မြဝတီ Written by စကားဝါ Tuesday, 02 April 2013 14:37
ကိုရီးယား ကျွန်းဆွယ်တွင် မကြာသေးမီ တင်းမာမှုများ မြင့်တက်လျက် ရှိသဖြင့် ထိုင်းသံရုံး အနေဖြင့် ထိုင်းလူမျိုးများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်း နိုင်ရေးအစီအစဉ် တစ်ရပ်အား ပြင်ဆင်ထားရှိ ခဲ့ကြောင်း ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ထိုင်းသတင်းဌာနက ဖော်ပြခဲ့ပါသည်။
အဆိုပါ အရေးပေါ် အစီအစဉ်တွင် ဘူဆန်ကဲ့သို့ နေရာ များတွင် ဆောက်လုပ်ရေးအလုပ်သမား အများစုဖြစ်သော ထိုင်းလူမျိုးများ အတွက် ယာယီတဲများ ဆောက်လုပ်ခြင်းနှင့် စစ်ဖြစ်ပါက ဂျပန်နိုင်ငံသို့ ကူးပြောင်းနိုင်ရန် လေယာဉ်၊ သင်္ဘောများ စီစဉ်ခြင်းများ ပါဝင်ကြောင်း ထိုင်းအလုပ်သမား ဝန်ကြီး Phadermchai Sasomsub က ပြောကြား ခဲ့ပါသည်။
ထိုင်းသံရုံးကို တောင်ကိုရီးယား မြောက်ပိုင်းရှိ ထိုင်းအလုပ်သမားများ အရေအတွက် သတင်းအချက် အလက်များအား စုဆောင်းရန် ညွှန်ကြားထားကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။
ထိုင်းဝန်ကြီးချုပ် ရင်လပ် ရှင်နာဝပ်က နိုင်ငံခြားရေး ဝန်ကြီးဌာနအား ကိုရီးယားကျွန်းဆွယ် ပဋိပက္ခနှင့် ပတ်သက်၍ အနီးကပ်စောင့်ကြည့်ရန် ညွှန်ကြားထားပြီး တောင်ကိုရီးယား နိုင်ငံအတွင်းရှိ ထိုင်းလူမျိုးများအား စောင့်ရှောက်ရန်မှာ ကြားထားကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံအနေဖြင့် အင်အားသုံးခြင်းနှင့် အကြမ်းဖက်မှုများအစား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ခြင်းကို သာ လိုလားကြောင်း သူမက ပြောကြားခဲ့ပါသည်။
တောင်ကိုရီးယား နိုင်ငံအတွင်း ထိုင်းလူမျိုး ၄၄,ဝဝဝ နီးပါးနှင့် မြောက်ကိုရီးယားနိုင်ငံအတွင်း ထိုင်းဝန်ထမ်း ၁ဝဦး ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ၏ အဆိုအရ သိရှိရပါသည်။
ကိုရီးယား ကျွန်းဆွယ်တွင် မကြာသေးမီ တင်းမာမှုများ မြင့်တက်လျက် ရှိသဖြင့် ထိုင်းသံရုံး အနေဖြင့် ထိုင်းလူမျိုးများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်း နိုင်ရေးအစီအစဉ် တစ်ရပ်အား ပြင်ဆင်ထားရှိ ခဲ့ကြောင်း ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ထိုင်းသတင်းဌာနက ဖော်ပြခဲ့ပါသည်။
အဆိုပါ အရေးပေါ် အစီအစဉ်တွင် ဘူဆန်ကဲ့သို့ နေရာ များတွင် ဆောက်လုပ်ရေးအလုပ်သမား အများစုဖြစ်သော ထိုင်းလူမျိုးများ အတွက် ယာယီတဲများ ဆောက်လုပ်ခြင်းနှင့် စစ်ဖြစ်ပါက ဂျပန်နိုင်ငံသို့ ကူးပြောင်းနိုင်ရန် လေယာဉ်၊ သင်္ဘောများ စီစဉ်ခြင်းများ ပါဝင်ကြောင်း ထိုင်းအလုပ်သမား ဝန်ကြီး Phadermchai Sasomsub က ပြောကြား ခဲ့ပါသည်။
ထိုင်းသံရုံးကို တောင်ကိုရီးယား မြောက်ပိုင်းရှိ ထိုင်းအလုပ်သမားများ အရေအတွက် သတင်းအချက် အလက်များအား စုဆောင်းရန် ညွှန်ကြားထားကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။
ထိုင်းဝန်ကြီးချုပ် ရင်လပ် ရှင်နာဝပ်က နိုင်ငံခြားရေး ဝန်ကြီးဌာနအား ကိုရီးယားကျွန်းဆွယ် ပဋိပက္ခနှင့် ပတ်သက်၍ အနီးကပ်စောင့်ကြည့်ရန် ညွှန်ကြားထားပြီး တောင်ကိုရီးယား နိုင်ငံအတွင်းရှိ ထိုင်းလူမျိုးများအား စောင့်ရှောက်ရန်မှာ ကြားထားကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံအနေဖြင့် အင်အားသုံးခြင်းနှင့် အကြမ်းဖက်မှုများအစား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ခြင်းကို သာ လိုလားကြောင်း သူမက ပြောကြားခဲ့ပါသည်။
တောင်ကိုရီးယား နိုင်ငံအတွင်း ထိုင်းလူမျိုး ၄၄,ဝဝဝ နီးပါးနှင့် မြောက်ကိုရီးယားနိုင်ငံအတွင်း ထိုင်းဝန်ထမ်း ၁ဝဦး ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန
No comments:
Post a Comment