Thursday, May 2, 2013

ရေဖြင့် ဖုန်းအားသွင်းစနစ် မကြာမီ လာမည်

Thursday,May02,2013

ဆွီဒင်နိုင်ငံက နည်းပညာ ကျောင်းတစ်ခုမှ စမ်းသပ်အောင်မြင်သွားတဲ့ နည်းပညာ ဖြစ်ပါတယ်။ ယင်းနည်းပညာအရ ရေရှိရုံနဲ့ ဖုန်းအားသွင်း နိုင် မှာ ဖြစ်ကြောင်း သိရပါတယ်။

ပုံမှာ ပြထားတဲ့ ပစ္စည်းလေးပါပဲ။ ဖုန်းကိုအပေါ်က အထပ်မှာ ထည့်၊ ရေ ကို အောက်က အထပ်မှာထည့်ပြီး ခဏကြာကြာ ထားရင် ဖုန်းကိုအလိုလို အားဖြည့်စေပါမယ်။ သို့ပေမယ့် USB ကြိုးပေါက်တော့ ထိုးထားဖို့လိုပါ အုံးမယ်။ Wireless Charging မဟုတ်သေး ပါဘူး။

သို့ပေမယ့် ပုံက ပြထားတဲ့အတိုင်းဆိုရင် အတော်လေး အဆင်ပြေ နေ ပါပြီ။ iPhone နဲ့ စမ်းသပ်ထားတာ အောင်မြင်တယ်လို့ ဆိုပါတယ်။ အထဲမှာ ထည့်ရမယ့်ရေကလည်း a spoonful တဲ့။ စားပွဲတင် ဆား ဇွန်းတော့ မဟုတ်လောက်ဘူး။ ရေအတော်လေး ပြည့်ပြည့် စာ လောက် ထည့်ပြီး အထဲမှာ ဓာတ်ပြုခိုင်းမှာပါ။ ရေထဲကနေ ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ ထုတ်မယ်။ အောက်ဆီဂျင်ထုတ်မယ်။ ဓာတ်ပြုဖြစ်စဉ် ဖြစ်စေပြီး ဓာတု စွမ်းအင်ကနေ လျှပ်စစ်စွမ်းအင်ကို ကူးပြေင်းပေးတာမျိုး ဖြစ်ပါတယ်။

ရိုးရိုးရေဖြစ်ဖြစ်၊ ဆားငံပင်လယ်ရေဖြစ်ဖြစ် အသုံးပြုလို့ရတယ်လို့ ဆို ပါတယ်။ တီထွင်သူတို့များ တော်ချက်က ရေနဲ့တောင် နည်းပညာ ပစ္စည်း အားဖြည့်လို့ရတဲ့အဆင့်ဆိုတော့ Green Energy ဆိုတာ မဝေးတော့ ပါဘူး။ များမကြာမီနှစ်များအတွင်း အသုံးပြုနိုင်ဖို့အတွက် ကြိုးပမ်းလျက် ရှိကြောင်း သိရပါတယ်။

No comments:

Post a Comment