ကမ္ဘောဒီးယားနှင့် မြန်မာ ဘာသာရေးခေါင်းဆောင်များ အတွေ့အကြုံ ဆွေးနွေးဖလှယ်နိုင်ရန်စီစဉ်
Monday, 27 May, 2013
ကမ္ဘောဒီးယားနိုင်ငံမှ အစ္စလာမ်ဘာသာနှင်
ဗုဒ္ဓဘာသာခေါင်းဆောင်များကို ဖိတ်ကြားကာ ၎င်းတို့နိုင်ငံတွင် မတူညီသည့် ဘာသာဝင်များ
မည်သို့ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ကြသည်ကို မြန်မာနိုင်ငံရှိဘာသာရေး
ခေါင်းဆောင် များနှင့် တွေ့ဆုံ ဆွေးနွေးနိုင်ရန် လူငယ်ကွန်ယက်တစ်ခု ဖြစ်သော Pray
For Myanmar မှစီစဉ်နေကြောင်း မော်ကွန်းမဂ္ဂဇင်း သို့ပြောသည်။
၎င်းတွေ့ဆုံပွဲကို ရန်ကုန်မြို့တွင်
အမြန်ဆုံးကျင်းပနိုင်ရန်စီစဉ်လျှက်ရှိပြီး အဓိကအားဖြင့်
ကမ္ဘောဒီးယားနိုင်ငံတွင် မတူညီ သည့်ဘာသာဝင်များအကြား ပဋိပက္ခများမဖြစ်ပွားအောင်ထိန်းသိမ်းပုံနှင့်
မည်ကဲ့သို့ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ကြသည်ကို ဆွေးနွေးကြမည်ဖြစ်သည်။
"ကမ္ဘောဒီးယားမှာ မွတ်ဆလင်တွေလည်း
အများစုရှိတယ်၊ဗုဒ္ဓဘာသာဝင်တွေလည်းရှိတယ်၊ ကျွန်တော်တို့နိုင်ငံ လိုမျိုးပဲ။
ဒါပေမဲ့ ဘာပြဿနာမရှိဘူး "ဟု Pray For Myanmar မှဦးဆောင်သူတစ်ဦးဖြစ်သူ
ကိုသက်ဆွေဝင်း မှပြောသည်။
မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)မှ
တာဝန်ရှိသူများနှင့်လည်းဆွေးနွေကာ နိုင်ငံတော်အဆင့် ဆွေးနွေးပွဲ တစ်ခု ဖြစ်လာ
စေရန် စီစဉ်လျှက်ရှိနေသည်ဟု ကိုသက်ဆွေဝင်းကပြောသည်။
Pray For Myanmar ကွန်ယက်သည်ဘာသာပေါင်းစုံမှလူငယ်များနှင့်ဖွဲ့စည်းထာပြီး
လူစည်ကား ရာနေရာများတွင် “လူမျိုးဘာသာမခွဲခြားမြန်မာနိုင်ငံသား” ၊
“ကျွန်ုပ်ကြောင့် ဘာသာရေးလူမျိုးရေး ပဋိပက္ခမဖြစ်စေရ” စသောဆောင်ပုဒ် များ
ရိုက်နှိပ်ထားသော စတေကာများနှင့် အင်္ကျီများ အခမဲ့ဖြန့်ဝေနေသော လူငယ်ကွန်ယက်ဖြစ် သည်။
No comments:
Post a Comment