Monday, June 10, 2013

ဇူလိုင်လ ၁ ရက်မှစတင်ကာFEC များ သုံးစွဲခွင့်မပြုတော့

မြန်မာနိုင်ငံ ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက်အရ နိုင်ငံခြားငွေ လက်မှတ် FEC များကို ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာသုံးစွဲခွင့်

မပြုတော့ဘူးလို့သိရပါတယ်။အဲ့ဒါကြောင့် ၀န်ကြီးဌာန ဆိုင်ရာ လုပ်ငန်းများမှာFEC နဲ့ပေးဆောင်ခြင်းကို ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ ရပ်တန့်စေခဲ့တာဖြစ်ပြီး အဆိုပါပြည်တွင်းသုံး နိုင်ငံခြားငွေ လက်မှတ် FEC များကို ဧပြီလက စတင်ပြီး ရွေးနုတ် ရုပ်သိမ်း လျက်ရှိတာပဲ ဖြစ်ပါတယ်။

ဒီလိုFEC များ ပြန်လည် ရွေးနုတ် ရုပ်သိမ်းမှုကို ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့ အထိ ရက်ပေါင်း ၉၀ အတွင်း FEC နဲ့ကိုက်ညီတဲ့အမေရိကန်ဒေါ်လာ၊ မြန်မာကျပ်ငွေ တို့ကို လဲလှယ် ပေးလျက် ရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗဟိုဘဏ်က သတ်မှတ် ထားတဲ့ ကာလ ကျော်လွန်တဲ့ ငွေကြေး ပိုင်ရှင်များ ကတော့ အကြောင်းပြချက် ခိုင်လုံပါက အထူးကိစ္စရပ် အနေနဲ့ ဇူလိုင်လ ၁ ရက်နေ့မှ ၂၀၁၄ ခုနှစ် မတ်လ ၃၁ ရက်နေ့ အထိကာလတိုးမြှင့်ကာFEC အပ်နှံလဲလှယ်ခြင်းကို ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ အဲ့ဒီလိုသတ်မှတ်ကာလ ကျော်လွန်ပါကFEC အပ်နှံ လဲလှယ်ခြင်း တွေကို ဆောင်ရွက် မပေးတော့ဘူးလို့ သိရပါတယ်။

No comments:

Post a Comment