ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှားနှင့် အမေရိကန်နိုင်ငံများမှ
ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ် များသည် ဆီးရီးယား၏ ဓာတုလက်နက်
အကျပ်အတည်းနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြသော်လည်း သဘောတူညီမှု
မရရှိခဲ့ကြကြောင်း စက်တင်ဘာ ၁၄ ရက်က အေအက်ဖ်ပီ သတင်းဌာန မှ ဖော်ပြထားသည်။
“ဆီးရီးယားအရေးနဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်ချက်မူကြမ်းထဲမှာ ထည့်နိုင်မယ့် အချက်တွေအကြောင်း ကိုသူတို့ ဆွေးနွေးခဲ့ကြပါတယ်” ဟု ဗီတိုအာဏာပိုင်ဆိုင်သည့် လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံ များ၏ ၄၅ မိနစ်ကြာ အစည်းအဝေးကိုကိုးကား၍ ကုလသမဂ္ဂသံတမန်တစ်ဦးက ပြောဆိုခဲ့သည်။
နယူးယောက်မြို့တွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး၊ လုံခြုံရေးကောင်စီ သံတမန်တစ်ဦးက “နိုင်ငံတိုင်းဟာ သူတို့ရဲ့ အနေအထားကိုယ်စီကို အသေးစိတ်တင်ပြခဲ့ကြပေမယ့် တကယ်စစ်မှန်တဲ့ ညှိနှိုင်းမှုမျိုးမဟုတ် ခဲ့ပါဘူး” ဟုဆိုခဲ့သည်။
ရုရှားနိုင်ငံ၏ မဟာမိတ်ဖြစ်သည့် ဆီးရီးယားသမ္မတဘက်ရှာအယ်လ်အာဆတ် အားဖိအားပေးရေး အဆိုပြုချက်များကို ရုရှားက ပယ်ချလျက်ရှိနေသည်။
ဆီးရီးယား၏ ဓာတုဗေဒလက်နက်တိုက်များကို နိုင်ငံတကာ၏ ထိန်းချုပ်မှုအောက်တွင် အပ်နှံပါက ဆီးရီးယားအပေါ် တိုက်ခိုက်ဖွယ်ရှိသည့် စစ်ရေးအစီအစဉ်ကို ရပ်ဆိုင်းပေးရန် ရုရှား၏ အဆိုပြုချက်နှင့် ပတ်သက်၍ ကယ်ရီနှင့်ရုရှား နိုင်ငံခြားရေးဝန်ကြီးတို့ ဆွေးနွေးကြမည် ဖြစ်သည်။
အကယ်၍ အာဆတ်ခေါင်းဆောင်သည့် အစိုးရအဖွဲ့အနေဖြင့် တားမြစ်ထားသည့် ဓာတုဗေဒလက်နက်များ ကို နိုင်ငံတကာထိန်းချုပ်မှုလက်အောက် သို့
အပ်နှံရန် ပျက်ကွက်ခဲ့ပါက အကျိုးဆက်အဖြစ် အလွန်ပြင်းထန်စွာ
အရေးယူနိုင်မည့် ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ်ကို ချမှတ်နိုင်ရေးအတွက်
ပြင်သစ်၊ ဗြိတိန်နှင့် အမေရိကန်တို့က အပြင်းအထန် ကြိုးပမ်းလျက်ရှိကြသည်။
ပြင်သစ်နိုင်ငံက ရေးဆွဲထားသည့် ဆုံးဖြတ်ချက် မူကြမ်းထဲတွင်၊ ဆီးရီးယားအနေဖြင့် ၎င်းတို့၏ ဓာတုဗေဒ လက်နက်များရှိသည့် နေရာများကို ပြောကြားရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ၁၅ ရက် အချိန်ပေး မည်ဖြစ်ကြောင်း ပါရှိသည်။
ဆီးရီးယားအရေးနှင့် ပတ်သက်ပြီး အမေရိကန်ကလည်း သံတမန်ရေးရာနည်းလမ်းများအတိုင်း ဆောင်ရွက်နေစဉ်တွင် ဆီးရီးယားအစိုးရအား ဆက်လက်ဖိအားပေးထားနိုင်ရန်အတွက် ဆီးရီးယား ကမ်းခြေ၏ ကမ်းလွန်ဒေသတွင် အမေရိကန်ရေတပ်ကို အသင့်အနေအထားဖြင့် ရှိနေစေမည်ဟုလည်း အိုဘားမားက ဆိုခဲ့သည်။
“ဆီးရီးယားအရေးနဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်ချက်မူကြမ်းထဲမှာ ထည့်နိုင်မယ့် အချက်တွေအကြောင်း ကိုသူတို့ ဆွေးနွေးခဲ့ကြပါတယ်” ဟု ဗီတိုအာဏာပိုင်ဆိုင်သည့် လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံ များ၏ ၄၅ မိနစ်ကြာ အစည်းအဝေးကိုကိုးကား၍ ကုလသမဂ္ဂသံတမန်တစ်ဦးက ပြောဆိုခဲ့သည်။
နယူးယောက်မြို့တွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး၊ လုံခြုံရေးကောင်စီ သံတမန်တစ်ဦးက “နိုင်ငံတိုင်းဟာ သူတို့ရဲ့ အနေအထားကိုယ်စီကို အသေးစိတ်တင်ပြခဲ့ကြပေမယ့် တကယ်စစ်မှန်တဲ့ ညှိနှိုင်းမှုမျိုးမဟုတ် ခဲ့ပါဘူး”
ရုရှားနိုင်ငံ၏ မဟာမိတ်ဖြစ်သည့် ဆီးရီးယားသမ္မတဘက်ရှာအယ်လ်အာဆတ် အားဖိအားပေးရေး အဆိုပြုချက်များကို ရုရှားက ပယ်ချလျက်ရှိနေသည်။
ဆီးရီးယား၏ ဓာတုဗေဒလက်နက်တိုက်များကို နိုင်ငံတကာ၏ ထိန်းချုပ်မှုအောက်တွင် အပ်နှံပါက ဆီးရီးယားအပေါ် တိုက်ခိုက်ဖွယ်ရှိသည့် စစ်ရေးအစီအစဉ်ကို ရပ်ဆိုင်းပေးရန် ရုရှား၏ အဆိုပြုချက်နှင့် ပတ်သက်၍ ကယ်ရီနှင့်ရုရှား နိုင်ငံခြားရေးဝန်ကြီးတို့ ဆွေးနွေးကြမည် ဖြစ်သည်။
အကယ်၍ အာဆတ်ခေါင်းဆောင်သည့် အစိုးရအဖွဲ့အနေဖြင့် တားမြစ်ထားသည့် ဓာတုဗေဒလက်နက်များ ကို နိုင်ငံတကာထိန်းချုပ်မှုလက်အောက်
ပြင်သစ်နိုင်ငံက ရေးဆွဲထားသည့် ဆုံးဖြတ်ချက် မူကြမ်းထဲတွင်၊ ဆီးရီးယားအနေဖြင့် ၎င်းတို့၏ ဓာတုဗေဒ လက်နက်များရှိသည့် နေရာများကို ပြောကြားရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ၁၅ ရက် အချိန်ပေး မည်ဖြစ်ကြောင်း ပါရှိသည်။
ဆီးရီးယားအရေးနှင့် ပတ်သက်ပြီး အမေရိကန်ကလည်း သံတမန်ရေးရာနည်းလမ်းများအတိုင်း
No comments:
Post a Comment