Tue, 11/26/2013 - 09:23
အမေရိကန်နိုင်ငံတွင် ပြုလုပ်မည့်
အရှေ့တောင်အာရှ လူငယ် ခေါင်းဆောင်မှု စွမ်းရည် အစီအစဉ် အတွက် မြန်မာနိုင်ငံမှ
ပါဝင်လိုသူများ အတွက် လျှောက်ထားနိုင်သည်ဟု အမေရိကန် သံရုံးထုတ် ပြန်ချက်မှ သတင်း
ရရှိသည်။
အဆိုပါ အစီအစဉ်သည်
ခေါင်းဆောင်မှုစွမ်းရည်နှင့် လူငယ်ဖွံ့ဖြိုး တိုးတက်စေရန်နှင့် ၂၁ ရာစုတွင်
အမေရိ ကန်နိုင်ငံနှင့် အာဆီယံတို့ တွေ့ကြုံနေရသည်များကို သိရှိစေရန်အတွက်
ပြုလုပ်ခြင်း ဖြစ်သည်။ ပါဝင်ခွင့် ရသူ များသည် ၂၀၁၄ ခုနှစ်၊ ဧပြီလတွင်
အမေရိကန် နိုင်ငံသို့ ၃ ပတ် သွားရောက်ရမည် ဖြစ်ပြီး သွားရောက်စဉ် ကာလအတွင်း အစည်းအဝေများ၊
ဆွေးနွေးပွဲများ သို့ တက်ရောက်ခွင့် ရရှိမည့် အပြင် လေ့လာရေး ခရီးစဉ်များ
ပို့ဆောင်ပေးမည်ဟု သိရသည်။
အစီအစဉ်သို့ ကျောင်းသား၊ ဆရာ၊
ဆရာမများနှင့် လူငယ်များ အတွက် လုပ်ဆောင်နေသူ များ လျှောက် ထားနိုင်သည်။ ကျောင်း
သားများအနေဖြင့် အသက် ၁၅မှ ၁၇ နှစ်အတွင်း ရှိရမည် ဖြစ်ပြီး ပြည်တွင်းရှိ အထက်တန်း၊
ကောလိပ်၊ တက္ကသိုလ်တစ်ခုခုတွင် တက်ရောက်နေသူ ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။
ထို့ပြင်လူမှုရေး လုပ်ငန်းများ၊ ပူးပေါင်းဆောင်ရွက်တတ်သူများ၊ ခေါင်းဆောင်မှု
စွမ်းရည်ရှိ သူများ ဖြစ် ရမည်ဟု သတ်မှတ်ထားသည်။
ခေါ်ယူမှုနှင့် ပတ်သက်သည့် အသေးစိတ်
အချက်အလက်များကို http://burma.usembassy.gov/asia-youth.html တွင် ဝင်ရောက် ကြည့်ရှုနိုင်ပြီး ဖုန်း-၀၁- ၅၃၆၅၀၉သို့ ဆက်သွယ်
မေးမြန်းနိုင်သည်။
လျှောက်လွှာများကို ၂၀၁၃ ခုနှစ်၊
ဒီဇင်ဘာလ ၆ ရက် နောက် ဆုံးထား၍ တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံးသို့ ပေးပို့
လျှောက်ထားရမည်ဟု ထုတ်ပြန်ထားသည်။
- See more at:
http://www.myanmarinternetjournal.com/content/9568#sthash.tVzRnUlf.dpuf
No comments:
Post a Comment