1.4.2013
ရန်ကုန် ။ ။ ရခိုင် ပဋိပက္ခ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အပြီးသတ်
အစီရင်ခံစာကို ယမန်နေ့ က နိုင် ငံတော် သမ္မတရုံးသို့ တင်သွင်းရန် ရက်သတ်မှတ်
ခဲ့သော်လည်း ယခုအခါ ဧပြီလ ၂၃ ရက်နေ့ တွင် သာ တင်သွင်း မည်ဖြစ်ကြောင်း
စုံစမ်း စစ်ဆေးရေး ကော်မရှင်မှ သတင်းတစ်ရပ် ထုတ်ပြန် လိုက် ပါသည်။
ယင်းအစီရင် ခံစာနှင့် ပတ်သက်၍ ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်
မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်အား ဗွီအိုအေ
မြန်မာပိုင်း အစီအစဉ်မှ မေးမြန်းထားသည် ကို လည်း အောက်ပါ အသံဖိုင်တွင်
နားဆင် နိုင်ပါသည်။
ရိုဟင်ဂျာ လူမျိုးများသည် တရားမ၀င် ကျူးကျော် လာသူများ မဟုတ်သည့် အပြင်
ကိုလိုနီခေတ် တွင် လာရောက် အခြေချ သူများ မဟုတ်ကြောင်း ဦးရွှေမောင်မှ
ပြောပါသည်။
“ရိုဟင်ဂျာ လူမျိုးတွေဟာ တရားမ၀င် ကျူးကျော်လာသူ တွေမဟုတ်ဘူး။
ကိုလိုနီခေတ်မှာ လာရောက် အခြေချ သူတွေလည်း မဟုတ်ဘူး။ ၁၈၂၃ မတိုင်ခင် ကတည်းက
နေထိုင်နေတဲ့ လူမျိုးဖြစ်တယ်။ ရခိုင်ပြဿနာ ၂ ကြိမ်စလုံးမှာ ရခိုင်လူမျိုး
အချို့ရဲ့ အဓိက စွပ်စွဲချက်ကတော့ အဲဒါနဲ့ ပတ်သက်၍ ဖြစ် ပါ တယ်။
အဲဒါကြောင့် စုံစမ်းရေး ကော်မရှင် အနေနဲ့ နိုင်ငံတော်သမ္မတရဲ့ ညွန်ကြားချက်
အတိုင်း အဲဒီ လူမျိုးရဲ့ နောက်ခံ သမိုင်းကိုလည်း စုံစမ်း စစ်ဆေးရမှာ
ဖြစ်ပါတယ်။ တရားမ၀င် ၀င်ရောက် နေထိုင် သူတွေ ရှိ/မရှိကိုလည်း ကော်မရှင်
အနေနဲ့ စုံစမ်းစစ်ဆေးပြီး ဖော်ပြပေးရပါမယ်။ အစီရင်ခံစာက ပွင့်လင်းမြင်
သာတဲ့ အစီရင်ခံစာ ဖြစ်ရပါမယ်”
စစ်တွေမြို့နှင့် အခြားမြို့နယ် များရှိ ဒုက္ခသည် များမှာ မိုးရာသီ
နီးကပ်လာ၍ နေထိုင်ရေး အခက် အခဲများ ကြုံတွေ့ နေရသည်နှင့် စပ်လျဉ်း၍
“မိုးရာသီ နီးကပ်လာပါပြီ။ ကော်မရှင်ရဲ့ အစီရင်ခံစာ လည်းထွက်လာဖို့
ကြန့်ကြာနေတယ်။ အခု နိုင်ငံတော် အစိုးရ ကလည်း နေအိမ်တွေ ဆောက်လုပ်ပေးဖို့
အချိန် ကြန့်ကြာနေတယ်။ နေအိမ်တွေကို မိုးရာသီ မတိုင် မှီ ဆောက်လုပ်နိုင်
ရန်အတွက် နိုင်ငံတော်အစိုးရအနေနဲ့ အရေးတကြီး စီမံပေးဖို့ လိုအပ် ပါ တယ်။
ဆောက် လုပ် ခွင့် မပေးဘူးဆိုရင်တော့ နောက်ထပ် လူသားချင်းစာနာမှုဆိုင်ရာ
ကပ်ဆိုက်မှု တစ်ခု ဖြစ်ပေါ် လာနိုင်ပါတယ်။ ဒါကလည်း တကယ့်ကို အရေးကြီးတဲ့
ကိစ္စတစ်ခုပါ။” ဟု ဦးရွှေမောင် မှ ပြော ပါသည်။
No comments:
Post a Comment