Wednesday, April 24, 2013

ရွှေဈေးကျ၍ ဝယ်လိုအား မြင့်တက်လာမှု ပြည်ပရွှေ တင်သွင်းခြင်းဖြင့် ဖြေရှင်းနေရ


ရန်ကုန်၊ ဧပြီ ၂၃

ကမ္ဘာ့ရွှေဈေးနှင့်အပြိုင် မြန်မာ့ရွှေဈေး သိသာစွာ ကျဆင်းခြင်းကြောင့် ဝယ်လိုအားမြင့် တက်မှု ကို ပြည်ပရွှေဖြင့် ဖြေရှင်းပေးနေ ရကြောင်း ရွှေ  လုပ်ငန်းရှင်အချို့ထံမှသိရသည်။

ယခုလအတွင်း ကမ္ဘာ့ရွှေဈေး ၇ အောင်စ လျှင် ကန်ဒေါ်လာ ၂ဝဝ ခန့် ကျဆင်းမှုကြောင့် မြန်မာ့
 ရွှေဈေး မှာလည်း ယခင်ပေါက်ဈေးမှ ကျပ် ခုနှစ်ေ သာင်းခန့်ကျဆင်းခဲ့ပြီး ပြည်တွင်းရွှေ အ ရောင်းအဝယ်ဈေးကွက်အတွင်း ဝယ်လိုအား သိသာစွာမြင့်တက်လာခဲ့ရာ ဈေးကွက်အတွင်းရှိပြည် တွင်းေ ရွှဖြင့်လုံလောက်မှုမရှိ၍ ပြည်ပရွှေဖြင့်ဝယ် လိုအားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေရသည် ဟု ရွှေလုပ်ငန်းရှင်အချို့ကဆိုသည်။ ”မြန်မာ့ရွှေ ဈေး ဒီလောက်အကျကြမ်းတာ ဆယ်စုနှစ်အတွင်းဒီတစ်ခါပဲကြုံဖူးသေးတယ်” ဟု အောင်သမာဓိ ရွှေဆိုင်ရှင် ဦးအောင်က ပြောသည်။

မတ်လအတွင်းက ဒေါ်လာဈေး သိသာစွာ မြင့်တက်မှုကြောင့် မြန်မာ့ရွှေဈေး အနည်းငယ် မြင့်တက်လာပြီး နောက်ပိုင်း မြန်မာ့အခေါက်ရွှေ ဈေး သည် ကျပ်ခုနှစ်သိန်းသုံးသောင်းနှင့် လေး သောင်းကြားတွင် ငြိမ်နေရာမှ သင်္ကြန်အပြီး၌ ကမ္ဘာ့ရွှေဈေးနှင့်အပြိုင် မြန်မာ့ရွှေဈေး သိသာစွာ ကျ ဆင်းခဲ့ခြင်း ဖြစ်သည်။ မြန်မာ့ရွှေလုပ်ကွက်များ၏ ထုတ်လုပ်မှု အ သုံးစရိတ်ကျဆင်းမှုမရှိခြင်းကြောင့် ပြည်တွင်းရွှေ ထုတ်လုပ်သူများအနေဖြင့် ကမ္ဘာ့ရွှေဈေး အကျ တွင် ရွှေ ထုတ်ရောင်းချနိုင်ခြင်းမရှိဘဲ ပြည်ပရွှေ များပြည်တွင်းဈေးကွက် အတွင်း ရောင်းဝယ်ခြင်း ဖြင့်သာ ဈေးကွက်လည် ပတ်နေရသည်ဟု ရွှေ လှော်ဖိုလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

”ဒီလိုလိုင်းတွေရှိလို့သာ ကမ္ဘာ့ရွှေဈေးနဲ့ အပြိုင် မြန်မာ့ရွှေဈေးကျနိုင်တာပါ။ နို့မို့သာဆို ကမ္ဘာ့ရွှေဈေးကျလည်း ကျကျပဲရှိမှာပဲလေ ပြည် တွင်းလုပ် ငန်းရှင်တွေရဲ့ လုပ်ငန်းအသုံးစရိတ်မှ ကျမသွားတာ”ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။ ပြည်တွင်းသို့ မူဆယ်နှင့် မော်လမြိုင်ဘက် များမှ ပြည်ပရွှေ များ အောက်လမ်းဖြင့် ပုံမှန်ဝင် ရောက်ပြီး အဆိုပါနေရာများကို ရွှေအဝင်အထွက် လမ်းကြောင်းအဖြစ် အသုံးပြုကာလုပ်ငန်းလုပ် ကိုင်နေသော လိုင်းများရှိကြောင်း ရွှေလုပ်ငန်း ရှင်များ ထံမှသိရသည်။

’ကမ္ဘာ့ရွှေဈေး ကျတဲ့အကြောင်းတော့ ကျွန် တော်လည်း သေချာမပြောနိုင်ဘူး မြန်မာ့ရွှေ အ တက်အကျကတော့ ကမ္ဘာ့ရွှေနဲ့ နွယ်နေတာပါပဲ’ ဟု ၄င်းက ဆိုသည်။သင်္ကြန်မတိုင်မီ ကာလအတွင်း မြန်မာ့အ ခေါက်ရွှေတစ်ကျပ်သားဈေးနှုန်းသည် ခုနစ်သိန်း လေးသောင်းအတွင်း ဈေးရှိကာ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ကန်ဒေါ်လာ ၁၆ဝဝ ဈေး ဖြစ်ပေါ်ခဲ့သည်။ သင်္ကြန်အပြီး၌မြန်မာ့ရွှေဈေးသည် ခြောက် သိန်းခုနစ်သောင်းအ ထက် ဈေးရှိကာ ကမ္ဘာ့ရွှေ ဈေးမှာ ကန်ဒေါ်လာ ၁၃၇၅ ဈေးရှိခဲ့သည်။ယင်းကဲ့သို့ ရွှေဈေးကျသော ကာလများ အတွင်း ရွှေဆိုင်ကြီးများ၏ရောင်း အားနှုန်းမှာ ပိဿာနှင့် ဝယ်ယူသူများရှိကြောင်း အဆိုပါ ရွှေ ဆိုင်ကြီးများထံမှ သိရသည်။ မြန်မာ့ အခေါက်ရွှေပေါက်ဈေးမှာ ယခုလ ၂၃ ရက်နေ့ တွင် ကျပ်၇၁၅၅ဝဝ ဈေးရှိကာ ၁၅ ပဲရည်တစ်ကျပ်သား လျှင် ၆၈ဝဝဝဝ ရှိပြီး ကမ္ဘာ့ ရွှေဈေးမှာ တစ်အောင်စလျှင် ကန်ဒေါ်လာ ၁၄၂၄ ရှိကြော င်း ဈေးကွက်မှသိရသည်။


No comments:

Post a Comment