြီး အဖွဲ့ကြီးသည် ကုလသမဂ္ဂတွင် အမြဲတမ်းကိုယ်စားလှယ်ရရှိထားသည်။

Thursday, January 2, 2014

Joint Mission Statement “Inhumane Environment” in Rohingya Camp


The international community is deeply concerned by the dire humanitarian situation faced by internally displaced persons (IDPs) in Taung Paw camp in Myebon Township, Rakhine State and strongly urges the Union Government to ensure immediate, full, and unimpeded humanitarian access to those in need. The deteriorating living conditions in the camp have created an inhumane environment for camp residents.

The 752 families living in the camp for the past 14 months face very poor living conditions, including lack of safe drinking water, limited healthcare services, malnutrition, and restrictions on movement outside the camp.

The international community has received credible reports that local community members in Myebon town have harassed humanitarian staff and impeded access for humanitarian supplies to the people in need in Taung Paw camp. These actions are unacceptable. Many of us have recently traveled to Rakhine State to affirm the uncompromisable international principle of full and unimpeded humanitarian access to all those in need. Union-level and local officials alike have publicly vowed to enforce this principle without delay. Despite these promises, we have yet to see effective action. The international community urges authorities to ensure humanitarian access immediately and without further delay to allow aid to reach those in desperate need, and take immediate and firm action against responsible individuals, including those who seek to block humanitarian aid and intimidate, harass, or harm humanitarian workers.

Furthermore, the international community calls for increased security to allow camp residents to safely move in and out of the camp, in order to ensure their access to markets and livelihoods, and for international health workers to be allowed to spend the night in camps to increase healthcare access. Development assistance and inward investment to Rakhine State, for the benefit of all communities, will only come when situations like that in Myebon are adequately addressed. The international community remains ready to further cooperate with the Government in this issue of utmost importance.

Embassy of Switzerland
Embassy of the Republic of Turkey
Embassy of the United States of America
Delegation of the European Union

Wednesday, January 1, 2014

နိုင်ငံပေါင်း ၃၃ နိုင်ငံမှ မိုဘိုင်းဖုန်းများ ပြည်တွင်းသို့ သယ်ဆောင်အသုံးပြုနိုင်

 

အာဆီယံနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ GSM နှင့် WCDMA မိုဘိုင်းဖုန်းလိုင်း များသည် မြန်မာနိုင်ငံအတွင်းသို့ သယ်ဆောင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန်ကြေညာခဲ့သည်။

Roaming စနစ်ဖြင့် ပြည်တွင်းသို့ သယ်ဆောင် အသုံးပြုနိုင်ရန် နိုင်ငံပေါင်း ၃၃ နိုင်ငံ မှ အော်ပရေတာပေါင်း ၆၄ ခုနှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့သည်ဟု သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ယခုကဲ့ နိုင်ငံတကာရှိ မိုဘိုင်းဖုန်းများ ပြည်တွင်းသို့ သယ်ဆောင်အသုံးပြုနိုင်စေရန် ပြင်သစ်နိုင်ငံ အခြေစိုက် Orange ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက် ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ကြေညာချက်၌ ပြည်တွင်းရှိ GSM နှင့် WCDMA မိုဘိုင်းဖုန်း လိုင်းများသည်လည်း အခြားနိုင်ငံများသို့ သယ်ဆောင်အသုံးပြုနိုင်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် စက်ပိုင်းဆိုင်ရာ စမ်းသပ်မှုများ ပြုလုပ်နေသည်ဟု သိရသည်။ Roaming စနစ်ကို ပြည်ပမှ ပြည်တွင်းသို့ စတင် ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သော်လည်း Roaming စနစ်အတွက် ကျသင့်သည့် ဈေးနှုန်းများ ကို မြန်မာ့ဆက်သွယ်ရေးမှ ထုတ်ပြန်ပြောဆိုခဲ့ခြင်းမရှိပေ။

