Sunday, November 24, 2013

အီရန် နျူကလီးယား ကိစ္စအတွက် သမိုင်းဝင်သဘောတူညီချက်ရပြီ

နိုဝင်ဘာ-၂၄ ၂၀၁၃
M-Media
ဆယ်စုနှစ်တစ်ခုအကြာ လိပ်ခဲတည်းလည်းဖြစ်နေ ခဲ့သည့် အီရန်နိုင်ငံ၏ နျူကလီးယား ပိုင်ဆိုင်ရန် ကြိုးပမ်းမှုကို ရပ်တန့်ရန်အတွက် အီရန်နှင့် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံတို့ ဂျီနီဗာတွင် သဘောတူညီချက် တရပ် ယနေ့တွင်ရရှိခဲ့သည်ဟု သိရသည်။

အီရန်၊ အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ တရုတ်နှင့် ရုရှားတို့မှာ ဂျီနီဗာတွင် ယနေ့ နံနက်ပိုင်းမှစ၍ ၄ နာရီကြာ အကြိတ်အနယ် ဆွေးနွေးခဲ့ပြီးနောက် ထိုကဲ့သို့ သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်သည်။

ထိုသဘောတူညီချက် အရ အီရန်အနေဖြင့် ယူရေနီယံသန့်စင်မှု ပမာဏကို လျှော့ချရမည်ဖြစ်ပြီး Arak ဒေသရှိ ဓာတ်ပေါင်းဖိုတစ်ခုအား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကိုလည်း ရပ်ဆိုင်းရမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံတကာမှ နျူကလီးယား လက်နက် စစ်ဆေးသူများအား ၀င်ရောက် စစ်ဆေးခွင့်ပြုရမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် အနောက်နိုင်ငံမှ အီရန် အပေါ်ပြုလုပ်ထားသည့် ပိတ်ဆို့မှုများကိုလည်း ဖယ်ရှားပေးမည်ဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ထိုသဘောတူညီချက်မှာ အီရန်နိုင်ငံ၏ နျူကလီးယား ပိုင်ဆိုင်မှု အခွင့်အရေးကိုလည်း အာရုံစိုက်ထားခြင်း မရှိဘဲ၊ အစ္စရေးနှင့် အရှေ့အလယ်ပိုင်းရှိ အမေရိကန် မဟာမိတ်နိုင်ငံများကိုလည်း ပိုမို လုံခြုံစေသည်ဟု ပြောကြားခဲ့သည်။
Ref:aljazeera
Link=>http://www.m-mediagroup.com/news/20792

No comments:

Post a Comment