၁။ ကျောင်းသားများ၏ အင်္ကျီများတွင် တာပင်တိုင် သို့မဟုတ် ရေနံဆီဟု ယူဆရသောဆီများ စိုရွှဲနေခြင်း
၂။ မီးလောင်သည်ကို သိသည်နှင့် ထပြေးသော ကျောင်းသားများ ဆီချော်၍လဲခြင်း ။ မီးငြိမ်းသတ်ရန် ရေပုံးယူသော ဆရာ ဆီနင်းမိ၍ချော်လဲခြင်း ။ မီးသတ်ရန်သွားသူများရော အလောင်းဆွဲထုတ်သူများ၏ လက်များနှင့် အဝတ်အစားများတွင် ဆီများပေကျံခြင်း။ မီးလောင်မှုပြီးဆုံးပြီး လက်များကို စင်အောင်ဆေးပြီးသည့်နောက်တွင်လည
၃။ မီးသတ်ကားများ အစီး ၂ဝ ခန့်လာသော်လည်း မီးသတ်ဥသြမဆွဲခြင်း (ခိုးကြောင်ခိုးဝှက် လာငြိမ်းခြင်း) (မင်္ဂလာဈေးမီးလောင်စဉ်က တစ်ညလုံး မီးလောင်နေရာ ဥသြသံများ အဆက် မပြတ်ကြားနေခဲ့ရသည်။) မီးသတ်ကားတွေ့သူများက လိုက်သွား၍သိရခြင်း။
၎။ ကျောင်း၏လျှပ်စစ်ဝိုင်ယာကြိုးမျ
၅။ RFA သတင်းထောက်က သတင်းရယူရာတွင် မီးလောင်မှုနှင့် မီးငြိမ်းသတ်မှုဖြစ်စဉ်များ ကို မေးမြန်းနေစဉ် မီးငြိမ်းသတ်သော ဆရာက မိမိ၏အဝတ်အစားများတွင် ဆီများပေနေကြောင်းနှင့် ဆီများမှာ အနံ့ပင်မပျောက်သေးကြောင်း ပြောသဖြင့် သတင်းထောက်ကိုယ်တိုင် လက်ကို နမ်းကြည့် လိုက်သော်လည်း ထိုအချိန်တွင် ဗီဒီယိုရိုက်ကူးမှုကို ရပ်တန့်လိုက်ခြင်း။ Eleven Media ကသတင်း ထုတ်ပြန်ရာတွင် ထို ဆီကိစ္စ လုံးဝမပါရှိခြင်း။
၆။ အထပ်ခိုးထဲတွင် ကျောင်းသားများရှိနေသေးသည်ဟု ပြောသော်လည်း မီးသတ်သမား များက သေသူမရှိဟုတွင်တွင်ငြင်းခြင်း။ ရပ်ကွက်သားက မီးလောင်သေဆုံးနေသော ကျောင်းသားများကို ကိုယ်တိုင် အထပ်ခိုးပေါ်သို့ တက်ရောက်သွားသောအခါမှ မီးလောင်သေဆုံး ထားသော ကျောင်းသား
များကိုထပ်မံဆွဲထုတ်နိုင်ခြင်း။
၇။ ကျောင်းရှေ့တွင် ဂျစ်ကားတစ်စီးရပ်ထားရာ လာ၍မောင်းယူမည့်သူ မရှိသဖြင့် လူအင် အားဖြင့်ရွှေ့လိုက်ရခြင်း။
၈။ အခင်းမဖြစ်ပွားမီ ပေါက်ကွဲသံကြားရခြင်း။
၉။ ဝါယာရှော့ကြောင့်လောင်တာ ဟူသောသတင်းသည် တစ်မုဟုတ်ချင်းပျံ့နှံ့သွားခြင်
၁ဝ ။ ဝါယာရှော့ကြောင့်လောင်လျှင် အဘယ့်ကြောင့် ရေနံဆီ များရောက်လာသနည်။ ရေနံဆီ သုံးမီးစက်ရှိပါသလော။ ဝါယာညှော်နံ့ကို ဘေးရှိအိမ်များက မရလေသလော။
အထက်ပါအကြောင်းများကြောင့် သာမန်မီးလောင်မှုမဟုတ်ပဲ ရှို့မီးဖြစ်ကြောင်း သုံးသပ်ရပေသည်။
ရန်ကုန်မြို့၊ ၄၈ လမ်း၊ ဆွာဒီကီယဟ် ဟာဖွိဇ်ကျောင်း မီးလောင်မှုသည် ရိုးရိုး မီးလောင်မှု မဟုတ်ကြောင်း၊ တမင်တကာ ကြံရွယ်ရှို့ သည့် မီးသာဖြစ်ကြောင်း၊ ကျောင်းအောက် ထပ်ရှိ မီးအားမြှင့်စက်မှာ မီးလောင်ပြီး အတန်ကြာ မှ Alarm မြည်ခြင်းဖြစ်ကြောင်း၊ ၎င်းကျောင်း၏ ဆရာတစ်ဦးဖြစ်သူ မှ သတင်းပေးပို့ပါသည်။ ၎င်းဆရာသည် မီးလောင်သည် ဟု သိသည်နှင့် မီးငြိမ်းသတ်ရန် အတွက် ပြေးလွှား ကြိုးစားရာ ကြမ်းပြင်တွင် အိုင်ထွန်းနေသော "ရေနံဆီ" ကဲ့သို့ဆီများအား နင်းမိ၍ ချော်လဲခဲ့ရာ ၎င်း ၏ အဝတ်အစားများ၌ ယခုတိုင် ထိုဆီများဖြင့် ရွှဲနစ်နေကြောင်း သတင်းရရှိပါသည်။
Eleven ကိုလုံးဝမယုံပါဘူး။ Eleven က အဲ့ဒီကိုကြိုရောက်နေတယ်လို့မျက်
တယ်။ လျှပ်တပြက်ရှိပါတယ်။ ဇေယျာမြတ်ခိုင်ရှိပါတယ်။ Sky net ရှိပါတယ်။ ဒါပေမဲ့ ဗီဒီယိုကင်မရာ မပါပါဘူး။ ရီကော်ဒါနဲ့ပဲသတင်းယူသွားပါတယ်။
ဝါယာရှော့ခ်ဖြစ်တဲ့နေရာတွေကြုံဖ
Source: မြန်မာမုစ်လင်မ်ရေးရာ
No comments:
Post a Comment