ပြည်ပမှ မိုဘိုင်းဖုန်းလိုင်းများသည် နေပြည်တော်တွင်ကျင်းပသည့် အာဆီယံဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေးပွဲ၌ စတင်သယ်ဆောင် အသုံးပြုခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ ဂျပန်အပါအဝင် အာဆီယံနိုင်ငံများမှ မိုဘိုင်းဖုန်းလိုင်းများ ကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့၌ သယ်ဆောင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး အသုံးပြုခကို နိုင်ငံတကာ ဘီလ်နှုန်းအတိုင်း ကောက်ခံခဲ့သည်ဟုသာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြောဆိုသည်။

နိုင်ငံပေါင်း ၃၃ နိုင်ငံမှ မိုဘိုင်းဖုန်းများ ပြည်တွင်းသို့ သယ်ဆောင်အသုံးပြုနိုင်

အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ GSM နှင့် WCDMA မိုဘိုင်းဖုန်းလိုင်းများသည် မြန်မာနိုင်ငံအတွင်းသို့ သယ်ဆောင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ကြေညာခဲ့သည်။

Roaming စနစ်ဖြင့် ပြည်တွင်းသို့ သယ်ဆောင်အသုံးပြုနိုင်ရန် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ အော်ပရေတာပေါင်း ၆၄ ခုနှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့သည်ဟု သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ယခုကဲ့ နိုင်ငံတကာရှိ မိုဘိုင်းဖုန်းများ ပြည်တွင်းသို့ သယ်ဆောင်အသုံးပြုနိုင်စေရန် ပြင်သစ်နိုင်ငံ အခြေစိုက် Orange ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ကြေညာချက်၌ ပြည်တွင်းရှိ GSM နှင့် WCDMA မိုဘိုင်းဖုန်း လိုင်းများသည်လည်း အခြားနိုင်ငံများသို့ သယ်ဆောင်အသုံးပြုနိုင်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် စက်ပိုင်းဆိုင်ရာ စမ်းသပ်မှုများ ပြုလုပ်နေသည်ဟု သိရသည်။ Roaming စနစ်ကို ပြည်ပမှ ပြည်တွင်းသို့ စတင် ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သော်လည်း Roaming စနစ်အတွက် ကျသင့်သည့် ဈေးနှုန်းများကို မြန်မာ့ဆက်သွယ်ရေးမှ ထုတ်ပြန်ပြောဆိုခဲ့ခြင်းမရှိပေ။

ပြည်ပမှ မိုဘိုင်းဖုန်းလိုင်းများသည် နေပြည်တော်တွင်ကျင်းပသည့် အာဆီယံဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေးပွဲ၌ စတင်သယ်ဆောင် အသုံးပြုခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ ဂျပန်အပါအဝင် အာဆီယံနိုင်ငံများမှ မိုဘိုင်းဖုန်းလိုင်းများကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့၌ သယ်ဆောင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး အသုံးပြုခကို နိုင်ငံတကာ ဘီလ်နှုန်းအတိုင်း ကောက်ခံခဲ့သည်ဟုသာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြောဆိုသည်။
- See more at: http://www.myanmarinternetjournal.com/content/10277#sthash.Uj3F8X1V.dpuf

နိုင်ငံပေါင်း ၃၃ နိုင်ငံမှ မိုဘိုင်းဖုန်းများ ပြည်တွင်းသို့ သယ်ဆောင်အသုံးပြုနိုင်

အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ GSM နှင့် WCDMA မိုဘိုင်းဖုန်းလိုင်းများသည် မြန်မာနိုင်ငံအတွင်းသို့ သယ်ဆောင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ကြေညာခဲ့သည်။

