Wednesday, May 15, 2013
ယနေ့မြန်မာစံတော်ချိန်(၀၅း၃၀) နာရီအချိန်တိုင်းထွာချက် များအရဘင်္ဂလား ပင်လယ်အော်အနောက် အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်းမဟာစင် (MAHASEN) သည် မြန်မာနိုင်ငံ (မောင်တောမြို့) ၏အနောက်တောင်ဘက် မိုင်(၄၂၀)ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင်(၄၂၀)ခန့် ၊ကျောက်ဖြူမြို့၏ အနောက်တောင်ဘက်မိုင် (၄၃၀)ခန့်၊ အိန္ဒိယနိုင်ငံ(ကိုလ်ကတ္တားမြို့) ၏အနောက်တောင်ဘက်မိုင် (၄၁၀)ခန့်အကွာ ပင်လယ်ပြင်ကှိုဗဟိုပြုနေပါသည်။
အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် အရှေ့မြာက်ဘက်သို့ ဆက်လက်ရွေ့လျား မည်ဟုခန့်မှန်းရပါသည်။ မုန်တိုင်းဗဟိုချက်အနီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ မိုင်(၆၀)အထိရှိနိုင်ပါသည်။ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့ တွင်နေရာစိပ်စိပ်မှနေရာ အနှံ့အပြားမိုးထစ်ချုန်းရွာ ပြီးနေရာကွက်၍မိုးကြီးမည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေ သည်တစ်နာရီလျှင်မိုင်(၄၀) မှ(၄၅) မိုင်အထိ တိုက်ခတ်မည်ဖြစ်ပါသည်။ ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ လိမ္မော်ရောင်အဆင့်သို့ရောက် ရှိပြီးမြန်မာနိုင်ငံ ( ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း) နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေ ဒသများ ဆီသို့ဦးတည် ရွေ့လျားနေ သည့်အခြေအနေဖြစ် ပါသည်။နောက်ဆုံးတိုင်းထွာ ရရှိသောခန်မှန်းချက်အရ မေလ(၁၆) ရက်နေ့ညပိုင်းခန့် တွင်မြန်မာနိုင်ငံ (ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း) ကမ်းခြေနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများဆီသို့ဖြတ်ကျော် ၀င်ရောက်နိုင်ကြောင်းခန့်မှန်းရပါသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘော များအနေဖြင့်မုန်တိုင်းအန္တရာယ်ရှောင်ရှားရန်လိုအပ်ကြောင်းအကြံပြုအပ်ပါသည်။
မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာန
No comments:
Post a Comment