Thursday, May 2, 2013

NASA မှ အာကာသသို့ စမတ်ဖုန်းများ ထုတ်လွှင့်ခဲ့


NASA မှ လွန်ခဲ့သည့် တစ်ပတ်အတွင်း အာကာသထဲသို့ စမတ်ဖုန်းများ ထုတ်လွှင့် ခဲ့ကြောင်း သိရသည်။ သတင်း ထုတ်ပြန်ချက် များအရ NASA မှ ထုတ်လွှင့်ခဲ့သော စမတ်ဖုန်း များမှာ Google Nexus One စမတ်ဖုန်း ဟန်းဆက်များ ဖြစ်ပြီး Android ကိုသာ အသုံးပြုထားကြောင်း သိရသည်။ အဆိုပါ စမတ်ဖုန်းများကို Virginia မြို့တော်ရှိ NASA ၏ Wallops Island Flight မှ ထုတ်လွှင့်ခဲ့သော Antares ဂြိုလ်တု၌ ထည့်သွင်းခဲ့ကြောင်း သိရသည်။ ထို့နောက် အဆိုပါ စမတ်ဖုန်းများ အာကာသအတွင်း ခံနိုင်ရည်ရှိစေရန် ၄ လက်မ အရွယ်အစားရှိ သံကိုယ်ထည်၌ ထည့်သွင်းပေးထားပြီး external lithium ion ဘက်ထရီများနှင့် အချက်အလက် ပို့ဆောင်မှု ပိုမိုကောင်းမွန်စေရန်လည်း ရေဒီယို နည်းပညာများ ထည့်သွင်းထားကြောင်း သိရသည်။ NASA မှ ယခုကဲ့သို့ အာကာသထဲသို့ စမတ်ဖုန်းများ ထုတ်လွှင့်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ စမတ်ဖုန်းများကို ဈေးနှုန်းနည်းပါးသော ဂြိုလ်တုဆက်သွယ်ရေး ပစ္စည်းအဖြစ် ရပ်တည်နိုင်မှု ရှိ၊ မရှိ စမ်းသပ်ရန်ဖြစ်ကြောင်း ကြော်ငြာခဲ့သည်။ အဆိုပါ စမတ်ဖုန်းများမှာ ကမ္ဘာမြေပေါ်သို့ ယခုအပတ်အတွင်း ပြန်လည်ရောက်ရှိမည် ဖြစ်ပြီး အာကာသမှ message ပေးပို့ထားမှုများ၊ ဖုန်းမှတစ်ဆင့် ဓာတ်ပုံ ရိုက်ကူးထားမှုများ ကို ပြန်လည်တွေ့မြင်ရမည် ဖြစ်သည်။ NASA မှ အဆိုပါ စမတ်ဖုန်းများမှာ လက်ရှိအချိန်တွင် အာကာသထဲ၌ ကောင်းမွန်စွာ လည်ပတ်နိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။ NASA ၏ အင်ဂျင်နီယာများ၏ အဆိုအရ စမတ်ဖုန်းများကို အာကာသထဲသို့ ထုတ်လွှင့်ရန် ကုန်ကျစရိတ်မှာ ဒေါ်လာ ၃၅၀၀ မှ ၇၀၀၀ အထိ ရှိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment