Monday, June 10, 2013

၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ အပါအ၀င် အာဆီယံ ၄နိုင်ငံသို့ ဗီဇာတစ်ခုတည်းဖြင့် ခရီး သွားလာနိုင်တော့မည်

ခရီးသွား လုပ်ငန်း မြှင့်တင်ရေးအတွက် အလွယ်တကူ သွားလာနိုင်မည့် Smart Visa ထုတ်ပေးနိုင်ရေး အတွက်
မြန်မာ ၊ ကမ္ဘောဒီးယား ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ မြန်မာနိုင်ငံ ၊ နေပြည်တော်တွင် ကျင်းပခဲ့သည့် World Economic Forum တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ သဘောတူညီချက်အရ မြန်မာ ၊ ကမ္ဘောဒီးယား ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် နိုင်ငံများသို့ ဗီဇာ တစ်ခုတည်းဖြင့် ခရီးသွားနိုင်မည် ဖြစ်သည်။ အစီအစဉ်ကို ၂၀၁၃ ခုနှစ် အတွင်း အကောင်အထည်ဖော်ရန်နှင့် အစပိုင်းတွင် အဆိုပါ သဘောတူစာချုပ် ချုပ်ဆိုထားသည့်  ၄ နိုင်ငံမှ နိုင်ငံသားများကို စတင် ခွင့်ပြုပြီး နောက်ပိုင်းတွင် အာဆီယံ နိုင်ငံသား အားလုံး အပါအ၀င် ကမ္ဘာလှည့် ခရီးသည်များကိုပါ ခွင့်ပြုသွားမည် ဖြစ်သည်။ ၂ဝ၁၅ ခုနှစ်တွင် အာဆီယံ ၁ဝ နိုင်ငံအတွင်း ပြည်ဝင်ခွင့် ဗီဇာတစ်ခုတည်းဖြင့် ခရီးသွားနိုင်မည့် အစီအစဉ်ကိုလည်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်။  

No comments:

Post a Comment