Friday, January 18, 2013

နစကစခန်းမှတိမ်းရှောင်သွားခဲ့သောခင်ပွန်းကြောင့်ဇနီးသည်ကိုအပြစ်ပေး

မောင်တော ။ ။ ဇန်န၀ါရီလ (၁၄) ရက်နေ့ည သန်းခေါင်ယံတွင် မောင်တောမြို့တောင်ပိုင်းကျောက်ပန်းဒို (ရှီတာဖူရီက္ကာ) ရွာ မှ ဦးအေလီယာစ် (ဘ) ဦးဟာဘီအုလ္လာအား ကျောက်ပန်းဒိုရွာအခြေစိုက်နစက စခန်း မှူးမှ ဖမ်းဆီးသွား ခဲ့သည်။အကြောင်းတစုံတရာ မရှိဘဲ ဖမ်းဆီးခံရသော ဦးအေလီယာစ်အား ရိုက်နှက် နှိပ် စက်၍ နစကစခန်းတွင် ချုပ်နှောင် ထားခဲ့သည်။ စခန်းရှိ အချုပ်ခန်း ကိုကြီးကြပ်သူအားငွေပေး မည်ဟု ဦးအေလီယာစ်မှ ကတိပေး၍ စခန်းမှလျှို့ဝှက်စွာ ထွက်ခွာနိုင်ခဲ့ကြောင်းသိရ သည်။
ဇန်န၀ါရီလ (၁၅) ရက်နေ့ ညနေပိုင်းတွင် နစကများသည် ၎င်း၏အိမ်သို့ ပြန်လာပြီး ဖမ်းဆီးရန် ရှာဖွေရာ၊ ဦးအေလီယာစ်ကို အိမ်တွင် မတွေ့သဖြင့်၊ ဇနီးဖြစ်သူ မသက်စ်နင် (ဘ) ဦးဖဇလ်ဟောက် (အသက် ၁၉ နှစ်) နှင့်ယောက်ဖဖြစ်သူ ဦးအဘူဗက ရ်နှင့်ညီမ၀မ်းကွဲဖြစ်သူ မရှဖီကာ (ဘ) ဦးအိုလီအဟမတ် (အသက် ၁၈ နှစ်) တို့အားလက်ထိပ်ခတ်၍ နစကစခန်းသို့ ဖမ်း ဆီးခေါ်ဆောင်သွားခဲ့သည်။
ယုတ်မာရက်စက်၊ လူမဆန်သည့် နစကများမှ ဖမ်းဆီးသွားသော အမျိုးသမီးနှစ်ဦးအား နစကစခန်းရှိ အချုပ် ခန်းတွင် အခြားသော အချုပ်ခံထား ရသူများနှင့် အတူထားပြီး အပေါ်ပိုင်း အ၀တ်အစားများကို ချွတ်၍ ထားခဲ့ သည်။ ထို့နောက် လူစိတ်ပျောက်သည့်အထိ အရက်သောက်၍ ထိုအမျိုးသမီးနှစ်ဦး ရိုက်နှက်နှိပ်စက်ခြင်း၊ ထိတို့ခြင်းနှင့်နောက်ပြောင် ကျီစယ်ခြင်းများပြုလုပ်ခဲ့ သည်ဟုသိရသည်။ ကံကောင်းထောက် မ၍ ထိုအမျိုး သမီးနှစ်ဦးမှာ မုဒိန်းကျင့် မခံခဲ့ရကြောင်း သိရပါသည်။
ယနေ့နေ့ လည်ပိုင်းတွင် ထိုအမျိုးသမီးနှစ်ဦးမှ ငွေကျပ် တစ်သိန်းစီပေး၍လွတ်မြောက်လာခဲ့ကြောင်း ဒေသ ခံတစ်ဦးမှ RB News သို့ပြောပါသည်။
ဘူးသီးတောင် ။ ။ ဘူးသီးတောင်မြို့နယ်ရဲစခန်းမှ အရာရှိများသည် အမှတ် (၇) ရပ်ကွက် (ဂျာဘာရ်ဖာရာ) မှ ဦးရှာကဲရ် (ဘ) ဦးအုမာရ်မျာ၏နေအိမ်သို့ သွားရောက်၍ ဖမ်းဆီးရန် သွားရောက်ခဲ့သည်။ ဦးရှာကဲရ်မှ ၎င်းအား ဖမ်းဆီးရခြင်း အကြောင်း ကိုမေးမြန်းသောအခါ ရဲများက ၎င်းသည် ဓါးပြတိုက်သူများနှင့် ပတ်သက်ခဲ့ ပြီး ကူညီခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးရန်ကြိုးစား ခဲ့သည်။ သို့သော်လည်း ဦးရှာကဲရ် သည် ရဲများ၏ ညှင်းပန်းနှိပ်စက်မှုကြောင့် ဘ၀တစ်ခုလုံးပျက် ရမည့်အစား ငွေ ကျပ် ၅ သိန်းပေး၍ အဖမ်း ခံရမည့်အရေး မှရှောင်ကွင်းခဲ့ကြောင်းသိရသည်။
“ကျွန်တော်တို့တွေက ရဲတွေ၊ စစ်သားတွေ၊ နစကတွေ ပိုက်ဆံရဖို့ကုန်ကြမ်းတွေလိုဖြစ်နေတယ်။ တကယ်တော့ သူတို့တွေ က ဒမြတွေထက် ပိုဆိုးတယ်။ ကျွန်တော်တို့မှာ ရှိသမျှငွေကြေးတွေကို သူတို့ယူနေ တယ်။ ရိုဟင်ဂျာလူမျိုးတွေကို ဘာအ ကြောင်းပြချက်တစုံတရာမပြဘဲနဲ့ဖမ်းဆီးတယ်။ ဒါကလည်း ကျွန်တော် တို့ဆီမှာရှိ တဲ့ငွေတွေကိုယူပါ။ ကျွန်တော့်ဆီက သူတောင်းစား လိုတောင်းတယ်ဆို ရင်တော့ပေးမှာပါ။ ဒါပေမယ့်သူတို့ရဲ့အပြုအမှုတွေ အားလုံးက ဒမြလောက်တောင်အဆင့် အတန်းမရှိဘူး” ဟုဘူးသီးတောင်မြို့ မှဒေသခံတစ်ဦးမှ RB News သို့ပြောပါသည်။

No comments:

Post a Comment