24.5.2013
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ အလယ်သံကျော် တိုက်နယ်တွင် နစက မှ အတင်း အဓမ္မ ဘင်္ဂလီ ဇတ်သွင်းသည့် ကွန်ပျူတာ ဖြင့်လက်ဗွေ ယူခြင်းကို စတင်ခဲ့ရာ တစ်စုံတစ်ဦးမှ သွားရောက် ၍ လက်ဗွေ မပေးသော ကြောင့် နစက နယ်မြေမှူးက ခြိမ်းခြောက်ခြင်း၊ လယ်မြေ လုပ်ကိုင်ခွင့် များပိတ် ပင် နေကြောင်း သတင်း ရရှိပါသည်။
“ကျွန်တော်တို့ရဲ့ နယ်မြေ နစက နယ်မြေ (၇) လက်အောက်ခံပါ။ ဘင်္ဂလီဆိုပြီး လက်ဗွေ နှိပ်ရမယ် ဆိုတော့ ဘယ်သူမှ မသွားကြဘူး။ အဲဒါ နယ်မြေမှူးက ဒေါသ တကြီးနဲ့ ဒီနေ့ အစည်း အဝေး ခေါ်တယ်။” ဟု ဒေသ ခံ တစ်ဦးမှ RB News သို့ပြောသည်။
အစည်းအဝေး သို့ ရွာသား နှစ်ဦးသာ တက်ရောက် ခဲ့သည်ဟု သိရသည်။ အစည်းအဝေး တက်ရောက် ခဲ့သူ နှစ်ဦးကို လက်ဗွေ မနှိပ်သည့် မိသားစု များကို တစ်မိသားစုလျှင် ငွေကျပ် ၃ သိန်းစီ ပေးရမည် ဟု ပြောရန် နယ်မြေမှူးမှ မှာကြားကြောင်း သိရသည်။
“အစည်းအဝေးမှာ နယ်မြေမှူးက လက်ဗွေမနှိပ်တဲ့ မိသားစု တွေကို တစ်မိသားစုကို ၃ သိန်းစီ ပေးရမယ် လို့ ပြောဖို့ မှာလိုက်တယ်လို့ သိရတယ်။ အဲဒါ အပြင် နယ်မြေမှူးက လယ်သမား တွေကို လက်ယာ စိုက် ပျိုးခွင့် ပိတ်ပင် သွားမယ် လို့ ပြောတယ်။” ဟု ၎င်းက ဆက်လက် ပြောသည်။
ယခု ရက်ပိုင်း အတွင်း လက်ဗွေ ယူ၍ ဘင်္ဂလီ ဇတ်သွင်းရန် ကြိုးစား နေသည့် ရွာမှာ အလယ်သံကျော် တိုက်နယ်ရှိ မောင်တိုလာရွာ (ဘော်ဒူ ဖာရာ) ဖြစ်သည်။ ထိုသို့ နယ်မြေမှူးမှ ခြိမ်းခြောက် ခြင်းများကြောင့် ရွာသား အများစုမှာ အစုလိုက် အပြုံလိုက် ဖမ်းဆီး ခံရမည်ကို စိုးရိမ်လျက် ရှိကြောင်း သိရသည်။
“ရွာကလူတွေ ကတော့ ကြောက်နေ ကြတယ်။ ဒီလို မတရားမှု ကိစ္စတွေကို လိုက်နာဖို့ ပျက်ကွက်ရင် ထပ် ပြီး မ တရား ဖမ်းဆီးတာတွေ လုပ်တတ်လို့ပါ။ လူ့အခွင့် အရေး အဖွဲ့ကလည်း အားလုံး တတ်နိုင်တာက ဆုတောင်း ဖို့သာ ဆိုတော့ ကျွန်တော်တို့ တွေအတွက် ဆုတောင်း ပေးကြပါ” ဟု အဆိုပါ ဒေသခံမှ မတရားဖိနှိပ် ခံရမှု များမှ လွတ်မြောက် နိုင်ရန် အတွက် ဆုတောင်း ပေးကြရန် တောင်းဆိုသည်။

No comments:
Post a Comment