Thursday, August 29, 2013

ပိုးမွှားကိုက်သည့်ဒဏ်ရာကို ပျောက်ကင်းစေသောနည်းများ

(၁)ပျားတုတ်ခြင်း၊ ပိုးမွှားကိုက်ခြင်း၊ ယားယံခြင်းတို့ကို ငှက်ပျောသီးအခွံ ခွာပြီး ငှက်ပျောသီး၏ အခွံအတွင်း ပိုင်းကို အနာပေါ်သို့ တိုက်ရိုက်မိနစ် (၉၀)ခန့်အုံပါ။ ထို့နောက်ယင်းနေရာ ကို ရေဆေးချပြီး လက်သန့်စင်ရည်ကို လိမ်းခြင်းဖြင့် ယားယံခြင်းကို သက်သာ စေသည်။

(၂)ရေခဲကို အဝတ်သန့်နှင့်ထုတ်ပြီး အုံခြင်းဖြင့် ပိုးမွှားတုတ်၍ ရောင်ရမ်းခြင်းကို လျော့ချစေသည်။

(၃)မုန့်ဖုတ်ဆိုဒါကို ရေနှင့်ရော၍ အနှစ်ပြုလုပ်ပြီး ပိုးမွှားကိုက်သည့် နေရာပေါ်သို့ အုံပါ။ ပိုးမွှား(၁)ကောင်မက အကိုက်ခံရပါက ရေနွေးနှင့် ရေချိုးပါ။ အကယ်၍ အကိုက် ခံရသည့်နေရာက အပေါက်ဖြစ်နေ လျှင် နံပါတ် (၃)အချက်ကို မပြုလုပ်ပါနှင့်။

(၄)လာဗင်ဒါနှင့် tea tree အဆီကို ဂွမ်းနှင့်တို့၍လိမ်းနိုင်သည်။ လာဗင် ဒါဆီက သဘာဝအရောင်ကျစေ သောပစ္စည်းတစ်မျိုးဖြစ်ပြီး tea tree အဆီက ပိုးသတ်ပေးနိုင်သည်။

(၅) သွားတိုက်ဆေးအနည်းငယ်ကို ပိုးမွှားကိုက်ဒဏ်ရာပေါ်ကို လိမ်း ပေးခြင်းဖြင့် နာကျင်မှုကို ပျောက် ကင်းစေသည်။ သွားတိုက်ဆေးတွင် ပါဝင်သော 'ဖလူအိုရိုက်' က ဓာတ် မတည့်၍ဖြစ်သော ရောဂါကုဆေး အဖြစ် စွမ်းဆောင်နိုင်သဖြင့် မိနစ်အနည်းငယ်အတွင်း ဝေဒနာကို ပျောက်ကင်းစေသည်။

(၆)ပါးစပ်ဆေးရည်ကို ဂွမ်းတွင်ဆွတ် ၍ လိမ်းပေးပါ။ ပိုးမွှားအဆိပ်ကို ပျယ်စေနိုင်သည်။

(၇)ရHTကို စေးအောင်လုပ်၍ ပိုးမွှား ကိုက်သည့်နေရာတွင် အုံပြီးခြောက် အောင်ထားပါ။ ပြီးမှ ရေဆေးချလျှင် ယားယံမှုကို ပျောက်ကင်းစေ သည်။

(၈) အက်စပရင်ကို ချေပြီး ရေနှင့် ပျစ်အောင် လုပ်၍ ဂျပိုးကဲ့သို့သော ပိုးမွှားကိုက်သည့်နေရာကို လိမ်းပေး ပါ။ တစ်ညသိပ်ပတ်တီးနှင့်စည်းပါ။ နံနက်ရောက်လျှင် ယားယံမှုလုံးဝ ပျောက်ကင်းသွားလိမ့်မည်

ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာသည် လာမည့် စက်တင်္ဘာလ ၃ ရက်နေ့တွင် ရာမူး ပန်းဝါမှ အသစ်ဆောက်လုပ် ပြီးစီးသွားသော ဘုန်းတော်ကြီးကျောင်း ၁၉ ကျောင်းကို ပြန်လည် ဖွင့်လှစ် ပေးသွားမည်ဟု သတင်း ရရှိသည်။
၎င်း ဗုဒ္ဓဘာသာ အဆောက် အဦးများနှင့်  ဘုန်းတော်ကြီး ကျောင်း (၁၉) ကျောင်းသည် လွန်ခဲ့သောနှစ် စက်တင်္ဘာလ ၂၉ ရက်နေ့က အစ္စလာမ်မစ် အစွန်းရောက်သူများ၏ မီးရှို့ တိုက်ခိုက်မူကြောင့် ပြိုပျက်ခဲ့ရသည်။
ဘင်္ဂလာဒေခ်ျ့ အစိုးရသည် အဆိုပါ ဗုဒ္ဓဘာသာ အဆောက် အဦးများနှင့်  ဘုန်းတော်ကြီး ကျောင်း (၁၉) ကျောင်း ပြန်လည် တည်ဆောက်ရေးအတွက် ဘင်္ဂလာဒေခ်ျ့ တာကာ ကုဋေ (၂၀)  အသုံး ပြုခဲ့သည်။
မြန်မာကျပ်ငွေ တန်ဖိုးနှင့် ဆိုလျှင် အဆိုပါ ငွေကြေးမှာ ကုဋေ (၂၀၀) ဖိုးခန့် ရှိသည်။
၎င်းကျောင်းတော် ၁၉ ကျောင်းကို အမှတ် (၁၇) ဘင်္ဂလာဒေခ်ျ့ အင်ဂျင်နီယာစစ်တပ်မှ တာဝန်ယူ ပြန်လည် တည်ဆောက်ခဲ့ပြီး ယခုအခါ ပြီးစီးသွားပြီ ဖြစ်သည်။
ယင်းအထဲမှ ပေ ၁၀၀ အရှည်ရှိ လျောင်းတော်မူ ဗုဒ္ဓရုပ် ပွားတော်ကို ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ချိတ်ဟာဆီးနာမှ တက်ရောက် ဖွင့်လှစ် ပေးမည်ဖြစ်ကြောင်း သတင်းများက ဆိုသည်။
ရာမူး ခေါ် ပန်းဝါမြို့တွင် လွန်ခဲ့သည့်နှစ် စက်တင်ဘာလ ၂၉ ရက်နေ့က အစွန်းရောက် ဘာသာရေး သမားများ၏ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ဗုဒ္ဓဘာသာ အဆောက် အဦးများနှင့်  ဘုန်းတော်ကြီး ကျောင်း (၁၉) ကျောင်း အထဲတွင် အဆိုပါ လျောင်းတော်မူ ဘုရားလည်း ပါဝင်သည်။
ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ခရီးစဉ် အတွင်း  ဘင်္ဂလား- မြန်မာနယ်စပ် ဂိတ်များကို ပိတ်ထားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာသည် သူမ၏ ကော့စ်ဘဇား (ဖလောင်းချိတ်) နှင့် ရာမူး (ပန်းဝါ) ခရီးစဉ်အား စက်တင်္ဘာလ  ၃ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ရာ မောင်တော- တက်ကနက် ဆိပ်ကမ်း အပါအ၀င် မြန်မာပြည်နှင့် ကူးလူး ဆက်ဆံနေသော အ၀င်အထွက်ဂိတ်များကို စက်တင်္ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့ထိ ပိတ်ထားမည်ဟု ဆိုသည်။
ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာသည် သူမ၏ ခရီးစဉ် အတွင်း ရာမူးမှ တဆင့် မြန်မာ နယ်စပ် အနီးရှိ အိုးခီးယားနှင့် တက်ကနက် မြို့ များသို့လည်း သွားရောက် လည်ပတ်မည်ဖြစ်ကြောင်းလည်း သိရသည်။
- See more at: http://www.narinjara.com/burmese/?p=6728#sthash.WGuyrJ8P.dpuf

ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရာမူးပန်းဝါမှ ဘုန်းတော်ကြီးကျောင်းသစ်များအား ဖွင့်လှစ်ပေးမည်

(နိရဉ္စရာ- ၂၉ သြဂတ်စ် ၂၀၁၃)/ မောင်အေး
အသစ်တည်ဆောက်ပြီးစီးသွားသော ပန်းဝါမြို့မှ လျောင်းတော်မူ ဘုရား။ ( ဓါတ်ပုံ- Star)

No comments:

Post a Comment