Roaming စနစ်ဖြင့် ပြည်တွင်းသို့ သယ်ဆောင်အသုံးပြုနိုင်ရန် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ အော်ပရေတာပေါင်း ၆၄ ခုနှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့သည်ဟု သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ယခုကဲ့ နိုင်ငံတကာရှိ မိုဘိုင်းဖုန်းများ ပြည်တွင်းသို့ သယ်ဆောင်အသုံးပြုနိုင်စေရန် ပြင်သစ်နိုင်ငံ အခြေစိုက် Orange ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ကြေညာချက်၌ ပြည်တွင်းရှိ GSM နှင့် WCDMA မိုဘိုင်းဖုန်း လိုင်းများသည်လည်း အခြားနိုင်ငံများသို့ သယ်ဆောင်အသုံးပြုနိုင်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် စက်ပိုင်းဆိုင်ရာ စမ်းသပ်မှုများ ပြုလုပ်နေသည်ဟု သိရသည်။ Roaming စနစ်ကို ပြည်ပမှ ပြည်တွင်းသို့ စတင် ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သော်လည်း Roaming စနစ်အတွက် ကျသင့်သည့် ဈေးနှုန်းများကို မြန်မာ့ဆက်သွယ်ရေးမှ ထုတ်ပြန်ပြောဆိုခဲ့ခြင်းမရှိပေ။

ပြည်ပမှ မိုဘိုင်းဖုန်းလိုင်းများသည် နေပြည်တော်တွင်ကျင်းပသည့် အာဆီယံဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေးပွဲ၌ စတင်သယ်ဆောင် အသုံးပြုခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ ဂျပန်အပါအဝင် အာဆီယံနိုင်ငံများမှ မိုဘိုင်းဖုန်းလိုင်းများကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့၌ သယ်ဆောင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး အသုံးပြုခကို နိုင်ငံတကာ ဘီလ်နှုန်းအတိုင်း ကောက်ခံခဲ့သည်ဟုသာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြောဆိုသည်။
- See more at: http://www.myanmarinternetjournal.com/content/10277#sthash.Uj3F8X1V.dpuf

နိုင်ငံပေါင်း ၃၃ နိုင်ငံမှ မိုဘိုင်းဖုန်းများ ပြည်တွင်းသို့ သယ်ဆောင်အသုံးပြုနိုင်

အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ GSM နှင့် WCDMA မိုဘိုင်းဖုန်းလိုင်းများသည် မြန်မာနိုင်ငံအတွင်းသို့ သယ်ဆောင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ကြေညာခဲ့သည်။

Roaming စနစ်ဖြင့် ပြည်တွင်းသို့ သယ်ဆောင်အသုံးပြုနိုင်ရန် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ အော်ပရေတာပေါင်း ၆၄ ခုနှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့သည်ဟု သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ယခုကဲ့ နိုင်ငံတကာရှိ မိုဘိုင်းဖုန်းများ ပြည်တွင်းသို့ သယ်ဆောင်အသုံးပြုနိုင်စေရန် ပြင်သစ်နိုင်ငံ အခြေစိုက် Orange ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ကြေညာချက်၌ ပြည်တွင်းရှိ GSM နှင့် WCDMA မိုဘိုင်းဖုန်း လိုင်းများသည်လည်း အခြားနိုင်ငံများသို့ သယ်ဆောင်အသုံးပြုနိုင်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် စက်ပိုင်းဆိုင်ရာ စမ်းသပ်မှုများ ပြုလုပ်နေသည်ဟု သိရသည်။ Roaming စနစ်ကို ပြည်ပမှ ပြည်တွင်းသို့ စတင် ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သော်လည်း Roaming စနစ်အတွက် ကျသင့်သည့် ဈေးနှုန်းများကို မြန်မာ့ဆက်သွယ်ရေးမှ ထုတ်ပြန်ပြောဆိုခဲ့ခြင်းမရှိပေ။

ပြည်ပမှ မိုဘိုင်းဖုန်းလိုင်းများသည် နေပြည်တော်တွင်ကျင်းပသည့် အာဆီယံဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေးပွဲ၌ စတင်သယ်ဆောင် အသုံးပြုခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ ဂျပန်အပါအဝင် အာဆီယံနိုင်ငံများမှ မိုဘိုင်းဖုန်းလိုင်းများကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့၌ သယ်ဆောင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး အသုံးပြုခကို နိုင်ငံတကာ ဘီလ်နှုန်းအတိုင်း ကောက်ခံခဲ့သည်ဟုသာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြောဆိုသည်။
- See more at: http://www.myanmarinternetjournal.com/content/10277#sthash.Uj3F8X1V.dpuf