Wednesday, April 24, 2013

“KOICA မှ ရခိုင်ရွှေ့ပြောင်း ဒုက္ခသည်များအတွက် တဲအိမ် ခြောက်ရာကျော် လှူ”


ရန်ကုန်၊ ဧပြီ ၂၄

ရခိုင်ပြည်နယ် ရွှေ့ပြောင်းဒုက္ခသည်များ အတွက် ကန်ဒေါ်လာ နှစ်သိန်းခြောက်သောင်း ၀န်းကျင်ရှိ တဲအိမ်ပေါင်း ၆၄၀ ခုအား ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA)မှ ဒုတိယအကြိမ်အဖြစ် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းမှုကို ကုလသမဂ္ဂဆိုင်ရာ မဟာမင်းကြီးများရုံး (UNHCR)မှ တဆင့် လှူဒါန်းမည် ဖြစ်ပြီး ယင်းလှူဒါန်းပွဲကို ဧပြီ ၂၆ ရက် နံနက် ၁၀ နာရီတွင် UNHCR Yangon Warehouse အမှတ် (၁၈/၁၉)၊ စိန်ပန်းမြိုင်လမ်း၊ ပုလဲ (၁) ရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်၌ ပြုလုပ်မည် ဖြစ်သည်။

ယင်းလှူဒါန်းပွဲသို့ တက်ရောက်လိုသူများ အနေဖြင့် မကေသီခိုင် (Program Officer) KOICA ဖုန်း-01 527142-3၊ 01 539572 သို့ ဆက်သွယ် အကြောင်းပေးနိုင်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ရွှေ့ပြောင်းဒုက္ခသည်များ အတွက် KOICA မှ ၂၀၁၂ ခုနှစ် သြဂုတ်လတွင် ကန်ဒေါ်လာ နှစ်သိန်းငါးသောင်းခန့် တန်ဖိုးရှိသော ယာယီတဲအိမ်ပေါင်း (၇၀၀) ခုနှင့် တာပေါ်လင် အမိုးအကာ (၇၀၀)ခုအား UNHCR မှတဆင့် လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment