Wednesday, April 24, 2013

““ မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအပေါ် နားလည်ခြင်း”” ခေါင်းစဉ်ဖြင့် သုတေသနပြုမှုဆိုင်ရာ ထောက်ပံ့ကြေးပေးအပ်သွားမည်

ရန်ကုန် ။ ဧပြီ ၂၄

လတ်တလောကာလအတွင်းမြန်မာနိုင်ငံ၌ ဖြစ်ပေါ်တိုးတက်လာသော ဖွံ့ဖြိုးမှုများအပေါ် ““ မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအပေါ် နားလည်ခြင်း”” ( Understanding Myanmar's Development ) ခေါင်းစဉ်ဖြင့်သုတေ သနပြုမှုဆိုင်ရာ ထောက်ပံ့ကြေးပေးအပ်မည့်အစီအစဉ်တစ်ခုကို နိုင်ငံ တကာဖွံ့ဖြိုးမှုသုတေသနဗဟို၊ ချင်းမိုင်တက္ကသိုလ်လူမှုသိပ္ပံဌာန တို့ပူးပေါင်း၍ စီစဉ်ဆောင်ရွက် သွားရန်ရှိကြောင်းသိရသည်။

အဆိုပါအစီအစဉ်အား မြန်မာနိုင်ငံတွင်းဖွံ့ဖြိုးမှုလုပ်ငန်းစဉ်အသိပညာများတိုးမြင့်ရန်၊မြန်မာနိုင်ငံတွင်း သုတေသန လုပ်ကိုင်သူများ၏ စွမ်းရည်မြင့်တက်လာရန်၊ မြန်မာနိုင်ငံတွင်းသုတေသနလုပ်ကိုင်သူ များကြားညှိနှိုင်းဆွေးနွေးမှုနှင့်လုပ်ငန်းကျွမ်းကျင်သူများအစားထိုးမှုမြှင့်တင်ရန်၊ ဖွံ့ဖြိုးမှုလုပ်ငန်းဆိုင်ရာ မူဝါဒနှင့်လက်တွေ့အပေါ် လုပ်ကိုင်ကြသူများကြား စိတ်ဝင်စားမှုပိုမိုလာရန် ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ အစီအစဉ်ကို တက္ကသိုလ် ၊တက္ကသိုလ်ပြင်ပမှ လွတ်လပ်သော သုတေသနပြုသူများအပါအ၀င် မီဒီယာ ၊ အစိုးရမဟုတ်သောအဖွဲ့ အစည်းများ၊ လူမှုအဖွဲ့အစည်းများမှ သုတေသနလုပ်ငန်းဆိုင်ရာစိတ် ပါဝင်စားသူများလျောက်ထားနိုင်ကြောင်းသိရသည်။

လျောက်ထားလိုသူသည် မြန်မာနိုင်ငံတွင်းနေထိုင်သူ သို့မဟုတ် အိမ်နီးချင်းနိုင်ငံများတွင် နေထိုင်သူမြန်မာနိုင်ငံသား၊ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ၊ အင်္ဂလိပ်စာ ရေးဖတ်ပြောကျွမ်းကျင်သူ၊ ဖွံ့ဖြိုးမှုလုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အတွေ့အကြုံရှိရမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ကိုယ်ရေးရာဇ၀င်အကျဉ်း၊ ဘွဲ့လက်မှတ်နှင့်အခြားသောအသိ အမှတ်ပြုမှုလက်မှတ်မိတ္တူ ၊ သင်တန်းတက်ရောက်လိုခြင်းအပေါ် စာလုံးရေ ၅၀၀ မှ ၈၀၀ ကြားပါ ကိုယ်တိုင်ရေးစာမူ၊ သုတေသနဆိုင်ရာ ပြဿနာ၊ မေးခွန်း၊ တောင်းဆိုချက်၊ နည်းစနစ်၊ အစီအစဉ်အပေါ် စာလုံးရေ ၂၅၀၀ အတွင်း ဖော်ပြထားသော မိမိအမြင်၊ ထောက်ခံကြောင်းမိမိသက်ဆိုင်ရာဌာနမှ ပုဂ္ဂိုလ်နှစ်ဦး၏ထောက် ခံစာများဖြင့် rcsd@cmu.ac.th သို့ ဇွန်လ ၁၅ ရက်နောက်ဆုံး ထားလျောက်ထားနိုင်ကြောင်းသိရသည်။

ရွေးချယ်ခံရသူများကို သြဂုတ်လတွင် ထုတ်ပြန်ပေးသွားမည်ဖြစ် ပြီး ရွေးချယ်ခံရသူသည် ရန်ကုန်နှင့်ချင်းမိုင်တို့တွင် ၁၂ လကြာသင်တန်း တက်ရောက်ရမည်ဖြစ်ပြီး တစ်လလျင် အမေရိကန်ဒေါ်လာ ၃၀၀ ရရှိမည်ဖြစ်ကြောင်း၊ သုတေသနလုပ်ငန်းဆိုင်ရာလုပ်ကိုင်နိုင်မှု အပေါ်ဆုရရှိပါက အမေရိကန်ဒေါ်လာ ၁၆၀၀ မှ ၃၂၀၀ထိ လည်းကောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း ၊ လူမှုနှင့် စီးပွားရေးဆိုင်ရာဖွံ့ဖြိုးမှု၊ လယ်ယာမြေလွဲပြောင်းရယူခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့်ရာသီဥတုဆိုင်ရာပြောင်းလဲခြင်း၊ ကျန်းမာရေးစောင့်ရှောက် မှု နည်းစနစ်၊ မီဒီယာနှင့်လူမှုဘ၀ပြောင်းလဲဖွံ့ဖြိုးမှု များအပေါ် လေ့လာသင်ကြား လုပ်ကိုင်သွားရမည်ဖြစ်ကြောင်းသိရသည်။
အသေးစိပ်အချက်အလက်များနှင့် လျောက်လွှာများကို http://mrf-fellowships.weebly.com/ တွင် ၀င်ရောက်ကြည့်ရှုရယူနိုင်ကြောင်း သိရသည်။


No comments:

Post a Comment