မြန်မာနိင်ငံအတွင်း အစ္စလာမ်သာသနာနှင့် မြန်မာ မွတ်စလင်မ်များအပေါ်
အထင်အမြင်လွဲမှားစေရန် ၀ါဒဖြန့်ချိမှုများမြင့်တက် လာနေသဖြင့် မီဒီယာများ အနေ
ဖြင့်ဖြစ်စေ၊
အသင်းအဖွဲ့များအနေဖြင့်ဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးချင်း အနေဖြင့်ဖြစ်စေ
မွတ်စလင်မ်များနှင့် ပတ်သက်၍ သိလိုသည်များကို ငြိမ်းချမ်းမှု တည် ဆောက်ရေး
ကွန်
ရက်သို့ဖြစ်စေ၊မိမိတို့ ထံသို့ဖြစ်စေလွတ်လပ်ပွင့်လင်း စွာမေးမြန်း နိင်ကြောင်း
မြန်မာမွတ်စလင်မ် ပညာရှင် ၂ ဦးကပြောကြားလိုက်သည်။
“တစ်ဦးချင်းအနေနဲ့ဖြစ်စေ၊အဖွဲ့အစည်းအနေနဲ့ဖြစ်စေ မေးလို့ရတယ်။ PCN(ငြိမ်းချမ်းမှုတည်ဆောက်ရေး ကွန်ရက်) ကလည်းဖိတ်ခေါ်ထားတယ်။အစ္စလာမ်ဓမ္မဗိမာန် ကလည်းဖိတ်ခေါ်ထားတယ် ။ကျေလည်တဲ့အထိ တိုင်အောင် ဖြေရှင်းပေးဖို့ ဒီဘက်ကတံခါးဖွင့်ထားတယ်။ကမ်းလှမ်းထားပါတယ်”ပာု ဆရာဦးအေးလွင် (ဦးဆောင် ဆော်သြ ရေးမှုး၊အစ္စလာမ်ဓမ္မဗိမာန်)က မြန်မာမွတ်စလင်မ်မီဒီယာ သို့ပြောသည်။ မြန်မာနိင်ငံတွင် အစ္စလာမ်သာသနာတော်နှင့် မြန်မာမွတ်စလင်မ်များအပေါ် မမှန်သတင်းလွင့်ဝါဒဖြန့်ခြင်း၊ ၉၆၉ တရားပွဲအမည်ခံကာလုပ်ကြံတရားပောာကြားခြင်း၊ တို့ကို အစ္စလာမ်ဆန့်ကျင်ရေးသမားများနှင့် မန္တလေးမြို့မှ ဘာသာရေး အဓိကရုန်းမှုထောင်ထွက် ၀ီရသူ တို့ကဦးဆောင်ကာ မမှန်သတင်းများ ထုတ် လွင့်ခဲ့ကြသည်။
“အစ္စလာမ်နဲ့ပတ်သက်လို့ဖြစ်စေ ၊မြန်မာမွတ်စလင်မ်နဲ့ပတ်သက် လို့ဖြစ်စေ ဘယ်လိုကိစ္စမျိုးနဲ့မဆို ပတ်သက်လို့ဖြစ်စေ အကယ်၍ တစ်စုံတစ်ရာ မေးစရာ ကိစ္စရှိရင် ငြိမ်းချမ်းမှုတည်ဆောက်ရေးကွန်ရက် ၊နဲ့ မြန်မာမွတ်စလင်မ်ကွန်ရက် တို့ကိုတိုက်ရိုက်မေးမြန်းနိင်ပါတယ်”ပာုဒေါက်တာမြင့်သိန်း (မြန်မာမွတ်စလင်မ်ကွန်ရက်) က မြန်မာမွတ်စလင်မ်မီဒီယာသို့ပြောသည်။
အစ္စလာမ်သာသနာတော်နှင့် မြန်မာမွတ်စလင်မ်များအား အထင်အမြင်လွဲမှားနေမှုများကို အသိပေးရန် အတွက် Unity For Peace Networks ၊Peace Cultivation Network၊ Pray For Myanmar အဖွဲ့တို့က အသိပညာပေးရှင်းလင်းပွဲများကို အသီးသီးပြုလုပ်ခဲ့ကြသည်။
ဆက်သွယ်ရန်လိပ်စာများ-

No comments:
Post a Comment